spot_img
Monday, February 16, 2026
More
    spot_img
    Homeသတင်းမြန်မာအစိုးရနှင့်ငြိမ်းချမ်းရေးဆွေးနွေးရန် မွန်ပြည်သစ်ဆုံးဖြတ်ချက်မချသေး

    မြန်မာအစိုးရနှင့်ငြိမ်းချမ်းရေးဆွေးနွေးရန် မွန်ပြည်သစ်ဆုံးဖြတ်ချက်မချသေး

    -

    မင်းသုတ – ယမန်နေ့ညပိုင်းတွင် မွန်သတင်းထောက်များ၏ Online မေးမြန်းချက်တစ်ရပ်၌ မြန်မာအစိုးရနှင့်ငြိမ်းချမ်းရေးဆွေးနွေးမည့်ကိစ္စအား မွန်ပြည်သစ်ပါတီမှ မဆုံးဖြတ်ရသေးဟု မွန်ပြည်သစ်ပါတီအထွေထွေအတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။

    အပစ်ရပ်ကိစ္စနှင့်ပတ်သက်၍ ဂျာနယ်အချို့ဖေါ်ပြချက်
    အပစ်ရပ်ကိစ္စနှင့်ပတ်သက်၍ ဂျာနယ်အချို့ဖေါ်ပြချက်
    ယခုလ ၂၀ ရက်နေ့တွင် မြန်မာအစိုးရနှင့် မွန်ပြည်သစ်ပါတီနှစ်ဖက်ကိုယ်စားလှယ်များ မော်လမြိုင်မြို့၌ တွေ့ဆုံကြမည့်သတင်းထွက်ပေါ်နေခြင်းအပေါ် ရည်ညွှန်းပြောဆိုလိုက်ခြင်းဖြစ်သည်။

    “ကျနော်တို့ဗဟိုကော်မတီဝင်တွေ မအားသေးဘူး၊ ဒီကိစ္စကို မကိုင်တွယ်ရသေးဘူး၊ မကြာခင် မွန်အမျိုးသားနှီးနှောဖလှယ်ပွဲတွေလည်း ကျင်းပဖို့စီစဉ်ထားပါပြီ၊ အဲဒီကရလာတဲ့ရလဒ်အပေါ် တွေ့ဆုံဆွေးနွေးရေးကိစ္စကို ဆုံးဖြတ်သွားပါမယ်” ဟု နိုင်ဟံသာက ပြောသည်။

    ပြီးခဲ့သည့် ဒီဇင်ဘာ (၂၁) ရက်နေ့မှစတင်၍ မွန်ပြည်သစ်ပါတီ၏ (၈) ကြိမ်မြောက်ပါတီညီလာခံကိုကျင်းပခဲ့ရာ ပြီးဆုံးတော့မည့်အခြေအနေသို့ရောက်ရှိနေပြီဟု သိရသည်။

    ၄င်းညီလာခံမှ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ ဗဟို၊ ခရိုင်၊ မြို့နယ်ကော်မတီဝင် အဆင့်ဆင့်တို့ရွေးချယ်ခဲ့ပြီး ပါတီဝင်(၁၁၅) ဦးနှင့် လေ့လာသူ (၁၄) ဦးတက်ရောက်ခဲ့သည်။

    “ပါတီညီလာခံကနေ တစ်ပြည်လုံး တစ်ချိန်တည်းအပစ်အခတ်ရပ်စဲဖို့ဆိုတဲ့ UNFC ရဲ့မူအပေါ်မှာပါပဲ ကျနော်တို့ဆက်လက် ရပ်တည်တယ်၊ အပစ်အခတ်ရပ်စဲပြီးတာနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ အမြန်ဆုံးလုပ်သွားဖို့ကို ကျနော်တို့တောင်းဆိုတယ်”ဟု နိုင်ဟံသာက ပြောသည်။

    မြန်မာအစိုးရမီးရထားဝန်ကြီးဦးအောင်မင်းဦးဆောင်သော မြန်မာအစိုးရပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖေါ်ဆောင်မှုအဖွဲ့နှင့် နိုင်ဟံသာခေါင်းဆောင်သည့်မွန်ပြည်သစ်ပါတီကိုယ်စားလှယ်အဖွဲ့တို့ ပြီးခဲ့သည့်ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံ၌ ပထမအကြိမ်တွေ့ဆုံခဲ့ပြီးဖြစ်သည်။

    ၄င်းတို့တွေ့ဆုံဆွေးနွေးကြစဉ် ဦးအောင်မင်းက “ဇန်နဝါရီလ ၅ ရက်နေ့မှာ ချင်းအဖွဲ့ CNF, ၁၂ ရက်နေ့မှာ KNU အဖွဲ့တွေနဲ့တွေ့ပါမယ်၊ အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးကြမယ်၊ ဖြစ်နိုင်မယ်ဆိုရင် မွန်ပြည်သစ်ပါတီနဲ့ တတိယအပတ်မှာတွေ့ချင်တယ်” ဟု ပြောခဲ့သည်။

    ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ရထားဝန်ကြီး ဦးအောင်မင်းနှင့် တွဲဖက်အတွင်းရေးမှူး ဒေါက်တာရွှေခါး ဦးဆောင်သော CNF ကိုယ်စားလှယ်အဖွဲ့တို့ ချင်းပြည်နယ်၊ ဟားခါးမြို့၌ ယမန်နေ့တွင် အပစ်အခတ်ရပ်စဲရေးသဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ပြီးဟု သတင်းများတွင်ဖေါ်ပြနေသည်။

    မွန်ပြည်သစ်ပါတီသည် ၁၉၉၅ ခုနှစ်တွင် နဝတစစ်အစိုးရနှင့် ပထမအကြိမ်အပစ်အခတ်ရပ်စဲမှုသဘောတူခဲ့ကြပြီး လွန်ခဲ့သည့်နှစ်တွင် သဘောတူညီမှု ပျက်ပြယ်ခဲ့သော်လည်း နှစ်ဖက်တပ်ဖွဲ့အကြား ပစ်ခတ်မှုများမရှိကြသေးပေ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks