Saturday, March 14, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ် ဖွံ့ဖြိုးရေး အတွက် ခရီးသွားလုပ်ငန်း မြှင့်တင်မည်

    မွန်ပြည်နယ် ဖွံ့ဖြိုးရေး အတွက် ခရီးသွားလုပ်ငန်း မြှင့်တင်မည်

    -

    ဂျူရီချိုင်း – မွန်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် ခရီးသွား လုပ်ငန်းမြှင့်တင်ဆောင်ရွက်သွားရန် ရန်ကုန်မှ လုပ်ငန်းရှင်ကြီးများနှင့် မွန်ပြည်နယ်လုပ်ငန်းရှင်များ ပြီးခဲ့သည့်ဇန်နဝါရီ ၂၉ ရက်နေ့က တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြကြောင်း ဆွေးနွေးပွဲတက်ရောက်သည့် လုပ်ငန်းရှင်များထံမှ သိရသည်။

    ဆွေးနွေးပွဲတွင် လက်ရှိ ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်းမှ ရရှိသည့်ဝင်ငွေ ၁၃ သန်းကို ဥပမာပြပြီး မွန်ပြည်နယ် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးကို ဆွေးနွေးခဲ့ကြသည်။

    မွန်တွင် ခရီးသွားများအား ဆွဲဆောင်နိုင်သည့် ထိုင်း-မြန်မာနယ်စပ် မြဝတီ-ဖားအံလမ်းဟောင်းနှင့် ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင် စံခလပူရီလမ်းဟောင်းများကိုပြုပြင်မွမ်းမံလျှင် ထိုင်းဝင်ငွေအတိုင်း မွန်ပြည်နယ်တွင်လည်း ရရှိလာနိုင်သည်ဟု ဆွေးနွေးပွဲဦးဆောင်သူ အစိုးရငြိမ်းချမ်းရေးအကျိုးဆောင် စီးပွားရေး လုပ်ငန်းရှင် စက်မှုကုန်ထုတ်အသင်း ဒုဥက္ကဌ ဦးလှမောင်ရွှေက ပြောသည်။

    သူက “ထိုင်းလိုပဲ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရင် မွန်လဲ ၀င်ငွေတိုးလာမှာပဲ။ မွန်ပြည်နယ်မှာ ကုန်သွယ်မှုလုပ်ငန်းတွေ၊ ၀န်ဆောင်မှုလုပ်ငန်းတွေ အားနည်းနေလို့ ကျနော်တို့ဘက်က ဒီလုပ်ငန်းတွေဖွံ့ဖြိုးလာအောင် ပံ့ပိုးပေးသွားမယ်” ဟုပြောသည်။

    ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် ရန်ကုန်မှလုပ်ငန်းရှင်ကြီးများက မွန်ပြည်နယ်တွင် လူမှုအဖွဲ့အစည်းများ အားကောင်းစေရန်နှင့် စီးပွားရေးဆိုင်ရာ အသိအမြင်များရရှိစေရန် ပညာရှင်များ ဖိတ်ခေါ်ပေးပြီး ဆွေးနွေးပွဲများ ပြုလုပ်ပေးမည် ဖြစ်သည်။

    ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့ မွန်ပြည်သစ်ပါတီနှင့် အစိုးရ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင်လည်း မွန်ပြည်နယ်၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးစေရေးအတွက်ကိုလည်း မီးရထားဝန်ကြီး ဦးအောင်မင်းက ပြောဆိုခဲ့သည်ဟု ဦးလှမောင်ရွှေက ပြောသည်။

    အများလက်ခံပါက မွန်ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်း မြှင့်တင်နိုင်ရေးအတွက် မွန်ပြည်နယ် သံဖြူဇရပ်မြို့မှ စစ်သချင်္ုိင်း လမ်းဟောင်းများ ပြုပြင်သွားရန် အစီအစဉ်ရှိသည်ဟု သိရသည်။

    လာမည့် ဖေဖော်ဝါရီလ တတိယအပတ် အစိုးရနှင့် မွန်ပြည်သစ်မံပါတီထပ်မံဆွေးနွေးမည့်ပွဲတွင် ဒေသဖွံ့ဖြိုးရေးနှင့်ပတ်သက်ပြီး အသေးစိတ်ဆွေးနွေးမည်ဟုလည်း သိရှိရသည်။

    စီးပွားရေးတွေ့ဆုံပွဲတွင် ဦးလှမောင်ရွှေနှင့် တွဲဖက် ဦးတင်မောင်သန်းတို့ ဦးဆောင်ကာ မွန်ပြည်နယ် စီးပွားရေးလုပ်ငန်းရှင် စုစုပေါင်း ၄၀ ကျော် တက်ရာက်ကြသည်။ ရန်ကုန်မှ ငါးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံခရီးသွားမြှင့်တင်ရေးအဖွဲ့၊ ဆန်စပါးအသင်းတို့မှ တာဝန်ရှိသူများလည်းပါ၀င်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks