spot_img
Friday, March 14, 2025
More
    spot_img
    Homeသတင်းမြဝတီအထူးစီပွားရေးဇုန် အမြန်ဆုံး အကောင်အထည်သွားမည်ဟုဆို

    မြဝတီအထူးစီပွားရေးဇုန် အမြန်ဆုံး အကောင်အထည်သွားမည်ဟုဆို

    -

    ဂျူရီချိုင်း – ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် အထူးစီးပွားရေးဇုန်တည်ဆောက်ရေး အမြန်ဆုံးအကောင် အထည်ဖော်သွားမည်ဟု စက်မှုဝန်ကြီးဌာနက ပြောသည်။

    မြဝတီ-သင်္ဃန်းညီနောင်းကားလမ်းတွင် ကုန်ပစ္စည်းသယ်ပို့နေပုံ( Photo-Internet)

    “ ဒီစက်မှုဇုန်က ကရင်ပြည်နယ်ဖွံ့ဖြိုးရေး အတွက်ပေါ့နော်၊ အမြန်းဆုံးတည်ဆောက်နိုင်ဖို့ အခု ကျွန် တော်တို့ လောလောဆယ် စီမံကြိုးစားနေဆဲပဲ” ဟု မြန်မာနိုင်ငံ စက်မှုဝန်ကြီးဌာန ရုံးအဖွဲ့မှူး ဦးသွင်မြင့်အောင်က ပြောသည်။

    မြဝတီမြို့ အထူးစက်မှုဇုန်ကို ကရင်ပြည်နယ်အတွင်း အလုပ်အကိုင်ရရှိရေး၊ ကရင်ပြည်သူများ တစ်ဖက်နိုင်ငံသို့သွားပြီး အလုပ်လုပ်ကိုင်မှုလျှော့ပါးရေး စသည့်ရည်ရွယ်ချက်များဖြင့် တည်ဆောက်ရခြင်းဖြစ်သည်ဟု ဦးသွင်မြင့်အောင်က ရှင်းပြသည်။

    စတင်အကောင်အထည်ဖော်သွားမည့်ရက်ကို အတိအကျမပြောနိုင်သေးဟု စက်မှုဝန်ကြီးဌာနက ဆိုသည်။

    “စက်မှုဇုန်ဆောက်ဖို့အတွက် သင်္ဃန်းညီနောင်နှင့် မြဝတီမြို့အကြား မြေယာတွေကြည့်ထားတယ်၊ မြေတော့မတိုင်းရသေးဘူး” ဟု မြဝတီမြို့ခံ စီးပွားရေးလုပ် ငန်းရှင်ဦးနိုင်က ပြောသည်။

    အကယ်၍ ရည်ရွယ်ထားသည့်မြေယာများအတိုင်း ဆောက်ဖြစ်သွားပါက မြေပိုင်ရှင်များထံမှ အဓ္ဓမ မသိမ်းပဲ သတ်မှတ်သည့် ပေါက်စျေးအတိုင်း လျော်ကြေး ညှိနှိုင်းပေးသွားမည်ဟု ကြားသိရကြောင်း ၎င်းမြို့ခံက ပြောသည်။

    စက်မှုဇုန်တည်ဆောက်မှုနှင့် ပတ်သက်၍ ယနေ့မနက်တွင် မြန်မာနိုင်ငံမှ ဆောက်လုပ် ရေးညွှန်ကြားရေးမှူးချုပ် အရာရှိတစ်ဦးနှင့် မြဝတီ-မဲဆောက်မြို့သို့ ထိုင်းဆောက်လုပ် ရေးညွှန်ကြားရေးမှု တာဝန်ရှိသူတို့နှင့် ညှိနှိုုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြသည်။

    မြန်မာနိုင်ငံ၏ ဒုတိယ အရေးပါဆုံး ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်သော မြဝတီ-မဲဆောက်ကုန်သွယ်ရေး ဇုန်အနီးတွင် မြဝတီစက်မှုဇုန် တည်ဆောက်မည်ဖြစ်သဖြင့် နေအိမ်များ ဆောက်လုပ်ခြင်း၊ စိုက်ပျိုးလုပ်ကိုင်ရန် ခုတ်ထွင်ရှင်းလင်းခြင်း၊ မြေညိုခြင်း၊ အဆေက်အဦးများ ဆောက်လုပ်ခြင်း၊ လူနေထိုင်ခြင်း၊ စိုက်ပျိုးလုပ်ကိုင်ခြင်းမပြုလုပ်ရန် မြို့နယ် အုပ်ချုပ်ရေးမှူးက ကြေညာချက်ထုတ်ပြန်ထားသည်ဟု The Voice Journal ၏ Facebook တွင် ဖော်ပြထားသည်။

    ယင်းစက်မှုဇုန်ကို မြဝတီမြို့နယ် သင်္ဃန်းညီနောင် ကျေးရွာအုပ်စုရာသစ်ကျေးရွာအနီး မြေဧက ရ၃၉ ပေါ်တွင်တည်ဆောက်သွားမည်ဖြစ်ကြောင်း ယင်းသတင်းဖော်ပြချက်တွင် ပါရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    33,400SubscribersSubscribe
    spot_img

    Latest posts