Homeသတင်းသေမင်းတမန်ရထားလမ်း ပြန်လည်ဖောက်လုပ်မည်

သေမင်းတမန်ရထားလမ်း ပြန်လည်ဖောက်လုပ်မည်

-

ဂျူရီချိုင်း – ဒုတိယ ကမ္ဘာစစ်အတွင်းက ဖက်ဆစ်ဂျပန်များ ဖောက်လုပ်ရာတွင် အောင်မြင်မှု မရရှိခဲ့သည့် ထိုင်း-မြန်မာနယ်စပ် သေမင်းတမန်ရထားလမ်းကို ပြန်လည်ဖောက်လုပ်သွားရန် မြန်မာအစိုးရက ဆန္ဒရှိသည်ဟု သိရသည်။

မဟာမိတ်တပ်ဖွဲ့ဝင်တို့၏အမှတ်တရစစ်သချိုင်း(သံဖြူဇရပ်မြို့)

“မွန်ပြည်သစ်နဲ့ ငြိမ်းချမ်းရေးရပြီးရင် ဒီသေမင်းတမန်လမ်းကို ပြီးအောင်ဖောက်မယ်လို့ ဝန်ကြီးက ပြောတယ်” ဟု စီးပွားရေးလုပ်ငန်းရှင် စက်မှုကုန်ထုတ်အသင်း ဒုတိယဥက္ကဌ ဦးလှမောင်ရွှေက မွန်ပြည်သစ်ပါတီနှင့် အစိုးရ အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုးမီ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ကျင်းပသော ညစာစားပွဲတွင် ဝန်ကြီးဦးအောင်မင်းက ပြောဆိုခဲ့သည်ကို ပြန်ပြောပြသည်။

ထိုညစာစားပွဲတွင် ပြည်ထောင်စုဝန်ကြီးဖြစ်သည့် မီးရထားဝန်ကြီး ဦးအောင်မင်း၊ စက်မှုဝန်ကြီး ဦးစိုးသိန်း နှင့်သစ်တောဝန်ကြီးတို့ တက်ရောက်ခဲ့ကြသည်။

ယခင်က ချွေးတပ်သားနှင့် စစ်သုံ့ပန်းများကို အဓမ္မခေါ်ယူခိုင်းစေဖောက်လုပ်ခဲ့သော သေမင်းတမန် ရထားလမ်းသည် ထိုင်းနိုင်ငံ ဘန်ပေါင် (Ban Pong) ဘူတာမှ သံဖြူဇရပ် ဘူတာအထိ မိုင် ၁၇၀ ကျော်ရှိပြီး မြန်မာနိုင်ငံသား ရ၈၀,၀၀၀ အပါအဝင် မဟာမိတ်စစ်သုံ့ပန်းများ ထောင်နှင့်ချီ သေဆုံးခဲ့သည့် မီးရထားလမ်းပိုင်းဖြစ်သည်။

မီးရထားလမ်း ပြန်လည်ဖောက်လုပ်သွားမည့်အပြင် ဒေသခံများ အလုပ်အကိုင် အခွင့်အလမ်းအတွက် စက်မှုဇုံ အကောင်အထည်ဖော်ရေး ကိစ္စများကို တိုင်းရင်းသားလုပ်ငန်းရှင်များ ပါဝင်ဆောင်ရွက်ရန် ၀န်ကြီးက တိုက်တွန်းပြောကြားခဲ့သည်ဟု ဦးလှမောင်ရွှေက ဆက်ပြောသည်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ညစာစားပွဲ ကျင်းပခဲ့ပြီးနောက်၂၅ ရက်နေ့တွင် မွန်ပြည်သစ်ပါတီနှင့် အစိုးရ အပစ်အခတ်ရပ်စဲကာ နိုင်ငံရေးဆွေးနွေးပွဲဆက်လက်ပြုလုပ်ရန် နှစ်ဖက်သဘောတူခဲ့ကြသည်။

သေမင်းတမန် ရထားလမ်းပြုပြင်ရန် ဝန်ကြီး ဦးအောင်မင်း ပြောဆိုခဲ့သည့်အပေါ် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် တည်ဆောက်မည့်စက်မှုဇုံနှင့် ချိတ်ဆက်မှုရှိနိုင်ကြောင်း ထိုလမ်းပြုပြင်ရေးမှာ ကုန်ကျစရိတ်
အလွန်များနိုင်ကြောင်း မွန်ပြည်သစ်ပါတီ စစ်ရေးအကြံပေး နိုင်ကော ရွတ်(ဗိုလ်မှူးကြီးဟောင်း) က ပြောသည်။

သေမင်းတမန်ရထားလမ်းဟောင်းသည် ၁၉၄၂ ခုနှစ် ဒုတိယကမ္ဘာစစ်အတွင်း စတင်အကောင် အထည်ဖော်ခဲ့ပြီး ယခင်ရထားလမ်းအရှည်သည် ၄၁၅ ကီလိုမီတာရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts