spot_img
Saturday, February 14, 2026
More
    spot_img
    Homeသတင်းငြိမ်းချမ်းရေးကာလ PNLO ထံ ဆက်ကြေးပေးသူ အဖမ်းခံရ

    ငြိမ်းချမ်းရေးကာလ PNLO ထံ ဆက်ကြေးပေးသူ အဖမ်းခံရ

    -

    ဂျူရီချိုင်း – အစိုးရနှင့် ပအို့အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တို့ ငြိမ်းချမ်းရေး စတင် ဆွေးနွေးသည့်ကာလ တွင် PNLO သို့ ဆက်ကြေးပေးဆောင်သည့် ရှမ်းပြည်နယ်မှ ရွာသားအချို့ကို အစိုးရတပ်က ဖမ်းဆီးထားသည်ဟု ဒေသခံများထံမှ သိရသည်။

    ပြီးခဲ့သည့် ဇန်နဝါရီလ ရ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် သိန်းဖြီနာ ရွာသားနှစ်ယောက်က ပအို့ပြည်သူ့လွတ်မြောက်ရေးတပ် (PNLA) အတွက် ၆ လပတ် ထောက်ပံ့ကြေး သွားရောက် ပို့ဆောင်စဉ် လမ်း၌ ဆီဆိုင်အခြေစိုက် တပ်ရင်း (၄၃၂ နှင့် ၄၂၄) တို့က မေးမြန်းစစ်ဆေးပြီး ဖမ်းဆီးသွားခဲ့ကြောင်း ပအို့ဒေသ အခြေအနေကို စောင့်ကြည့်လေ့လာနေသည့် တောင်ကြီးမြို့ ပအို့လူငယ်အဖွဲ့မှ ကိုခွန်ခမ်းကောင်က ပြောသည်။

    အဖမ်းခံရ သူနှစ်ဦးမှာ ဦးခွန်အောင်နှင့် ဦးခွန်မောင်လယ်တို့ဖြစ်ပြီး ဦးခွန်အောင်အား အစိုးရကို လိမ်လည်ပြီး သူပုန်နှင့်ဆက်သွယ်သည်ဟု စွပ်စွဲကာ ဆီဆိုင်မြို့ ရဲစခန်းတွင် ထောက်ပံ့ကြေးကောက်ခံသည့် ငွေကြေးနှင့်အတူ ယနေ့အထိ ချုပ်နှောင်ထားဆဲ ဖြစ်သည်ဟု ကိုခွန်ခမ်းကောင်က ရွာသားများထံမှ သိရကြောင်းပြောသည်။

    ပအို့ပြည်သူ့လွတ်မြောက်ရေးတပ်က ပြည်သူများထံမှ နှစ်စဉ်ကောက်ခံလေ့ရှိသည့် ၆ လ တစ်ကြိမ် ထောက်ပံ့ကြေးမှာ မြန်မာငွေ ကျပ် ၁၀၀၀ ဖြစ်သည်။

    “ကျနော်တို့ ဒီထောက်ပံ့ကြေးကောက်တာကို မပေးမနေရ ကောက်တာမဟုတ်ပါဘူး၊ ပြည်သူတွေကနေ တတ်နိုင်သလောက်ပဲ ယူတယ်” ဟု ပအို့အမျိုးသား လွတ်မြောက် ရေးအဖွဲ့ချုပ် (PNLO) ဗိုလ်မှူးကြီး ခွန်သူရိန်က အတည်ပြုပြောသည်။

    ယင်းဖြစ်ရပ်အပေါ် ဒေသခံများက မကျေမနပ်ဖြစ်နေပြီး၊ အာဏာပိုင်များထံ တိုင်ကြားပေးရန် စာတစ်စောင် လက်ခံရရှိထားကြောင်း ကိုခွန်ခမ်းကောင်က ပြောသည်။

    “ဒီကိစ္စနဲ့ ပတ်သက်ပြီး မခံမရပ်နိုင်တဲ့ သိန်းဖြီရွာ သံဃာတော်တစ်ပါးက လက်မှတ်ထိုးစာတစ်စောင်ရေးပြီး မနေ့က ကျနော့်ကို လာပို့ထားတာရှိတယ်၊ ဒီစာကို သက်ဆိုင်ရာထံ တင်ဖို့ အခုနည်းလမ်းတွေရှာတုန်းပဲ” ဟု ၄င်းကဆက်လက်ပြောသည်။

    ဦးခွန်အောင်အား စစ်တပ်မှ တည်ဆဲဥပဒေပုဒ်မ ၁၇/၁ (မတရားအသင်းအဖွဲ့အစည်း အက်ဥပဒေ) ဖြင့် တရားစွဲထားသည်ဟု သိရသည်။

    ယခုလ ၅ ရက်နေ့က ပြုလုပ်သည့် အစိုးရနှင့် ပအို့အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တို့၏ အလွတ်သဘော ဆွေးနွေးပွဲတွင် သူပုန်အဖွဲ့ဝင် အမာခံ အဖြစ်စွပ်စွဲခံရသူများ၊ သူပုန်ထောက်ခံသူအဖြစ် စွပ်စွဲခံရသူများ၊ နိုင်ငံရေးနှင့် ပတ်သက်သည့်သူများအား လွှတ်ပေးရန် အစိုးရထံ PNLO က တောင်းဆိုထားကြောင်း ဗိုလ်မှူးကြီး ခွန်သူရိန်က ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks