spot_img
Monday, February 16, 2026
More
    spot_img
    Homeသတင်းထိုင်းပြန် မွန်လူမျိုးအလုပ်သမားများ အလုပ်အကိုင်ရှားပါးမှုနှင့် ကြုံနေရ

    ထိုင်းပြန် မွန်လူမျိုးအလုပ်သမားများ အလုပ်အကိုင်ရှားပါးမှုနှင့် ကြုံနေရ

    -

    မင်းတော်လဝီ – ထိုင်းနိုင်ငံရေကြီးမှုဒဏ်ကြောင့် အလုပ်လက်မဲ့ဖြစ်ပြီး မိခင်နိုင်ငံသို့ ပြန်သွားရသည့် မြန်မာနိုင်ငံသားရွှေ့ပြောင်း အလုပ်သမားများထဲမှ

    ထိုင်းနိုင်ငံ မြန်မာအလုပ်သမားတစ်ဦး လုပ်ငန်းခွင်းအတွင်းတွေ့ရစဉ် (ပုံ- လွတ်လပ်သောမွန်သတင်းအေဂျင်စီ)
    ထိုင်းနိုင်ငံ မြန်မာအလုပ်သမားတစ်ဦး လုပ်ငန်းခွင်းအတွင်းတွေ့ရစဉ် (ပုံ- လွတ်လပ်သောမွန်သတင်းအေဂျင်စီ)

    မွန်လူမျိုးအလုပ်သမားများသည် မိမိတို့၏နေရင်းဒေသတွင် အလုပ်အကိုင်ရှားပါးမှု ပြဿနာနှင့် ရင်ဆိုင် နေကြရသည်။

    မွန်ပြည်နယ် ကျိုက်မရောမြို့နယ်၌ ယခုလက်ရှိတွင် ကောက်ရိတ်သိမ်းချိန်နှင့် ဆောင်းသီးနှံ စိုက်ပျိုးချိန် ဖြစ်သည်။ ယင်းလုပ်ငန်းများကို အထက်မြန်မာပြည်မှအလုပ်သမားများက ဝင်လုပ်ကိုင်နေကြသဖြင့် လက်တလော ထိုင်းနိုင်ငံမှ ပြန်လာသည့် ဒေသခံရွာသားများအတွက် အခက်အခဲဖြစ်ကြကြောင်း ရတနာရွာမှ နိုင်ဘက ပြောသည်။

    ၎င်းက “ကျနော် ထိုင်းမှာ အလုပ်လက်မဲ့ဖြစ်လာတယ်။ ရွာရောက်တော့လည်း အလုပ်မရှိဘူး” ဟုပြောသည်။

    မွန်ပြည်နယ် ကျိုက္ခမီမြို့တွင်လည်း ငါးဖမ်းလှေများ၊ ငါးခြောက် ငါးစိုလုပ်ငန်းများ ရှိသော်လည်း လုပ်ခနည်းသည့်အတွက် ထိုင်းနိုင်ငံမှ ပြန်လာသည့်အလုပ်သမားများက မလုပ်လိုကြကြောင်း သိရသည်။

    ရေလုပ်သားတဦးက “ထိုင်းနိုင်ငံ မဟာချိုင်လိုနေရာမှာ ငါးဖမ်းလုပ်သား တယောက်ဆို တနေ့ဘတ် ၂၀၀ ကျော်လောက်ရနေတယ်၊ အခု ဒီကျိုက္ခမီမှာက တနေ့ ၃,၀၀၀ ကျပ် (ထိုင်းဘတ် ၁ ရာခန့်) လောက်ပဲ ရတော့ မိသားစု စားဖို့မလောက်ဘူး၊ မလုပ်နိုင်ဘူး”ဟုပြောသည်။

    ထိုင်းနိုင်ငံတွင် ယခုနှစ် ဇူလိုင်လနှောင်းပိုင်းမှ စတင်ခဲ့သည့် ရေကြီးမှုကြောင့် စိုက်ပျိုးမြေ၊ လယ်ယာမြေ ဧက ပေါင်း ၅ သန်းခန့်ပျက်စီးခဲ့ပြီး စက်ရုံပေါင်း ၉ ရာကျော် ပိတ်ပစ်ခဲ့ရသည်ဟု ထိုင်းနိုင်ငံထုတ် သတင်းစာများတွင် ဖော်ပြထားသည်။

    ယင်းရေကြီးမှုကြောင့် အလုပ်လက်မဲ့ဖြစ်ပြီး မိခင်နိုင်ငံသို့ ပြန်သွားရသည့် မြန်မာနိုင်ငံသား အလုပ်သမားပေါင်း ၁ သိန်းကျော်ရှိသည်ဟု မဲဆောက်အခြေစိုက် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့၏ အထွေထွေအတွင်းရေးမှူး ဦးမိုးဆွေက ပြောသည်။

    ယင်းအလုပ်သမားများအနေဖြင့် မကြာမီ လအနည်းငယ်အတွင်း ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်ပြီး အလုပ်လုပ် ကိုင်နိုင်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောသည်။

    ၄င်းက “ထိုင်းနိုင်ငံမှာ စိုက်ပျိုးရေးလုပ်ငန်းတွေ အလုပ်ဌာနတွေနဲ့ စက်ရုံတွေရဲ့အခြေအနေ ကောင်းလာဖို့၊ ပြန်လည် ပြင်ဆင်ဖို့၊ လုပ်ငန်းတွေ ပုံမှန်လည်ပတ်နိုင်ဖို့ ထိုင်းအစိုးရက ကူညီထောက်ပံ့မှုတွေပေးနေတော့ နှစ်လ သုံးလလောက် ကြာရင် အလုပ်ဌာန၊ စက်ရုံတွေ တော်တော် များများ ပြန်လည် လည်ပတ်လာ နိုင်တော့မယ်”

    ယခု လက်ရှိတွင်မူ ထိုင်းအစိုးရနှင့် မြန်မာအစိုးရတို့ နှစ်ဦးနှစ်ဖက်ညှိနှိုင်းပြီး မြန်မာအလုပ်သမား ၅ သောင်းကို ထိုင်းနိုင်ငံမှ တရားဝင် ခေါ်ယူရန်ရှိသည်ဟုလည်း ဦးမိုးဆွေက ဆက်ပြောသည်။

    ထိုင်းနိုင်ငံအတွင်း ယခုရေကြီးမှုသည် နှစ်ပေါင်း ၅၀ အတွင်း အဆိုးဝါးဆုံးရေကြီးမှုဖြစ်ပြီး လူပေါင်း ၆၈၀ ဦး သေဆုံးခဲ့ပြီဖြစ်ကြောင်း ထိုင်းနိုင်ငံ သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် လျော့ချရေးဌာနက ပြောသည်ဟု ထိုင်းနိုင်ငံထုတ် သည်နေရှင်းသတင်းစာတွင် ပြထားသည်။

    ယခုချိန်ထိ ပြည်နယ် ၁၀ ခုရှိ ခရိုင် ၈၃ ခုထဲမှ လူပေါင်း ၄ သန်းကျော် ရေကြီးမှုဒဏ်ကို ဆက်လက် ခံစားနေရဆဲဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    1 COMMENT

    1. ဘာသာမန် ကွာန်ကြေဝ်နာ၊ ဘာသာဗမာ ‘တရနာ’ ရွာ၊၊ ဇၟပ်ကၠောန် ၚုဟ်မးနွံဖအိုတ်ရ၊၊ ဂိုအ်သြန်အောန်လေဝ် ထိုက်ကုသ္ဒးကၠောန်ရ၊၊

    Comments are closed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks