Homeသတင်းရန်ကုန်တိုင်းဒေသကြီးတွင် ယခင်နှစ်ထက်နွေရာသီမွန်စာပေသင်ကြားမှုနေရာပိုလာ

ရန်ကုန်တိုင်းဒေသကြီးတွင် ယခင်နှစ်ထက်နွေရာသီမွန်စာပေသင်ကြားမှုနေရာပိုလာ

-

ခတ္တာနန်း – မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ(ရန်ကုန်) မှကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များတွင် မတ်လ ၂ ရက်နေ့မှ နွေရာသီမွန်စာပေသင်တန်းများ စတင်ဖွင့်လှစ်ခဲ့ရာ ယခင်နှစ်ထက် ၅ မြို့နယ် နေရာပိုမိုတိုးများလာကြောင်း သိရသည်။

နွေရာသီမွန်စာပေသင်တန်းသားများ(Photo-IMNA)
၆၅ ကြိမ်မြောက်၊ ရန်ကုန်-မွန်အမျိုးသားနေ့ကျင်းပရေးကော်မတီ အတွင်းရေးမှူးနိုင်စိုးကြည်က “ဒီနှစ်မှာက အရင်နှစ်ထက် ၅ နေရာပိုလာတယ် အရင်နှစ်က ၁၅ မြို့နယ်ပဲ၊ ဒီနှစ်က သင်္ကန်ကျွန်း၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဒဂုံ၊ တာမွေမြို့နယ်တွေ ပိုလာပါတယ်” ဟု ပြောသည်။

ယခုနှစ်စုစုပေါင်း ကျောင်းသားအရေးအတွက်မှာ ၃၀၀ ဝန်းကျင်ခန့်ရှိပြီး တစ်မြို့နယ်တွင် အနည်းဆုံးသင်တန်းသား ၁၀ ဦးမှ အများဆုံး ၄၀ ဦးအထိရှိကြောင်း သိရသည်။

မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) ဥက္ကဌနိုင်မင်းသောင်းသျှင်က “ကျနော်တို့ မွန်ပြည်နယ်ကရယ်၊ ရန်ကုန်မှာရှိတဲ့ဆရာတွေရယ်၊ အမေရိကာန်စင်တာ American Center ကမွန်ကျောင်းသားတွေက သင်တန်းဆရာတွေဖြစ်ကြတယ်” ဟု ပြောသည်။

နွေရာသီမွန်စာပေသင်တန်းများကို သက်ဆိုင်ရာမြို့နယ်ရှိ ဓမ္မာရုံများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် တစ်ချို့နေအိမ်များတွင် သင်ကြားနေကြသည်။

အလားတူ မွန်ပြည်နယ်ရှိ ဒေသအသီးသီးတွင်လည်း မတ်လ ၁ ရက်နေ့မှ စ၍ နွေရာသီမွန်စာပေ သင်တန်းများကို မြို့နယ်၊ ကျေးရွာအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင်လည်း သင်ကြားပေးနေသည်။

နွေရာသီ မွန်စာပေသင်သင်တန်းများသည် မွန်ပြည်နယ်တွင်းသာမက ရန်ကုန်၊ ပဲခူးမြို့များနှင့် ကရင်ပြည်နယ် အစရှိသည့် မွန်လူမျိုးများစုစည်းနေရာထိုင်ရာ ဒေသများတွင် နှစ်စဉ်သင်ကြားပေးလျှက်ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts