spot_img
Thursday, July 31, 2025
More
    spot_img
    Homeသတင်းပြည်ဝင်ထွက်တံဆိပ်တုံးမနှိပ်ခဲ့သည့် ယာယီပတ်စပို့စ်ကိုင်ဆောင်သူများအခက်အခဲတွေ့

    ပြည်ဝင်ထွက်တံဆိပ်တုံးမနှိပ်ခဲ့သည့် ယာယီပတ်စပို့စ်ကိုင်ဆောင်သူများအခက်အခဲတွေ့

    -

    မိလယီထော – ယာယီပတ်စပို့စ်ကိုင်ဆောင်သူများ မြန်မာပြည်သို့ပြန်စဉ်တွင် လဝကထံ ရောက်ရှိကြောင်းတံဆိပ်တုံးမနှိပ်ခဲ့သဖြင့် ထိုင်းနိုင်ငံသို့ပြန်ဝင်သည့်အခါ အခက်အခဲနှင့် ကြုံတွေ့နေရကြောင်း ပတ်စပို့စ်ကိုင်ဆောင်သူတို့က ပြောသည်။

    ထိုင်းနိုင်ငံရေကြီးမှုကြောင့် ထောင်နှင့်ချီသည့် မြန်မာအရွှေ့ပြောင်းအလုပ်သမားများ ဌာနေသို့ ပြန်ကြပြီး ပြည်ဝင်ခွင့် ထွက်ခွင့် တံဆိပ်တုံးမနှိပ်ခဲ့ကြသည့်အတွက် ထိုင်းသို့ ပြန်ဝင်သည့်အခါ ထိုင်းဘက်မှ ဝင်ခွင့်မပြုကြောင်း သိရသည်။

    “အထွက်တုံးက မြဝတီတံတားလည်းပိတ်ထားတယ်၊ ပွဲစားအစီအစဉ်နဲ့သောင်းရင်းမြစ်ကိုဖြတ်ကူး သွားရတော့ လဝကရုံးကိုလည်းမတွေ့ခဲ့ဘူး၊ ရုံးသွားရမှန်းလဲမသိခဲ့ဘူး” ဟု ယာယီပတ်စပို့စ် ကိုင်ဆောင်သူ ကိုဝဏ္ဏက ပြောသည်။

    ယာယီပတ်စပို့စ်ကိုင်ဆောင်သူ မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် မြန်မာပြည်သို့ပြန်သွားစဉ် ရောက်ရှိကြောင်းတံဆိပ်တုံးမနှိပ်ခဲ့သူများအနေဖြင့် မြန်မာလဝကထံ စျေးနှုန်းညှိနှိုင်းခဲ့ရပြီး အနည်းဆုံးဘတ်တစ်ထောင်ပေးမှ တံဆိပ်တုံးပြန်လည်ရိုက်နှိပ်ပေးသည်ဟု ကာယကံရှင်များက ပြောသည်။

    ထိုင်းနိုင်ငံသို့ပြန်သွားနိုင်ရန် သက်ဆိုင်ရာနှစ်နိုင်ငံလဝကရုံးများတွင် အခမဲ့ဖြင့်တံဆိပ်တုံးရိုက်နှိပ်ပေးနေသော်လည်း ဖေါင်ဖြည့်မတတ်သူများအနေဖြင့် ဘတ်တစ်ရာကျပ်မှ ငါးရာကျပ်ထိ ဝန်ဆောင်ခပေးဆောင်နေရသည်ဟုလည်း သိရသည်။

    “ရေဘေးကာလမှာ မဲဆောက်ကနေ နိုဝင်ဘာလ ၄ ရက်နေ့မတိုင်ခင်ကပြန်သွားခဲ့တဲ့လူတွေအတွက် မြန်မာလဝကဆီမှာ ရောက်ရှိကြောင်းတံဆိပ်တုံးမထုခဲ့ရင်လည်း ချွင်းချက်တစ်ခုအနေနဲ့ ထိုင်းကလက်ခံတယ်၊ အဲဒီကာလတွေမှာ တံတားပိတ်ထားပြီး အဆက်အသွယ်ပြတ်တောက်နေလို့၊ အဲဒီနောက်ပိုင်း ပြန်သွားတဲ့လူတွေကျတော့ မြန်မာပြည်အဝင်တံဆိပ်တုံးရှိမှ ထိုင်းကိုပြန်ဝင်လို့ရမယ်” ယာယီမြန်မာပတ်စပို့စ် လုပ်ပေးနေသူ ကိုကျော်သီဟက ပြောသည်။

    ရေဘေးသင့် နေရပ်ပြန်မြန်မာပြည်သားများအတွက် ပြီးခဲ့သည့် နိုဝင်ဘာလ(၃ )နေ့မှစတင်၍ မြဝတီ-မဲဆောက်ချစ်ကြည်ရေးတံတားကို မြန်မာအာဏာပိုင်တို့ ခေတ္တပြန်လည်ဖွင့်ပေးခဲ့ပြီး အလုပ်သမားများကို အကူအညီပေးခဲ့ပြီးနောက် ရက်အနည်းငယ်တွင် ပြန်ပိတ်ခဲ့ပြန်သည်။

    ထိုချစ်ကြည်ရေးတံတားကို ပြီးခဲ့သည့် ဒီဇင်ဘာလ(၅) ရက်တွင် မြန်မာအစိုးရက ပြန်လည်ဖွင့်ပေးခဲ့သည်။

    ထိုင်း-မြန်မာနှစ်နိုင်ငံဖြတ်သန်းသွားလာရာ လမ်းကြောင်းများအနက် မဲဆောက် -မြဝတီကုန်သွယ်ရေးလမ်းကြောင်းသည် နှစ်နိုင်ငံခရီးသွားလာရန် အလွယ်ကူဆုံးလမ်းကြောင်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    36,100SubscribersSubscribe
    spot_img

    Latest posts