spot_img
Sunday, February 15, 2026
More
    spot_img
    Homeသတင်းနွေရာသီမွန်စာပေသင်တန်း သင်ကြားနေပြီ

    နွေရာသီမွန်စာပေသင်တန်း သင်ကြားနေပြီ

    -

    မင်းတော်လဝီ – သက်ဆိုင်ရာ မြို့နယ်မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီတို့၏ စီစဉ်ဆောင်ရွက်မှုဖြင့် မွန်စာပေသင်တန်းကို မွန်ပြည်နယ်တွင်းရှိ မြို့နယ်အသီးသီးတွင် မတ်လ(၁)ရက်နေ့မှ စတင်သင်ကြားနေပြီဟု သိရသည်။

    “သံဖြူဇရပ်မြို့နယ်မှာ ဝါခရူရွာ၊ပင၊ကရုပ္ပိ၊ဝဲဂလောင်း၊အနင်း၊ ကွမ်သတ်၊ ဖေါင်စိန်ရွာ၊ ကြံ့ခိုင်ရေးရပ်ကွက်က ကျောင်းသူကျောင်းသားတွေ နီးစပ်ရာဘုန်းတော်ကြီးကျောင်းတွေမှာမွန်စာသင်နေကြပြီ၊ သံဃာတော်များက ဦးစီးသင်ကြားပေးနေတယ်”ဟုသင်ကြားရေး အဖွဲ့ဝင်တစ်ဦးက ပြောသည်။

    နွေရာသီမွန်စာပေသင်တန်းအမှတ်တရဓါတ်ပုံ(Photo-IMNA)
    အတန်းတင်စာမေးပွဲပြီးစီးသွားခဲ့သည့် ကျောင်းသားကျောင်းသူများက တက်ရောက်သင်ကြားနေကြပြီး အကယ်၍ ၁၀ တန်းစာမေးပွဲဖြေဆိုပြီးချိန်တွင် သင်တန်းဖွင့်ပွဲအခမ်းအနားများကို မြို့နယ်အသီးသီး တွင်ဆက်လက်ပြုလုပ်သွားမည်ဟုလည်း မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ မွန်စာပေနှင့်ယဉ်ကျေးမှု အဖွဲ့ဝင်တဦးက ပြောသည်။

    နွေရာသီမွန်စာပေစာပေသင်ကြားရေးကို ယခင်နှစ်များတွင် ဘုန်းတော်ကြီးကျောင်းများ၊ ဇရပ်များ၌သင်ကြားခဲ့ရပြီး အချို့ကျေးရွာများတွင် သစ်ပင်ရိပ်အောက်၌ သင်ကြားခဲ့ရသည်။

    “ဒီနှစ်မွန်စာပေသင်တန်းကိုဘုန်းတော်ကြီးကျောင်း၊ ဇရပ်တွေမှာသာမက လိုအပ်ရင် အစိုးရစာသင်ကျောင်းတွေမှာလည်း သင်ကြားခွင့်ပြုထားပါတယ်”ဟု မွန်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ဝင် ဆရာတော် ဘဒ္ဒန္တသီလဝန္တ ကမိန့်ဆိုသည်။

    ထိုအတူ မုဒုံမြို့နယ်တွင်လည်း မွန်စာပေသင်တန်းဖွင့်လျှစ်ခဲ့ပြီး ဆရာအဖြစ်လူပုဂ္ဂိုလ်များပါ ပါဝင်သင်ကြားပေးနေသည်ဟုလည်း ဆရာတော်က ဆက်လက်မိန့်ကြားသည်။

    နွေရာသီမွန်စာပေသင်ကြားရေးသည် မွန်ပြည်နယ်တွင်းသာမက ရန်ကုန်၊ ပဲခူးမြို့များနှင့် ကရင်ပြည်နယ်စသည့် မွန်လူမျိုးများစုစည်းနေထိုင်ရာဒေသများတွင် နှစ်စဉ်သင်ကြားလျှက် ရှိသည်။

    ၂၀၁၁ခုနှစ်တွင် မွန်စာပေသင်တန်းတွင် တက်ရောက်သင်ကြားသည့်သင်တန်းသားဦးရေခြောက်သောင်း (၆၀၀၀၀) ကျော်ရှိခဲ့သည်ဟု မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ(ဗဟို) ၏ စာရင်းအရသိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks