spot_img
Sunday, February 15, 2026
More
    spot_img
    Homeသတင်းပဒိုမန်းငြိမ်းမောင် ထောင်ဒဏ်တစ်သက်တစ်ကျွန်းကျခံရ

    ပဒိုမန်းငြိမ်းမောင် ထောင်ဒဏ်တစ်သက်တစ်ကျွန်းကျခံရ

    -

    ဂျူရီချိုင်း – ကရင်အမျိုးသားအစည်းအရုံး (KNU)မှ ဗဟိုတော်မတီဝင်တစ်ဦးဖြစ်သူ ပဒိုမန်းငြိမ်းမောင်အား ထောင်ဒဏ်တသက်တကျွန်းနှင့် ၃ နှစ်ကို တပေါင်းတည်းကျခံစေရန် အင်းစိန်တရားရုံးမှ ယနေ့တွင် ပဒိုမန်းငြိမ်းမောင်၏ ရှေ့နေဦးကြီးမြင့်က “ငြိမ်းချမ်းရေးပြုလုပ်နေတဲ့အချိန်မှာ ဒီလိုအပြစ်ဒဏ်မျိုး မပေးသင့်ဘူးထင်တယ်၊ လွှတ်ပေးသင့်တယ်” ဟု ပြောသည်။

    KNU ဗဟိုတော်မတီဝင် ပဒိုမန်းငြိမ်းမောင်
    KNU ဗဟိုတော်မတီဝင် ပဒိုမန်းငြိမ်းမောင်

    ပဒိုမန်းငြိမ်းမောင်အား တရားမဝင်အသင်း ပုဒ်မ ၁၇/၁ အရ ထောင်ဒဏ် ၃ နှစ်နှင့် နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂/၁ အရ ထောင်ဒဏ် တစ်သက်တစ်ကျွန်းကို အင်းစိန်ထောင်ဝင်းအတွင်းရှိ အင်းစိန်မြောက်ပိုင်း ခရိုင်တရားရုံးတွင် ချမှတ်ခဲ့ခြင်းဖြစ်သည်။

    အသက် ရ၀ အရွယ်ရှိ ပဒိုမန်းငြိမ်းမောင်သည် ပြီးခဲ့သည့်နှစ် ဇူလိုင်လက တရုတ်လေကြောင်းလိုင်းဖြင့် ရန်ကုန်မင်္ဂလာဒုံလေဆိပ်သို့ အတင်းအဓ္ဓမပို့ဆောင်ခြင်းခံခဲ့ရသည်။

    ထိုနောက် နိုင်ငံကူးလက်မှတ်တံဆိပ်တုံးအတု ရိုက်နှိပ်ထားသည်ဟုဆိုကာ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၆၈ နှင့် လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ ပုဒ်မ ၁၃/၁ တို့အရ ထောင်ဒဏ် ၆ လစီကို တပေါင်တည်းချခံစေရန် ရန်ကုန်တိုင်း၊ မင်္ဂလာဒုံတရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့ပြီးဖြစ်သည်။

    ထိုသို့ပြစ်ဒဏ်ကျခံဆဲကာလ လွတ်မြောက်ရန် ၂၂ ရက်အလိုတွင် နိုင်ငံတော်ပုန်ကန်မှု၊ မတရားအသင်းသတ်မှတ်ခံထားသည့် KNU ၏ ဗဟိုကော်မတီပြစ်မှုတို့ဖြင့် ထပ်မံ၍ တရားစွဲဆိုခံခဲ့ရသည်။

    ယနေ့အမှုချမှတ်ခံရပြီးနောက် ပဒိုမန်းငြိမ်းမောင်မှာ တည်တည်ငြိမ်ငြိမ်ရှိနေပြီး စကားအထွေအထူး မပြောကြောင်း ရှေ့နေဦးကြီးမြင့်က ပြောသည်။

    ၎င်းက “သူကတော့စိတ်မကောင်းဘူးပေါ့၊ အယူခံဝင်မယ်မဝင်မယ်တော့ သူ့သဘောထား မပေးသေးဘူး၊ ထပ်ပြီးတော့ မေးကြည့်ရဦးမယ်” ဟု ပြောသည်။ အယူခံဝင်မည်ဆိုလျှင် အမိန့်ချပြီး ရက်ပေါင်း ၆၀ အတွင်း ဝင်နိုင်မည်ဖြစ်သည်။

    KNU မှ ခေါင်းဆောင်တစ်ဦးဖြစ်သည့် ပဒိုဒေးဗစ်တာကဘောက ဖဒိုးမန်းငြိမ်းမောင် လွတ်မြောက်ရန်အတွက် အစဉ်တစိုက် ကြိုးပမ်းတောင်းဆိုသွားမှာဖြစ်ပြီး၊ ဥပဒေဘောင်အတွင်းက နောက်တဆင့် ထပ်တက်ရန်အတွက် နည်းလမ်းရှာရလိမ့်မည်ဟု ပြောသည်။

    ပဒိုမန်းငြိမ်းမောင်သည် အဖမ်းခံရစဉ်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU)၏ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သကဲ့သို့ ညီညွတ်သော တိုင်းရင်းသား ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့၏ ကော်မတီအဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။

    အနှစ် ၆၀ ကျော် မြန်မာအစိုးရအဆက်အဆက်ကို တော်လှန်ခဲ့သည့် ကရင်အမျိုးသားအစည်းရုံး (KNU) သည် ယခုနှစ် ဇန်နဝါရီလ လ ၁၂ ရက်နေ့က အပစ်အခတ်ရပ်စဲရေး ပမာဏသဘောတူယူမှုရရှိခဲ့ပြီး ငြိမ်းချမ်းရေးရယူနေဆဲကာလဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks