spot_img
Wednesday, February 18, 2026
More
    spot_img
    Homeသတင်းမွန်ပြည်သစ်ပါတီနှင့် အစိုးရ ဒုတိယအကြိမ်ထပ်မံဆွေးနွေးမည်

    မွန်ပြည်သစ်ပါတီနှင့် အစိုးရ ဒုတိယအကြိမ်ထပ်မံဆွေးနွေးမည်

    -

    ဂျူရီချိုင်း – မွန်ပြည်သစ်ပါတီနှင့် မြန်မာအစိုးရကိုယ်စားလှယ်တို့ ဒုတိယအကြိမ်ဆွေးနွေးပွဲကို လာမည့် ဖေဖော်ဝါရီလ(၁) ရက်နေ့၌ မွန်ပြည်နယ် မော်လမြိုင်မြို့ပေါ်တွင် တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။

    မြန်မာအစိုးရကိုယ်စားလှယ် မီရထားဝန်ကြီးဦးအောင်မင်းနှင့် မွန်ပြည်သစ်ပါတီတို့ ပထမအကြိမ်ဆွေးနွေးပွဲ
    ယင်းဆွေးနွေးပွဲတွင် မွန်ပြည်သစ်ပါတီဘက်မှ ဒုဥက္ကဌ နိုင်ရော့စ ခေါင်းဆောင်သည့် မွန်ပြည်သစ်ပါတီ ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့နှင့် မြန်မာအစိုးရဘက်မှ မီးရထားဝန်ကြီး ဦးအောင်မင်းဦး ဆောင်သော ပြည်ထောင်စုအဆင့် အစိုးရ ကိုယ်စားလှယ်များနှင့် တွေ့ဆုံမည် ဖြစ်သည်။

    “အစိုးရနဲ့ ငြိမ်းချမ်းရေးကိစ္စဆွေးနွေးဖို့အတွက် ကျွန်တော်တို့ ကိုယ်စားလှယ်တွေ ရွေးထားပြီးပြီ၊ အပစ်ခတ်ရပ်စဲရေးနဲ့ နိုင်ငံရေးပြသနာအဓိကဆွေးနွေးသွားမယ်” ဟု မွန်ပြည်သစ်ပါတီ နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ နိုင်ဟံသာဗွန်ခိုင်က ပြောသည်။

    ထို့အပြင် နိုင်ရော့စ ဦးဆောင်သောမွန်ပြည်သစ်ပါတီကိုယ်စားလှယ်အဖွဲ့တွင် ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်လယီကောင်း၊ ဗဟိုအုပ်ချုပ်ရေးဌာနတာဝန်ခံ နိုင်တလညီ၊ စစ်ဦးစီးအဖွဲ့ဝင် ဗိုဟ်မှူးကြီးဗညားချမ်းနွန်(ဗိုလ်မှူးကြီးဘခိုင်)၊ မော်လမြိုင်ခရိုင် ဥက္ကဌနိုင်အေးမွန်၊ ထားဝယ်ခရိုင်ဥက္ကဌ နိုင်ဗညားလေးနှင့် သထုံခရိုင်အတွင်းရေးမှူး နိုင်ဧက တို့လည်း ပါဝင်သည်။

    ဆွေးနွေးမှုအပေါ် တနိုင်ငံလုံး ငြိမ်းချမ်းကိစ္စကို အဓိကထားဆွေးနွေးသွားမည်ဖြစ်ပြီး အကျဉ်းကျခံနေရသည့် မွန်နိုင်ငံရေးအကျင့်သား များအားလုံး လွှတ်ပေးရန် ထပ်မံတောင်းဆိုသွား မည်ဟု နိုင်ဟံသာဗွန်ခိုင်က ဆက်ပြောသည်။

    ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ဦးအောင်မင်းဦးဆောင်သော မြန်မာအစိုးရ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖေါ်ဆောင်မှုအဖွဲ့နှင့် နိုင်ဟံသာခေါင်းဆောင်သည့် မွန်ပြည်သစ်ပါတီ ကိုယ်စားလှယ်အဖွဲ့တို့ ငြိမ်းချမ်းရေးအတွက် ပထမအကြိမ်တွေ့ဆုံဆွေးနွေးပွဲကို ထိုင်းနိုင်ငံ စံခလပူရီမြို့၌ တွေ့ဆုံခဲ့ပြီးဖြစ်သည်။

    အစိုးရဘက်မှ ကိုယ်စားလှယ်များက ၂၀၁၂ ဇန်နဝါရီလအတွင်း ထပ်မံဆွေးနွေးရန် မွန်ပြည်သစ်ကို ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။

    မွန်ပြည်သစ်ပါတီသည် ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလက ပြည်နယ်အစိုးကိုယ်စားလှယ်များနှင့် ရေးမြို့တွင် တကြိမ်၊ နိုဝင်ဘာလတွင် မွန်ပြည်နယ်အစိုးရငြိမ်းချမ်းရေး အကျိုးတော်ဆောင်များနှင့် ဗဟိုဌာနချုပ်တွင် တကြိမ် တွေ့ဆုံခဲ့ကြသည်။

    မွန်ပြည်သစ်ပါတီသည် ၁၉၉၅ ခုနှစ်တွင် မြန်မာစစ်အစိုးရနှင့် အပစ်ရပ်သဘောတူညီမှုရယူခဲ့ပြီး စစ်အစိုးရ၏ နယ်ခြားစောင့်တပ်ပြောင်းလဲဖွဲ့စည်းရေးကို လက်မခံသည့်အတွက် ၂၀၁၀ ခုနှစ် စက်တင်ဘာလကစပြီး အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်ခဲ့ကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks