spot_img
Tuesday, September 16, 2025
More
    spot_img
    Homeသတင်းမီးဘေးနှင့် သဘာဝဘေးအန္တရာယ်အတွက် မွန်ဂီတအဖွဲ့ ရန်ပုံငွေရှာ

    မီးဘေးနှင့် သဘာဝဘေးအန္တရာယ်အတွက် မွန်ဂီတအဖွဲ့ ရန်ပုံငွေရှာ

    -

    ကျလွန်းထော – မီးဘေးနှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေး ရန်ပုံငွေအတွက် မွန်ဂီတအဖွဲ့မှ ဦးဆောင်ပြီး မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်ကျေးရွာတွင် ဂီတဖျော်ဖြေပွဲ ၂ ည ကျင်းပခဲ့ကြောင်း သိရသည်။

    ရန်ပုံငွေအတွက် မွန်ဂီတအဖွဲ့သားတို့ ဖျော်ဖြေနေစဉ်

    မွန်ပြည်နယ်အတွင်းရှိ လက်လှမ်းမှီသည့် ဒေသများတွင် မီးဘေးနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ဒုက္ခရောင်နေသူများကို ကူညီထောက်ပံ့ပေးသွားရန်အတွက် ရန်ပုံငွေရှာခြင်းဖြစ်ကြောင်း ဂီတမွန်အဖွဲ့ခေါင်းဆောင် နိုင်ဇာတိနိုင်က ပြောသည်။

    နိုင်ဇာတိနိုင်က “မွန်ဒေသ တခုလုံးမှာရှိတဲ့ ကျနော်တို့ လက်လှမ်းမှီတဲ့နေရာတွေကို ထောက်ပံကူညီပေးသွားမှာဖြစ်တယ်။ အခုလတ်တလောအခြေအနေအရ ဇင်းကျိုက်ရွာက မီးဘေးဒုက္ခသည်တွေကို ကူညီပေးဖို့အတွက် ဒီအစီအစဉ်ကို ပြုလုပ်ရခြင်းဖြစ်တယ်၊ နောက်လည်း ရန်ပုံငွေရဖို့အတွက် ကျနော်တို့ ဂီတအဖွဲ့ အစီအစဉ် ပြုလုပ်သွားဖို့ ရှိပါသေးတယ်”

    ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့ညမှာ မွန်ပြည်နယ် ပေါင်မြို့နယ် ဇင်းကျိုက်ရွာ၌ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး အိမ်ခြေ ရာကျော် ပျက်စီးသွားသည်။

    ဖေဖော်ဝါရီလ ၂၀ နှင့် ၂၁ ရက်နေ့တွင် သီဆိုဖျော်ဖြေခဲ့ပြီး မွန်ဂီတအဖွဲ့မှ အဆိုတော်များအပြင် မွန်အဆိုတော် နိုင်လရီဟောင်းမွန်၊ မိမြသန်း၊ ဟောင်းချမ်း၊ အစိင်တို့လည်း လာရောက် သီဆိုပေးခဲ့သည်ဟု ဖျော်ဖြေပွဲ ဖြစ်မြောက်ရေးအဖွဲ့မှ မွန်လူငယ်ခေါင်းဆောင် နိုင်ဟောင်းတိန်းက ပြောသည်။

    “မွန်အဆိုတော်တွေ အခမဲ့ သီဆိုပေးကြတယ်၊ ကျနော်တို့ ပါမစ်တင် နောက်ကျသွားလို့ မွန်ဝန်ကြီးရဲ့ အကူအညီနဲ့ ပြန်ရသွားတယ်၊ နောက်ထပ် မွန်ပြည်သူ အများအပြားရှိတဲ့နေရာတွေမှာ ဖျော်ဖြေပွဲ ထပ်လုပ်သွားဖို့ အစီအစဉ် ရှိပါသေးတယ်” ဟု နိုင်ဟောင်းတိန်းက ပြောသည်။

    ရုံဝင်ခမှာ တဦးလျှင် ၂၅၀၀ ကျပ်ဖြင့် ဖျော်ဖြေပွဲ ၂ ညအတွင်း စုစုပေါင်း ၅၄ သိန်းကျပ် ရရှိခဲ့ကာ ကုန်ကျစရိတ်အားလုံး ပြန်နှုတ်လိုက်ပြီးနော် ရန်ပုံငွေအတွက် ကျပ်ငွေ ၁၉ သိန်း ကျန်ရှိကြောင်း ၄င်းက ဆက်ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    36,900SubscribersSubscribe
    spot_img

    Latest posts