spot_img
Sunday, August 3, 2025
More
    spot_img
    Homeသတင်းတောင်သူများ၏လူမှုစီးပွား စစ်တမ်းကောက်ယူရာမှာ လယ်သမားများ ကြေက်ရွံ့နေ

    တောင်သူများ၏လူမှုစီးပွား စစ်တမ်းကောက်ယူရာမှာ လယ်သမားများ ကြေက်ရွံ့နေ

    -

    မင်းတော်လဝီ – မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်း၏သုတေသန စစ်တမ်းကောက်ယူရေးအဖွဲ့မှ မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ တောင်သူ လယ်သမားများကိုစစ်တမ်းကောက်ယူရာမှာ လယ်သမားများအဖြေမှန်အချက်အလက်များကိုဖြေကြားရမှာကို ကြောက်ရွံ့နေကြသည်။

    “စစ်တမ်းကောက်မယ် ဆိုတဲ့ အသံကြားတော့ လယ်သမားတွေကြောက်ကြတယ်၊ အခက်ခဲတွေ သိပ်မပြောရဲဘူး၊ ဆန်ကုန်သည်အသင်းတို့၊ ကုမ္ပဏီတို့ဆိုတာ လယ်မြေကိုသိမ်းတတ်လို့ လယ်သမားတွေ ကြောက်ကြတယ်”ဟု မုဒုံမြို့နယ် ကွမ်ဝာာရွာ လယ်သမား တဦးက ပြောသည်။

    စစ်တမ်းကောက်ဖို့ လယ်သမားများ နှိုးဆော်ထားသော်လည်း တချို့လယ်သမားများမလာကြပဲ တချို့လယ်သမားများသာကြသည်ဟု အထက်က လယ်သမားကပြောသည်။

    “စစ်တမ်းအဖွဲ့က စပါးအထွက်နှုန်းကို မေးတဲ့အခါ စပါးအထွက်အမှန်ကို မပြောရဲဘူး၊ အမှန်ထွက်ထက် ပိုပြီပြောတာများတယ်၊ အကယ်၍စပါးအထွက်ကလျှော့နည်းနေရင်ကုမ္ပဏီက အထွက်ပိုအောင်လုပ်ပြမယ်ဆိုပြီး လယ်မြေကိုသိမ်းမှာကို စိုးရိမ်ရလို့ အခုလို အထွက််ပိုပြောရတယ်”ဟု မွန်ပြည်နယ် မုဒုံမြို့နယ် ဘဲရမ်းရွာခံတဦးက ပြောတယ်။

    စစ်တမ်းအဖွဲ့က လယ်သမားရှိရာ လယ်ကွင်းထိဆင်းပြီး စိုက်ပျိုးရေးဆိုင်ရာအချက်အလက်များကို မေးမြန်းရာမှာ တချို့လယ်ရှှင်ကို မတွေ့သည့်အခါ လယ်စာရင်းငှားကို မေးပြီး စစ်တမ်း အချက်အလက်များကို မှတ်သားခဲ့ရတာလည်း ရှိနေသည် ဟုအထက်ပါလယ်သမားက ပြောသည်။

    “လောလောဆယ်မုဒုံမြို့မှာ ဆန်စပါးအထူးပြု ကုမ္ပဏီတွေရှိနေတယ်၊ အမျိုးသားတိုးတက်ရေးရယ်၊မြကျွန်းရာမညရယ် ကုမ္ပဏီ ၂ ခုရှိနေပြီး ၄င်းကုမ္ပဏီတွေက စပါးရိတ်သိမ်းချွေလှေ့စက် ငှားရမ်းခကို တစ်ဧက ကျပ် ၃၀၀၀၀ ယူတယ်” ဘဲရမ်းကွင်းမှ စက်ကိုငှားရမ်း အသုံးပြုခဲ့သူလယ်သမား တဦးကပြောသည်။

    စစ်တမ်းကောက်ယူရေးအဖွဲ့သည် မွန်ပြည်နယ် မုဒုံမြို့နယ် ဘဲရမ်းရွာ၊ ကွမ်တာ၊ ညောင်ကုန်း၊ ဝက်တဲ၊ ကမာဝက်ရွာတို့တွင် ဒီဇင်ဘာလ ၂၈ ရက်မှ ၂၀၁၂ ခုနှစ် ဇန်နာဝရီလ ၁ ရက်နေ့အထိ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်ဟု မုဒုံမြို့ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှ ဝန်ထမ်းတဦးက ပြောသည်။

    မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်းသည် တောင်သူများ၏ လူမှုစီးပွား အခြေအနေ၊ ပြည်တွင်းဆန်စပါး စိုက်ပျိုး ထုတ်လုပ်မှု၊ အထွက်နှုန်း၊ စိုက်ပျိုးရေးဆိုင်ရာ လက်တွေ့ဖြစ်ပေါ်မှု အခြေအနေ၊ ဆန်စပါးအထူးပြု ကုမ္ပဏီများ၏ ကန်ထရိုက် လယ်ယာအခြေအနေ၊ သုတေသနနှင့်ဖွံ့ဖြိုးမှုအခြေအနေများကို အထောက်အကူပြုနိုင်ရေး ရည်ရွယ်ဆောင်ရွက်သည်ဟု စစ်တမ်းအဖွဲ့တွင် (Research Partner) အဖြစ်ပူးပေါင်းပါဝင်ခဲ့သူ မုဒုံမြို့ ကုန်သွယ်လယ်ယာ ဝန်ထမ်း တဦးက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    36,100SubscribersSubscribe
    spot_img

    Latest posts