spot_img
Saturday, March 7, 2026
More
    spot_img
    Homeသတင်းမွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ဘုရားသုံးဆူမြို့၌ရုံးဖွင့်လှစ်

    မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ဘုရားသုံးဆူမြို့၌ရုံးဖွင့်လှစ်

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ – ထိုင်းမြန်မာနယ်စပ်ရှိ ဘုရားသုံးဆူမြို့ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP ဆိုင်းဘုတ်တင် ရုံးဖွင့်ပွဲအခမ်းအနားတရပ်ကို အဆိုပါရုံးစိုက်ရာရပ်ကွက် ၃ ၊ ဘုရင့်နောင်လမ်းမကြီးဘေးအဆောက်အဦး၌ ယနေ့နံနက် ၉ နာရီခွဲတွင် ကျင်းပခဲ့သည်။

    နံနက် ၉ နာရီခွဲတိတိတွင် ၄င်းတို့၏ပါတီဆိုင်းဘုတ်ကိုတင်ပြီးသည့်နောက် AMDP ဘုရားသုံးဆူမြို့ ဥက္ကဌ နိုင်တင်လှက ဖဲကြိုးဖြတ်၍ အခမ်းအနားဖွင့်လှစ်လိုက်သည်။

    “ကျနော်တို့ပါတီဗဟိုကနေ ပါတီရဲ့မူဝါဒတွေကို မြန်မာဘာသာနဲ့ပဲရေးသားထားတော့ မြန်မာဘာသာလိုပြောခွင့်ပြုပါ” ဟု နိုင်တင်လှက အဖွင့်မိန့်ခွန်းတွင် ထိုသို့ပြောကြားခဲ့သည်။

    ဘုရားသုံးဆူမြို့၊ AMDP ရုံးသစ်ဖွင့်လှစ်ပွဲ(Photo-IMNA)
    ထိုနောက် နိုင်တင်လှက နိုင်ငံရေးဝါဒသဘောထားနှင့် လုပ်ငန်းစဉ်များတွင် နိုင်ငံရေး၊ နိုင်ငံခြားရေး၊ စီးပွားရေး၊ လယ်ယာ၊ အလုပ်သမား၊ ပညာရေး၊ ယဉ်ကျေးမှု၊ ကျန်းမာရေး၊ လူငယ်၊ အမျိုးသမီး၊ မသန်မစွမ်းသူစသဖြင့် ကဏ္႑အလိုက် ဖတ်ကြားရှင်းပြခဲ့သည်။

    အခမ်းအနားသို့ ဘုရားသုံးဆူမြို့ရှိ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီအဖွဲ့ဝင်များ၊ မြို့ခံလုပ်ငန်းရှင်များ၊ NLD အဖွဲ့ဝင်အချို့၊ ဂျပန်ရေတွင်းရွာမှမွန်ပြည်သစ်ပါတီဝင်ဟောင်းများ စုစုပေါင်းအင်အားတစ်ရာကျော် တက်ရောက်ခဲ့သည်ကို တွေ့ရှိခဲ့ရသည်။

    “လောလောဆယ်မှာ ကျနော်တို့မှာပါတီဝင် ၈၅ ယောက်ပဲ အသိအမှတ်ပြုထားတယ်၊ ပါတီဝင်အင်အားကိုလည်း နောက်ထပ်တိုးချဲ့ဖို့ ရုံးမှာအမြဲတမ်းထိုင်ပေးရမယ့်လူတစ်ယောက် ခန့်ထားရမယ်” ဟု AMDP ပါတီဝင် နိုင်ဖိန်းက ပြောသည်။

    ဘုရားသုံးဆူမြို့၊ AMDP ရုံးသစ်ဖွင့်လှစ်ပွဲ(Photo-IMNA)
    လွန်ခဲ့သည့် ဇန်နဝါရီ ၅ ရက်နေ့တွင် ဘုရားသုံးဆူမြို့ AMDP ရုံးကို ဆိုင်းဘုတ်တစ်ကြိမ်တင်ခဲ့သော်လည်း သက်ဆိုင်ရာမှ ခွင့်ပြုချက်ရယူခဲ့ခြင်းမရှိသဖြင့် နောက်တစ်ရက်တွင် မြို့အာဏာပိုင်တို့က ပြန်လည်ဖြုတ်ချစေခဲ့သည်။

    အလားတူဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို ဘုရားသုံးဆူမြို့ NLD အဖွဲ့ကလည်း လွန်ခဲ့သည့်ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်သည်။

    ဘုရားသုံးဆူမြို့တွင် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည်ခိုင်ဖြိုးပါတီရုံးများ ဖွင့်လှစ်ထားရှိသည်။

    ကြာအင်းဆိပ်ကြီးမြို့နယ် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ မြို့နယ်အလုပ်အမှုဆောင်များစာရင်း
    ဒေါက်တာ ဗညားအောင်မိုး(နာယက)
    နိုင်ထွန်းအေး(နာယက)
    ဦးကြည်စန်း(နာယက)
    ၁။ ဦးတင်လှ(ဥက္ကဌ)
    ၂။ ဦးမင်းသောင်းရွှေ(ဒုဥက္ကဌ)
    ၃။ နိုင်မင်းသန်း (အတွင်းရေးမှူး
    ၄။ ဦးပန်းအိမ် (တွဲ-အတွင်းရေးမှူး)
    ၅။ မင်းကျော်ဝင်း (ဘဏ္႑ာရေးမှူး)
    ၆။ နိုင်တီး (ဆက်သွယ်ရေးမှူး)
    ၇။ နိုင်အေးချမ်း (ကော်မတီဝင်)
    ၈။ နိုင်အောင်မြင့်
    ၉။ နိုင်လွန်းအေး
    ၁၀။ မင်းဖောင်ဖိန်
    ၁၁။ ဦးထွန်းစိန်
    ၁၂။ နိုင်ဖူး
    ၁၃။ မင်းလင်းကိုကို

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks