spot_img
Saturday, February 14, 2026
More
    spot_img
    Homeသတင်းKNU/KNLA ငြိမ်းချမ်းရေးကြောင့် ဂိတ်ကြေးတိုးမည်ကို ဘုရားသုံးဆူ ဒေသခံများ စိုးရိမ်နေ

    KNU/KNLA ငြိမ်းချမ်းရေးကြောင့် ဂိတ်ကြေးတိုးမည်ကို ဘုရားသုံးဆူ ဒေသခံများ စိုးရိမ်နေ

    -

    ဂျူရီချိုင်း – အစိုးရနှင့် ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA) တို့ငြိမ်းချမ်းရေး သဘောတူညီချက်တွင် KNU/KNLA ၏ဆက်ဆံရေးရုံးကို ကရင်ပြည်နယ် ဘုရားသုံးဆူတွင် ဖွင့်လှစ်မည့် အချက်ပါရှိသည့်အတွက် ယင်းဒေသတွင် အခကြေးငွေကောက်ခံမည့် ဂိတ်အသစ် ထပ်တိုးလာမည့်အရေးကို ဒေသတွင်းရှိ မွန် စီးပွားရေးသမားများက စိုးရိမ်နေကြသည်။

    ဘုရားသုံးဆူမြို့မှ စီးပွားရေးသမားများသည် အစိုးရနှင့် တိုင်းရင်းသားအဖွဲ့များပါ၀င်သော အဖွဲ့ပေါင်းစုံ၏ ဂိတ် ၆ ဂိတ်တွင် ဂိတ်ကြေးများ ပေးဆောင်နေရ၍ နောက်ထပ် ဂိတ်အသစ်တစ်ခု ထပ်တိုးပါက စီးပွားရေးလုပ်ကိုင်ရန် စရိတ်စကများ ပိုမိုကုန်ကျမည်ဟု ဘုရားသုံးဆူမြို့မှ ဒေသခံ မွန်စီးပွားရေးသမားတစ်ဦးက ပြောသည်။

    “ကရင်ငြိမ်းချမ်းရေးကောင်စီက ဆက်ဆံရေးရုံးထားရင် နောက်တပ် ဂိတ်သစ်ကြေးအတွက် ထပ်ပေးရဦးမယ်။ ဒါဆို စီးပွားရေးမှာ တွက်ချေမကိုက်ဖူး” ဟု ၎င်းက ပြောသည်။

    ကရင်အမျိုးသားအစည်းအရုံးမှ ခွဲထွက်ခဲ့သည့် ဗိုလ်ချုပ်ထိန်မောင် ခေါင်းဆောင်သည့် KNU/KNLA ကရင်ငြိမ်းချမ်းရေးကောင်စီနှင့် အစိုးရကြား ယမန်နေ့က လက်မှတ်ရေးထိုးခဲ့သည့် အပစ်အခတ် ရပ်စဲရေး ပဏာမသဘောတူ လက်မှတ်ရေးထိုးပွဲတွင် ဆက်ဆံရေးရုံးများကို ကော့သောင်း၊ ဘားအံ၊ မြဝတီ၊ ကော့ကရိတ်၊ မောတောင်၊ ဘုရားသုံးဆူမြို့များတွင် ဖွင့်လှစ်ရန် သဘောတူ လက်မှတ်ထိုးခဲ့ကြသည်။

    ဘုရားသုံးဆူတွင် မွန်လူမျိုး အများအပြား နေထိုင်သည့်အပြင် ယင်းဒေသတဝိုက်တွင် မွန်ပြည်သစ်ပါတီ လှုပ်ရှားမှုလည်း ရှိသည်။ သို့သော် ဆက်ဆံရေးရုံး အစီအစဉ်နှင့် ပတ်သက်၍ အစိုးရထံမှ ဖြစ်စေ KNU/KNLA ထံမှဖြစ်စေ တစ်စုံတစ်ရာ အကြောင်းကြားလာခြင်း မရှိသေးဟု မွန်ပြည်သစ်ပါတီက ပြောသည်။

    “ဘုရားသုံးဆူမှာ KNU/KNLA ဆက်ဆံရေးရုံးဖွင့်ဖို့ ကရင်ငြိမ်းချမ်းရေးကောင်စီဘက်က ကျနော်တို့ကို ဘာမှတိုင်ပင်ထားတာမရှိသေးဘူး။ မဆောက်နဲ့လို့လည်း ကျနော်တို့ ပြောပိုင်ခွင့်မရှိဘူး” ဟု မွန်ပြည်သစ်ပါတီ နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ နိုင်ဟံသာဗွန်ခိုင်က ပြောသည်။

    ဘုရားသုံးဆူမြို့ကို မွန်ဒေသခံအများစုက မွန်နယ်မြေအဖြစ် သတ်မှတ်ထားသော်လည်း အစိုးရဘက်က ကရင်ပြည်နယ်အဖြစ် သတ်မှတ်ထားသည်ဟု သူက ပြောသည်။

    ဆက်စပ်သတင်း

    2 COMMENTS

    1. ဘာမှမဆိုင်ဘူး၊ အေးအေးဆေးဆေးဖြစ်နေတာကို –ခေါင်း ကျယ်ပြီး ရှောက်အော မနေနဲ့၊

    2. မွန်သတင်းရေ..ဗိုလ်ထိန်မောင်အဖွဲ့ကလက်ရှိတင်(၃)ဖွဲ့ကောင်နေပါတယ်..နယ်မြေခံတပ်က(၃)ဂိတ်.ရဲက(၂)ဂိတ်..အဖွဲ့စုံဂိတ်.ပြည်သူ့စစ်ဂိတ်..နယ်ခြားစောင့်တပ်ဂိတ်..ချောင်းဆုံတပ်ဂိတ်..အမြှောက်တပ်ဂိတ်..အများကြီးပါ…ထည့်ရေးပါ..နောက် ထိုင်းဘတ်ငွေ(၅)ဘတ်စိနဲ့ကစားတဲ့ပန်းသီးပုံးတွေအလုံးထောင်ကျော်ရှီနေပါတယ်..တစ်မြို့လုံးဘဝ ပျက်အောင်
      ကစားနေကြတာပါ..အာဒေလဲနေ့တိုင်းရှိတယ်..လောင်းကစားတွေနေ့တိုင်းလုပ်နေတော့အကျင့်ပျက်ခြစားမုတွေ..ခိုးဆိုးလုယက်မှု့တွေတင်ပြပေးပါ..

    Comments are closed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks