spot_img
Friday, February 13, 2026
More
    spot_img
    Homeသတင်းမွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ မော်လမြိုင်မြို့နယ်တွင် စည်းရုံးရေးစတင်

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ မော်လမြိုင်မြို့နယ်တွင် စည်းရုံးရေးစတင်

    -

    ဂျူရီချိုင်း၊ ကျလွန်းထော – လာမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မွန်ပြည်နယ် မော်လမြိုင်မြို့ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) မဲဆွယ်စည်းရုံးရေး စတင်နေပြီ ဖြစ်ကြောင်း ပါတီဥက္ကဌက ပြောသည်။

    ၂၀၁၀ ရွေးကောက်ပွဲတွင် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၏ မဲဆွယ်စည်းရုံးရေးအခမ်းအနားတခု
    မဲဆွယ်စည်းရုံးရေးခရီးစဉ်တွင် မွန်ပြည်နယ် မော်လမြို့နယ်ရှိ ကော့နှတ်၊ ဖယ်ဒို၊ ကော့လှာ၊ ဖယ်ထော စသည့် ကျေးရွာလေးရွာခန့်အား စည်ရုံးရေးပြုလုပ်ခဲ့သည်ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဌ နိုင်ငွေသိန်း (ခေါ်) နိုင်ဂျနူမွန်က ပြောသည်။

    ၎င်းက “ပါတီစည်းရုံးရေးခရီးစဉ်မှာ လူထုတွေတက်ရောက်တာများတယ်၊ အတော့်ကိုအားရတယ်” ဟု ပြောသည်။

    မွန်ပြည်နယ်၌ လစ်လပ်နေသည့် တစ်ခုတည်းသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ကိုယ်စားလှယ် ဒေါ်မြင့်မြင့်ဝေ၊ အမျိုးသားဒီမိုကရေစီပါတီ (NLD) မှ ဒေါ်ခင်ဌေးကြွယ်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) မှ ဦးအောင်သန်းဦးနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးတင်စိုးမိုးနိုင်တို့ဖြစ်ကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်မှ ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ကြေငြာချက်ထုတ်ပြန်ထားသည်။

    မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီအနေဖြင့် ၄င်းပြည်သူ့လွှတ်တော်နေရာတွင် ဦးလှခိုင်ဝင်ရောက်ယှဉ်ပြိုင်ရန် ယခင်က ဆုံးဖြတ်ထားသော်လည်း ပုဂ္ဂိုလ်ရေးအခြေအနေကြောင့် ဒေါ်မြင့်မြင့်ဝေအား ဝင်ပြိုင်စာရင်း တင်သွင်းလိုက်ရခြင်းဖြစ်ကြောင်း ပါတီ (ဗဟို) ရုံးတာဝန်ခံ နိုင်စံတင် ကပြောသည်။

    ၄င်းက “ဒေါ်မြင့်မြင့်ဝေက အခု ကြားဖြတ်ရွေးကောက်ပွဲ ဝင်ပြိုင်ဖို့ အဆင့်သင့်ဖြစ်နေပါပြီး”

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီအနေဖြင့် ရွေးကောက်ပွဲကျင်းပသည့်အထိ စည်ရုံးရေး ဆင်းသွားမည်ဖြစ်ကြောင်းလည်း ပါတီက ပြောသည်။

    မော်လမြိုင် မဲဆန္ဒနယ်သည် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဖြစ်သွားသည့် ဦးအေးမြင့် အနိုင်ရခဲ့သည့် နေရာဖြစ်သည်။

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီအဖွဲ့သည် ၂၀၁၀ ရွေးကောက်ပွဲ၌ အမတ်လောင်း ၃၄ ဦး ပါဝင် ယှဉ်ပြိုင်ခဲ့ရာ ၁၆ ဦး အနိုင်ရခဲ့သည်။

    ကြားဖြတ်ရွေးကောက်ပွဲအတွက် မြန်မာနိုင်ငံ တစ်ပြည်လုံးတွင် လစ်လပ်နေရာ (၄၈) ခုရှိပြီး ပါတီပေါင်း (၁၉) ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks