Tuesday, March 10, 2026
More
    spot_img
    Homeသတင်းမွန်ပြည်သစ်ပါတီခေါင်းဆောင်နေရာ အပြောင်းအလဲမရှိ

    မွန်ပြည်သစ်ပါတီခေါင်းဆောင်နေရာ အပြောင်းအလဲမရှိ

    -

    မင်းသုတ – မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၉ ဦးကို ယနေ့တွင် ပြန်လည်ရွေးချယ်ခဲ့ရာ ခေါင်းဆောင်ပိုင်း တစုံတရာအပြောင်းအလဲမရှိပဲ လစ်လပ်သောနေရာများတွင် မျိုးဆက်သစ်များ ဝင်ရောက်တာဝန်ယူလာသည်။

    အဌမအကြိမ်မြောက်မွန်ပြည်သစ်ပါတီညီလာခံ
    အဌမအကြိမ်မြောက်မွန်ပြည်သစ်ပါတီညီလာခံ

    အဌမအကြိမ်မြောက် မွန်ပြည်သစ်ပါတီကျင်းပလျှက်ရှိပြီး ဦးဆောင်မှုအခန်းတွင် အဓိကတာဝန်ယူကြရသော ဗဟိုအလုပ်အမှုဆောင်များကိုရွေးချယ်ခဲ့ရာ ပါတီဥက္ကဌနိုင်ထောမွန်၊ ဒုဥက္ကဌနိုင်ရော့စ၊ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာတို့ မူလတာဝန်များအတိုင်း လှို့ဝှက်မဲဖြင့် ပြန်လည်ရွေးချယ်ခံကြရသည်။

    “အပြောင်းအလဲဘာမှမရှိပါ၊ လစ်လပ်ခဲ့တဲ့ခေါင်းဆောင်တွေနေရာမှာ လူသစ်တွေ အစားထိုးဝင်လာတာပဲရှိတယ်” ဟု ဗဟိုဌာနချုပ်ရုံးအုပ် နိုင်အေးမွန်က ပြောသည်။

    ယခင်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နိုင်ရွေသိန်းသည် အသက်ကြီး၍ ကျန်းမာရေးအခြေအနေအရ မွန်ပြည်သစ်ပါတီမှအနားယူခွင့် ရရှိခဲ့သည်ဟု သိရသည်။

    ပါတီဗဟိုအလုပ်အမှုဆောင်အသစ်များတွင် ဗိုလ်မှူးချုပ်လယီကောင်း၊ ဗိုလ်မှူးချုပ်စိုက်ထော(နိုင်ပလုံ)နှင့် နိုင်ဝင်းလှ တို့ပါဝင်လာသည်။

    နိုင်အေးမွန်က “ဗဟိုကော်မတီဝင်က အရင်အတိုင်း (၂၇) ဦးပဲ၊ ဒါပေမယ့် အရန်ဗဟိုကော်မတီဝင်ကတော့ (၃) ယောက်ပဲ ထားတော့တယ်” ဗဟိုကော်မတီဝင်များတွင် နိုင်ဧက၊ ဗိုလ်မှူးဇာတာမာန်(ဉာဏ်ထောန်)၊ ဗိုလ်မှူးကြီးပလောရွတ်၊ နိုင်ထွန်းနှင့် ဒုဗိုလ်မှူးကြီးချမ်းဝင်းအောင်တို့ (၅) ဦးတို့ ရွေးချယ်ခံရသည်။

ထို့အတူ အရန်ဗဟိုကော်မတီဝင် (၃) ဦးတွင် ဒုဗိုလ်မှူးကြီး M-စိုက်ချမ်း၊ ဗိုလ်မှူးကျည်ဆံနှင့် ဗိုလ်မှူးဂျလွန်းထောတို့ ရွေးချယ်ခံရသည်။

    သတ္တမအကြိမ်မြောက် မွန်ပြည်သစ်ပါတီညီလာခံကို ၂၀၀၉ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းတွင် ကျင်းပခဲ့သည်။

    ၁၉၈၉ ခုနှစ်တွင် ပထမအကြိမ်မွန်ပြည်သစ်ပါတီညီလာခံကို ဘုရားသုံးဆူအနီး ယခင်မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ်တွင်စတင်ကျင်းပခဲ့ပြီးနောက် (၃) နှစ်တကြိမ်ဆက်လက်ကျင်းပနေခြင်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks