spot_img
Sunday, February 15, 2026
More
    spot_img
    Homeသတင်းကြိုတင်မဲစောင့်ကြည့်ခွင့်မရသည့်အတွက် စိုးရိမ်နေ

    ကြိုတင်မဲစောင့်ကြည့်ခွင့်မရသည့်အတွက် စိုးရိမ်နေ

    -

    ဂျူရီချိုင်း – ရပ်ကွက်၊ ကျေးရွာကော်မရှင်တို့က လာမည့်ကြားဖြတ်ရွေးကောက်ပွဲကြိုတင်မဲထည့်ရာတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ၎င်းတို့၏ မဲရုံအကူကိုယ်စားလှယ်များ စောင့်ကြည့်ခွင့်မရှိ သည့်အတွက် လွဲမှားမှုများဖြစ်ပေါ်လာမည်ကို မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီက စိုးရိမ်နေသည်။

    မွန်ပြည်နယ်၊ မော်လမြိုင် မဲဆန္ဒနယ်ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ကိုယ်စားလှယ်လောင်း ဒေါ်မြင့်မြင့်ဝေက “ကြိုတင်မဲ မမှန်မကန်ဖြစ်မှာကို သိပ်ကိုစိုးရိမ်နေရတယ်” ဟု ပြောသည်။

    လူတစ်ဦးစီအားတစ်ကြိမ်ထက်မကမဲထည့်နိုင်ရန် စီစဉ်ခဲ့ပုံ( Photo- Internet)
    ပြီးခဲ့သည့်၂၀၁၀ ရွေးကောက်ပွဲတွင် ကြိုတင်မဲကောက်ခံရာ၌ သေဆုံးသူများနှင့် မဲပေးခွင့်မရှိသူများကိုလည်း စာရင်းထည့်သွင်းထားခြင်း၊ လူတစ်ဦးအားမဲအကြိမ်ကြိမ်ထည့်နိုင်ရန် အခြားရပ်ကွက်များတွင် မဲစာရင်းထပ်မံထည့်သွင်းထားခြင်းများ ရှိခဲ့သည်ဟုလည်း ဒေါ်မြင့်မြင့်ဝေက ထောက်ပြသည်။

    ကြားဖြတ်ရွေးကောက်ပွဲအတွက် ကြိုတင်မဲများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယခုလ ၃၀ နှင့် ၃၁ ရက်နေ့တို့တွင်ပေးနိုင်မည် ဖြစ်သည်။

    ထိုသို့ ကြိုတင်မဲပေးရာတွင် သက်ဆိုင်ရာကိုယ်စားလှယ်လောင်းများအား စောင့်ဆိုင်းကြည့်ရှုခွင့်မပြုပဲ ရွေးကောက်ပွဲကျင်းပမည့်နေ့ရက်၌ ကော်မရှင်ကချပြပေးသည့် မဲစာရင်းကိုသာ သိရှိနိုင်မည်ဟု ဒေါ်မြင့်မြင့်ဝေက ပြောသည်။

    မိမိမဲဆန္ဒနယ်မှတစ်ခြားဒေသသို့ တာဝန်ဖြင့်သွားရောက်နေရသည့် စစ်သား၊ ရဲ၊ ဝန်ထမ်းများ၊ ကျန်းမာရေးကြောင့် အိပ်ယာလဲနေသူများ၊ မီးဖွားနေသူများနှင့် မဲရုံကို မလာရောက်နိုင်သည့် သက်ကြီးရွယ်အိုများ အနေဖြင့် သက်ဆိုင်ရာ ကော်မရှင် ၊ ကျေးရွာ၊ ရပ်ကွက်လူကြီးထံတွင် ကြိုတင်မဲ ထည့်ဝင်နိုင်မည် ဖြစ်သည်။

    မော်လမြိုင်မဲဆန္ဒနယ်တွင် လစ်လပ်နေသော ပြည်သူ့လွှတ်တော်တစ်နေရာအတွက် မဲပေးနိုင်သည့် မဲရုံ (၁၁၉) ရုံရှိပြီး မဲပေးနိုင်သူဦးရေ တစ်သိန်းခြောက် သောင်းကျော်ရှိသည်။

    အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ တိုင်းရင်းသားစည်းလုံးညီ ညွှတ်ရေးပါ တီ(တစည)နှင့် ပြည်ထောင်စုကြံံ့ခိုင်ရေးနှင့် ဖွံ့ဖြို့ရေးပါတီတို့၏ ကိုယ်စားလှယ်လောင်းများ မော်လမြိုင်မြို့နယ်မဲဆန္ဒနယ်မြေတွင် ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks