spot_img
Saturday, February 21, 2026
More
    spot_img
    Homeသတင်းKNPP နှင့် အစိုးရ အပစ်ခတ်ရပ်စဲရေးအတွက် အကြိုညှိနှိုင်းဆွေးနွေး

    KNPP နှင့် အစိုးရ အပစ်ခတ်ရပ်စဲရေးအတွက် အကြိုညှိနှိုင်းဆွေးနွေး

    -

    ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နှင့် အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ အပစ်ခတ်ရပ်စဲရေးအတွက် အကြိုညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ တွေ့ဆုံခဲ့ကြသည်။

    (ဓါတ်ပုံ-ကေအဲန်ပီပီ) အစိုးရနှင့် KNPP တွေ့ဆုံဆွေးနွေးမှုတခု
    တွေ့ဆုံပွဲတွင် နောက်တကြိမ်တွေ့ဆုံပါက အပစ်ခတ်ရပ်စဲရေး သဘောတူညီနိုင်မှုအတွက်ကိုသာ အဓိကထား ဆွေးနွေးခဲ့ကြပြီး အသေးစိတ် မည်သည့်အချက်ကိုမှ မဆွေးနွေးဖြစ်ခဲ့ကြောင်း KNPP က ပြောသည်။

    “အဓိကကတော့ အပစ်ခတ်ရပ်စဲရေးကိုပဲ ဆွေးနွေးဖြစ်ကြတယ်၊ အလွတ်သဘောတွေ့ဆုံကြတာပဲ၊ ဘာလက်မှတ်မှ မထိုးခဲ့ကြဘူး၊ ဒါပေမယ့် တခုဆုံးဖြတ်ကြတာက လာမယ့်လပထမပတ်လောက်မှာ နောက်တခါထပ်တွေ့ဆုံဖို့ပဲ၊ အဲဒီအခါကျမှ အသေးစိတ် ဆွေးနွေးကြမယ်” ဟု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ အတွင်းရေးမှူး ၁ ခူဦးရယ်က ပြောသည်။

    ဦးအောင်မင်းဦးဆောင်သည့် မြန်မာအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် အကျိုးတော်ဆောင်များနှင့် KNPP အတွင်းရေးမှူး ၁ ခူဦးရယ်ဦးဆောၚ်ပြီး၊ ကာကွယ်ရေး စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘီထူး၊ အတွင်းရေးမှူး ၂ ဦးအောင်ဆန်းမြင့်နှင့် ဗဟိုကော်မတီဝင် ပလုရယ် တို့ပါဝင်ကြသည်။

    ခူဦးရယ်က “သူတို့ဘက်က အဓိက အပစ်ခတ်ရပ်စဲရေးကိုပဲ ပြောတယ်၊ ကျနော်တို့ကလဲ ဆွေးနွေးတယ် ဒါပေမယ့် ကျနော်တို့က တခြား ပြည်သူတွေရဲ့ ပြန်လည်နေရာချထားရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး စတာတွေကို ယေဘုယျသဘော ဆွေးနွေးခဲ့တယ်”

    ယခုတွေ့ဆုံမှုသည် လာမည့် မတ်လပထမအပတ်အတွက် အကြိုဆွေးနွေးထားသည့် သဘောသာဖြစ်ကြောင်း ယခုယေဘုယျ ဆွေးနွေးထားသမျှကိုလည်း လာမည့်မတ်လမှသာ အသေးစိတ်ပြန်လည်ဆွေးနွေးကြမည်ဖြစ်ကြောင်း သူက ပြောသည်။

    ကရင်နီအမျိုးသားတိုးတက်ရေးပါတီသည် ၂၀၁၁ ခုနှစ် နို၀င်ဘာလ ၁၉ ရက်နေ့တွင် ပထမဆုံးအကြိမ်အဖြစ် မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် တွေ့ဆုံခဲ့ကြသည်။

    ဦးအောင်မင်းဦးဆောင်သည့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့သည် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မွန်ပြည်သစ်ပါတီနှင့် တွေ့ဆုံခဲ့ကြပြီး နှစ်ဘက် ပဏာမသဘောတူ လက်မှတ်ထိုးခဲ့ကြသည်။ ထိုအတူ ဖေဖော်ဝါရီ ၅ ရက်နေ့တွင်လည်း ပအိုဝ့်အမျိုးသားအစည်းအရုံးနှင့် တွေ့ဆုံခဲ့ကြပြီး ယနေ့တွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)နှင့် မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစုတို့နှင့်လည်း အသီးသီးတွေ့ဆုံခဲ့ကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks