Friday, April 10, 2026
More
    spot_img
    Homeသတင်းမွန်အလုပ်သမားအများစုပါသည့်ကား မှောက်ရာ မွန်အမျိုးသမီး တစ်ဦးသေဆုံး

    မွန်အလုပ်သမားအများစုပါသည့်ကား မှောက်ရာ မွန်အမျိုးသမီး တစ်ဦးသေဆုံး

    -

    ဂျူရီချိုင်း – ထိုင်းနိုင်ငံမြောက်ပိုင်း နခွန်စဝန်ခရိုင် ကန်ဖန်ဖက်မြို့နယ်တွင် မွန်ရွှေ့ပြောင်းအလုပ်သမားအများစု ပါ၀င်သည့်ခရီးသည်တင် ကားတစ်စီး တိမ်းမှောက်ခဲ့ရာ နှစ်ဦးသေဆုံးသည့်အနက် တစ်ဦးမှာ မွန်အမျိုး သမီးဖြစ် သည်ဟု မျက်မြင်သက် သေများက ပြောသည်။

    အသက် ၅၀ အရွယ် မွန်အမျိုးသမီးနှင့် အသက် ၃၀ အရွယ် ကရင်အမျိုးသမီးတို့ သေဆုံးခဲ့ရာတွင် မွန်အမျိုးသမီးမှာ ထိုင်းနိုင်ငံ ဖူးကပ်မြို့ ကုန်စုံစျေးဆိုင်တွင် လုပ်ကိုင် နေခြင်းဖြစ်သည်ဟု ကားပေါ် ပါလာသူ ရခိုင်လူမျိုး ကိုထွန်းလှိုင်က ပြောသည်။

    အဆိုပါ တိမ်းမှောက်သွားသည့်ကားသည် မှန်လုံကားဖြစ်ပြီး ထိုင်းလူမျိုး ကားဒရိုင်ဘာတစ်ဦး အပါအဝင် စုစုပေါင်း အလုပ်သမား ၁၈ ဦးတို့ပါဝင်ပြီး မွန်အလုပ်သမား ၁၀ ဦးခန့် ပါဝင်သည်ဟု ဆက်ပြောသည်။

    ၎င်းက “ကားပေါ်အိပ်ပျော်နေတဲ့အချိန်မှာ ဘာမှလဲမသိလိုက်ဘူး၊ လန့်နိုးတော့ ကားကပတ်လက် ဇောက်ထိုးဖြစ်နေပြီး၊ နှစ်ယောက်က ပွဲချင်းပြီးသေတာပဲ၊ ခရီးသည်အားလုံးမှာ မွန်အလုပ်သမားအများဆုံးပါတယ်”

    ဖြစ်စဉ်မှာ ယမန်နေ့ညသန်းခေါင်ကျော် နံနက် ၁ နာရီအချိန်ခန့်တွင် ကားဘီးချွတ်ချော်၍ လမ်းဘေးသို့ထိုးကျကာ သစ်ပင်နှင့် တိုက်မိခဲ့ခြင်း ဖြစ်သည်။ ဒဏ်ရာအပြင်အထန် ရရှိသူနှစ်ဦးအား ခေါင်ခွန်အရေးပေါ် ဆေးရုံသို့ တင်ထားရသည်ဟု ဆက်ပြောသည်။

    ယင်းတိမ်းမှောက်မှုမှာ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့-မဲဆောက်မှ ဘန်ရကာက်မြို့သို့အပြန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

    ကား၌ပါလာသော အလုပ်သမားများစုသည် မြန်မာနိုင်ငံသားလက်မှတ်ကိုင်ဆောင်ထားသူများဖြစ်သည်ဟု ကိုထွန်းလှိုင်က ပြောသည်။

    ဒဏ်ရာရရှိသူများထဲတွင် ခြေလက်ကျိုးသွားသူအချို့လည်းရှိကြောင်း လက်ရှိတွင် ထိုင်းရဲတို့က လာရောက် စစ်ဆေးပြုလုပ်နေပြီး ကုန်ကျစရိတ်အတွက် တာဝန်ယူမည်ဟုပြောသော်လည်း သေဆုံးသွား သူနှစ်ဦးနှင့် ပတ်သက်ပြီး၍ တစ်စုံတစ်ရာ ပြောဆိုလာခြင်း မရှိသေးဟုလည်း ဆက်ပြောသည်။

    ထိုင်းနိုင်ငံ ဖန်ငခရိုင်အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (GHRE) မှ ဒါရိုက်တာ ဦးထူးချစ်က မြန်မာရွှေ့ပြောင်း အလုပ်သမားများအနေနှင့် အမှုကိစ္စတစ်စုံတစ်ရာဖြစ်ပေါ်လျှင် အလုပ်သမားကူညီပေးရေး အဖွဲ့အစည်းများထံ အကူအညီတောင်းပြီး ထိုင်းအစိုးထံ တိုင်ကြားမှသာ နစ်နာကြေးရနိုင်ကြောင်း ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,500SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks