Sunday, March 8, 2026
More
    spot_img
    Homeသတင်းတနိုင်တပိုင် ခဲတူးခွင့်ရခြင်းဖြင့် ဒေသခံများ အဆင်ပြေမှုရှိလာ

    တနိုင်တပိုင် ခဲတူးခွင့်ရခြင်းဖြင့် ဒေသခံများ အဆင်ပြေမှုရှိလာ

    -

    မင်းတော်လဝီ – ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ်၊ ဘုရားဆူမြို့နယ်ရှိ ဒေသခံများနှင့် ရွှေ့ပြောင်းအလုပ်သမားများ တနိုင်တပိုင် ခဲတူးခွင့်ရကြ၍ မိသားစု စားဝတ်နေရေး အဆင်ပြေမှုရှိလာကြသည်ဟု ခဲတူးအလုပ်သမားများက ပြောသည်။

    ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလမှစပြီး တနိုင်တပိုင်ခဲတူးခွင့်ကို ခဲတူးကုမ္ပဏီများက ခွင့်ပြုလိုက်ပြီးနောက် ခဲတူးအလုပ်သမားများကြား အဆင်ပြေလာကြသည်။

    “ယခင်နှစ်တွေမှာ ရွာခံတွေ၊ ရွှေ့ပြောင်းအလုပ်သမားတွေ ဒီလိုလုပ်ကွက်ထဲမှာ လုပ်ခွင့်မရရှိဘူး၊ အခုကုမ္ပဏီပိုင် လုပ်ကွက်အပြင်ဘက်က ခဲတွေကို ကိုယ့်ဘာသာ ကိုယ်တူးပြီး ကြိုက်တဲ့နေရာမှာ ရောင်းလို့ရတယ်” ဟု မဲကသာရွာခံ ခဲရောင်းဝယ်နေသူတဦးက ပြောသည်။

    ထိုကဲ့သို့ အဆင်ပြေမှုရှိလာသည့်အတွက် ခဲတူးလုပ်ငန်းကို ဘုရားသုံးဆူနယ်တဝိုက်ရှိ မယ်ကသာရွာ၊ ကျုံကွီးရွာ၊ စောသပြုရွာနှင့် အနီးနားရွာများသာမက မြို့တဝိုက်ရှိ ကျဗန်းလုပ်ကိုင်စားနေသူကြသည့် ရွှေ့ပြောင်း အလုပ်သမားများလည်း လုပ်ကိုင်လာကြသည်။

    ခဲလုပ်ကွက်များသည် ဘုရားသုံးဆူမြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်ကြား အမှတ် (၁) မှ အမှတ် (၆) ထိရှိပြီး တခြားတနိုင်တပိုင်လုပ်ကွက်များစွာလည်း ရှိနေသည်။

    ယခုလို ဒေသခံအလုပ်သမားများ ခဲတူးခွင့်ရရှိနိုင်အောင် ဘုရားသုံးဆူဒေသ အခြေစိုက် ခဲလုပ်ခွင့်ရ ဇွဲကပင် ခဲထုတ်လုပ်ရေးကုမ္ပဏီအပါအဝင် မြန်မာကုမ္ပဏီများနှင့် ထိုင်းကုမ္ပဏီများ၊ ကေအန်ယူ (KNU) တို့မှ လုပ်ခွင့်ပေး၍လည်း လုပ်ခွင့်ရကြသည်ဟု ခဲလုပ်ကွက် အမှတ်(၁) မှ ခဲတူးအလုပ်သမား ကိုနိုင်ဝင်းက ပြောသည်။

    ကိုနိုင်ဝင်းက “တူးလို့ရတဲ့ခဲတွေကို လုပ်ကွက်ထဲ ဒါမှမဟုတ် ဘုရားသုံးဆူမှာ ရောင်းလို့ရတယ်၊ ခဲတအိတ် ၅၀ ကီလိုဆိုရင် လုပ်ကွက်ရောင်းရင် ဘတ် ၆၀၀ ရတယ်၊ ဘုရားသုံးဆူမှာရောင်းရင် ဘတ် ၁၀၀၀ ရတယ်၊ အဲလိုတော့ စျေးကွာဟမှုရှိတယ်”

    ယခုကဲ့သို့ ခဲတူးခွင့်ရခြင်းသည် မိသားစုအလိုက် ခဲတူးသူများအတွက် ဝင်ငွေကောင်းရရှိပြီး ဆင်ပြေမှုရှိသော်လည်း ကျန်းမာရေးပြုစုစောင့်ရှောက်မှုမရှိ၍ ဖျားနာသည့်အခါ အခက်အခဲများစွာကြံုတွေ့ကြရသည်ဟု ခဲလုပ်ကွက် (၃) အလုပ်သမား ဒေါ်စပါယ်က ပြောသည်။

    သို့သော် ဒေသခံရွာသားမျာ နှင့် ရွှေ့ပြောင်းအလုပ်သမားများအတွက် ယခုကဲ့သို့ မိမိဒေသအတွင်း အလုပ် လုပ်နိုင်သည့်အတွက် အဆင်ပြေမှုရှိနေကြောင်း ဒေါ်စပါယ်က ဆက်ပြောသည်။

    ကရင်ပြည်နယ်ဘုရားသုံဆူဒေသမှ ထွက်ရှိသည့် ခဲများကို မြန်မာပြည်ဘက်သို့ တင်သွင်းနေတာရှိသလို ထိုင်းနိုင်ငံဘက်သို့လည်း တင်ပို့ရောင်းချကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks