spot_img
Sunday, October 5, 2025
More
    spot_img
    Homeသတင်းဆယ်တန်းစာမေးပွဲဖြေဆိုရက်များတွင် မော်လမြိုင်မြို့ပေါ်လျှပ်စစ်မီးပုံမှန်လာ

    ဆယ်တန်းစာမေးပွဲဖြေဆိုရက်များတွင် မော်လမြိုင်မြို့ပေါ်လျှပ်စစ်မီးပုံမှန်လာ

    -

    မင်းတော်လဝီ – မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်တွင် လက်ရှိ ၁၀ တန်းစာမေးပွဲဖြေဆိုရက်များအတွင်း လျှပ်စစ်မီးပုံမှန်လာနေသည့်အပြင် ဓါတ်အားလည်းပြည့်ဝကြောင်း မြို့ခံများထံမှသိရသည်။

    စာမေးပွဲရက်မတိုင်မီကာလများတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တည်ရှိရာနယ်မြေနှင့် မော်လမြိုင်တက္ကသိုလ်တည်ရှိရာ တောင်ဝိုင်းရပ်ကွက်နှင့် ပြည်နယ်ဆေးရုံကြီးနှင့် အရေးကြီးဌာနများ၌သာ လျှပ်စစ်ဓါတ်အားရရှိခဲ့ပြီး ကျန်မြို့ပေါ်ရပ်ကွက်အချို့၌ မကြာခဏလျှပ်စစ်မီးပြတ်တောက်နေခဲ့သည်။

    မော်လမြိုင်လျှပ်စစ်ဓါတ်အားပေးစက်ရုံ(Photo-Internet)
    “စာမေးပွဲမတိုင်ခင်က မီးမမှန်ဘူး၊ ညလာရင်နေ့ပျက်ပဲ၊ ခုလို ဆယ်တန်းစာမေးပွဲချိန်မီးမှန်မှန်လာတော့ ဝမ်းသာရပါတယ်”ဟု ကျောင်းသားမိဘတစ်ဦးက ပြောသည်။

    မြို့ပေါ်ရှိကွန်ပျူတာဆိုင်၊ အင်တာနက်ဆိုင်များမှာလည်း ယခုရက်ပိုင်းများအတွင်း မီးမှန်လာသဖြင့် လုပ်ငန်းပိုတွင်ကျယ်လာသည်ဟုလည်း စျေးကြိုရပ်ကွက်ရှိ အင်တာနက်ဆိုင်ရှင်တစ်ဦးက ပြောသည်။

    ထိုအတူမုဒုံမြို့နှင့် သံဖြူဇရပ်မြို့များတွင်လည်း ယခုလပိုင်းတွင် လျှပ်စစ်မီးပြတ်တောက်မှုမရှိဟု သိရသည်။

    ယခင်နှစ် ဆယ်တန်းစာမေးပွဲဖြေဆိုချိန်တွင် မော်လမြိုင်မြို့ပေါ် လျှပ်စစ်မီးပြတ်တောက်ခဲ့မှုကြောင့် ကျောင်းသားတစ်စုနှင့် အရပ်သားများစုပြီးငန်းတေးလျှပ်စစ်မီးစက်ရုံနှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး တို့ကိုခဲဖြင့်ပစ်ပေါက်ပြီး မော်လမြိုင်မြို့တွင်းလှည့်လည်အော်ဟစ်ဆန္ဒပြခဲ့သည့် ဖြစ်ရပ်များ ရှိခဲ့သည်။

    ၂၀၀၉ ခုနှစ်အတွင်းကလည်း လျှပ်စစ်မီးမရသဖြင့် မော်လမြိုင်မြို့ပေါ်ရှိ ဆယ်တန်းကျောင်းသားများက လျှပ်စစ်ဓာတ်အားပေးစက်ရုံကိုခဲများဖြင့် သွားရောက်ပစ်ပေါက်ခဲ့ကြောင်း သိရသည်။

    ၂၀၁၂ ခုနှစ် ၁၀ တန်း(တက္ကသိုလ်ဝင်တန်း) စာမေးပွဲကို လွန်ခဲ့သည့်မတ်လ ၁၂ ရက်နေ့မှစတင်ကျင်းပခဲ့ရာ ၂၂ ရက်နေ့တွင် ပြီးဆုံးမည်ဟုသိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    37,200SubscribersSubscribe
    spot_img

    Latest posts