Sunday, March 8, 2026
More
    spot_img
    Homeသတင်း(၆၅) ကြိမ်မြောက်မွန်အမျိုးသားနေ့ မြေစိုက်ပိုစတာစိုက်ထူကြ

    (၆၅) ကြိမ်မြောက်မွန်အမျိုးသားနေ့ မြေစိုက်ပိုစတာစိုက်ထူကြ

    -

    မင်းသုတ– (၆၅) ကြိမ်မြောက်မွန်အမျိုးသားနေ့ကျင်းပရေး(ဗဟို) မှထုတ်လုပ်သောမြေစိုက်ပိုစတာများအား မွန်ပြည်နယ်ဒေသအနှံ့အပြားတွင် မွန်အမျိုးသားနေ့ပိုစတာများစိုက်ထူနေကြသည်။

    လာမည့် ဖေဖေါ်ဝါရီလ(၈) ရက် မွန်ပြက္ခဒိန်အားဖြင့် တပို့တွဲလပြည့်ကျော်တစ်ရက်နေ့တွင် ယခုနှစ်မွန်အမျိုးသားနေ့ ကျရောက်မည်ဖြစ်သည်။

    “ဗီနိုင်းပိုစတာ တစ်ရာကျော်ဖြန့်ထားပြီးပြီ၊ ကိုယ်ကျင်းပမယ့်အစီအစဉ်တွေကိုလည်း ပိုစတာမှာထည့်ရေးပေးတယ်၊ ကျနော့်ဆီတိုက်ရိုက်အဆက်အသွယ်ယူပြီး ဗီနိုင်းတွေရယူနိုင်ပါတယ်” ဟု (၆၅) ကြိမ်မြောက်မွန်အမျိုးသားနေ့ကျင်းပရေး(ဗဟို) ပြန်ကြားရေးနှင့်ဆက်ဆံရေးတာဝန်ခံ မင်းမင်းနွယ်ကပြောသည်။

    ဗီနိုင်းစျေးနှုန်းမှာ ၁၅ ပေ× ၁၀ ပေ(၃၇၅၀၀) ကျပ်၊ ၁၂ ပေ× ၈ ပေ(၂၄၀၀၀) ကျပ်၊ ၉ ပေ× ၆ ပေ(၁၃၅၀၀) ကျပ်ဖြစ်သည်ဟု သူကဆက်ပြောသည်။

    ယခုနှစ်ပိုစတာပါအကြောင်းအရာမှာ ဖားအံမြို့အနီးရှိ ကော့ဂွန်းဂူကြီး၌ မုတ္တမမိဘုရား ဒုအ်ဝေါပ်(Duwop) မြို့၌နေစဉ် ရှေးမွန်ကျောက်စာ(၂၃) ကျောင်းကို ရေးထိုးခဲ့သည့်အကြောင်းအရာများဖြစ်သည်။

    ယခုနှစ်မွန်အမျိုးသားနေ့ ပိုစတာပါ အဓိပ္ပါယ်ဖေါ်ပြချက်မှာ “ဤဘုရားဆင်းတုတော်ကို မုတ္တမ(မိဘုရား) ဖြစ်သော ကျွန်ုပ်သည် “ဒုအ်ဝေါပ်(Duwop)” မြို့၌ နေ့စဉ်ထုလုပ်၏။ ရှိသမျှသောမြေနှင့် ကျောက်ဘုရားတို့ကို ကျွနု်ပ်နှင့်တပည့်သာလျှင်ထုလုပ်၏၊ အခြားသောဆရာတို့အား ကျောက်ဘရားကိုထုလုပ်စေ၏” ဟူ၍ ဖေါ်ပြထားသည်။

    မွန်ပြည်နယ် ၁၀ မြို့နယ်အနက် ဘီးလင်းမြို့နယ်မှလွဲ၍ မြို့နယ်အဆင့်ကျင်းပရေးကော်မတီများဖွဲ့စည်းထားသည့်အပြင် ကျေးရွာအဆင့်ကျင်းပရေးကော်မတီများကို လည်း ဖွဲ့စည်းထားလျှက် ရှိသည်။

    ထို့အတူ တနင်္သာရီတိုင်း၌ ကော့သောင်း၊ မြိတ်၊ ရေဖြူမြို့နယ်၊ ကရင်ပြည်နယ်၌ ဘုရားသုံးဆူ၊ မြဝတီ၊ ကော့ကရိတ်၊ မြို့နယ်တို့တွင် မြို့နယ်အဆင့်ကျင်းပရေးကော်မတီများဖွဲ့စည်းထား၍ ရန်ကုန်၊ ပဲခူးနှင့် မန္တလေးမြို့များတွင်လည်း မွန်အမျိုးသားနေ့ကျင်းပရန် ပြည်ဆင်လျှက်ရှိသည်။

    ယခုနှစ် မွန်အမျိုးသားကျင်းပရေး(ဗဟို)ကို ကရင်ပြည်နယ်ကော့ဘိန်းကျေးရွားတွင် ကျင်းပမည်ဟု သိရသည်။

    မွန်ပြည်နယ်ဝန်ကြီးချုပ်မှ မွန်အမျိုးသားနေ့သဝဏ်လွှာပေးပို့ရန် စီစဉ်လျှက်ရှိသည်။

    ၆၅ ကြိမ်မြောက် မွန်အမျိုးသားနေ့ကျင်းပရေး(ဗဟို)ကော်မတီတွင်ဥက္ကဋ္ဌများအဖြစ် ဒေါက်တာ မင်းကြည်ဝင်း၊ ဒုဥက္ကဌများအဖြစ် နိုင်ပန်းအေး၊ ဒေါက်တာ မင်းစိုးလင်း၊ ဒေါက်တာ မင်းလွန်းတင်၊ ဦးလွန်းအောင်နှင့် အထွေထွေအတွင်းရေးမှူးအဖြစ် မင်းဝဏ္ဏကြီးတို့ကို ပြန်လည်ရွေးချယ်ခဲ့ပြီးဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks