spot_img
Saturday, February 14, 2026
More
    spot_img
    Homeသတင်းUNFC ၏ စုစည်းညီညွတ်မှုကို အစိုးရက ဖြိုခွဲလို

    UNFC ၏ စုစည်းညီညွတ်မှုကို အစိုးရက ဖြိုခွဲလို

    -

    လွတ်လပ်သော မွန်သတင်အေဂျင်စီ – မြန်မာအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတို့၏ တွေ့ဆုံဆွေးနွေးမှုသည် ငြိမ်းချမ်းရေးအတွက် ဦးတည်နေခြင်းမဟုတ်သည့်အပြင် UNFC ၏ ညီညွတ်မှုကိုပါ ဖြိုခွဲလိုနေကြောင်း ညီညွတ်သော် တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က ပြောသည်။

    သမ္မတဦးသိန်းစိန်၏ ငြိမ်းချမ်းရေးအတွက် တဖွဲ့ချင်းစီ တွေ့ဆုံနေမှုသည် လွယ်ကူလျှင်မြန်သည့်နည်းလမ်းမဟုတ်သည့်အပြင် UNFC ၏ စုစည်းညီညွတ်မှုကို ဖြိုခွဲလိုခြင်းဖြစ်သည်ဟု ဒီဇင်ဘာ ၄ ရက်နေ့ထုတ် UNFC ကြေငြာချက်တွင် ဖော်ပြထားသည်။

    ပြည်ထောင်စုအစိုးရနှင့် UNFC တို့ တွေ့ဆုံဆွေးနွေးကြမည်ဆိုပါလျှင် လွယ်ကူလျှင်မြန်မည်ကိုသိသော်လည်း သီးခြားတဖွဲ့ချင်းစီနှင့်သာ ဆွေးနွေးဖြေရှင်းရန် ကြံစည်နေခြင်းသည် ရိုးသားသော လက္ခဏာမဟုတ်ပဲ တဖွဲ့ချင်းစီကွဲပြားနေမှ အားနည်းပြီး အကျပ်ကိုင်နိုင်သည့် ရည်ရွယ်ချက်နှင့် ကြိုးပမ်းနေခြင်းဖြစ်သည်ဟု ပါရှိသည်။

    “သူတို့ (အစိုးရ) တွေရဲ့ တွေ့ဆုံဆွေးနွေးမှုတွေဟာ နိုင်ငံရေးတွေ့ဆုံမှုဖြစ်ဖို့ စေတနာအမှန်နဲ့ လုပ်နေတာမဟုတ်ဘူး၊ တဖွဲ့ချင်းတွေ့မယ် ပြီးရင် တဖွဲ့ချင်း အခွင့်အရေးပေးမယ် အဓိက တဖွဲ့ချင်းခွဲမယ် အဖွဲ့တွေက အင်အားနည်းလာမယ် ဒါကို ကြည့်ခြင်းအားဖြင့် ကျနော်တို့ တိုင်းရင်းသားအဖွဲ့တွေကို ခွဲချင်နေတာဆိုတာ ပြောနိုင်ပါတယ်” ဟု UNFC အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက IMNA ကို ပြောသည်။

    နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် “ဖြေရှင်းခြင်းမပြုပဲ အာဏာရထားသူများက စစ်အင်အားသုံးဖြေရှင်းခြင်း၊ အပစ်ရပ်ပြီး “ဒေသဖွံ့ဖြိုးရေး” နည်းဗျူးဟာကို ကျင့်သုံးနေခြင်းသည် တိုင်းရင်းသားလူမျိုးများ၏ “နိုင်ငံရေးအရတန်းတူမှုရရှိရေး” တိုက်ပွဲကို လှည့်စားသောနည်းဖြင့် ဖြိုခွဲနေခြင်းဖြစ်သဖြင့် နှစ်ပေါင်း (၆၀) ကျော် ငြိမ်းချမ်းရေးနှင့် ဝေးခဲ့ရသည်။

    UNFC အနေဖြင့် အစိုးရ၏ ငြိမ်းချမ်းရေး ကမ်းလှမ်းချက် နည်းဗျူးဟာကို သတိထားမိသောကြောင့် စစ်ဖြစ်နေသော ဒေသအားလုံး တပြိုင်တည်းအပစ်ခတ်ရပ်စဲရေး နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖြေရှင်းရေးနှင့် ထိုသို့ဆွေးနွေးဖြေရှင်းရာတွင် ပြည်ထောင်စုအစိုးရကိုယ်စားလှယ်များနှင့် UNFC တပ်ပေါင်းစုကိုယ်စားလှယ်များ ဆွေးနွေးရမည်ဆိုသည့် အခြေခံမူကို ချမှတ်ခဲ့သည်။

    သို့ရာတွင် ငြိမ်းချမ်းရေး လမ်းစရှာဖွေရန်အတွက် UNFC အဖွဲ့ဝင်အင်အားစုများအား တဖွဲ့ချင်းစီ၏ လုပ်ပိုင်ခွင့်ကို လေးစားသောအနေဖြင့် တဖွဲ့ချင်း တွေ့ဆုံခွင့်ပြုခဲ့ပြီး အဆုံးအဖြတ်ကိုမူ UNFC နှင့် ဆွေးနွေးရန်ဆိုသည့် ‘မူတရပ်’ ကို ချမှတ်ခဲ့သည်ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။

    နိုင်ဟံသာက “အစိုးရရဲ့ ငြိမ်းချမ်းရေး ကမ်းလှမ်းချက်က တဖွဲ့ကို အပစ်ရပ်စဲဖို့ စကားပြောနေသလို တဘက်မှာလည်း တခြားတဖွဲ့ကို ထိုးစစ်ဆင်နေတာရှိတယ်”

    UNFC သည် မကြာခင်က ပြုလုပ်ခဲ့သည့် ဗဟိုကော်မတီအစည်းအဝေးတွင် ၄င်းတို့၏ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီး (၆) ဖွဲ့နှင့် ဆက်စပ်အဖွဲ့ (၆) ဖွဲ့တို့ကို အခြေခံအဖွဲ့ ၁၂ ဖွဲ့ဖြင့် ပြန်လည်ဖွဲ့စည်းခဲ့သည်။

    ၄င်းပြင် တိုင်းရင်းသား လက်နက်ကိုင်များ စုပေါင်းပြီး ပြည်ထောင်စု တပ်မတော်တရပ်ကိုပါ ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ကြသည်။

    UNFC ကို ၂၀၁၁ခုနှစ်၊ ဖေဖော်ဝါရီလတွင် စတင် ဖွဲ့စည်းခဲ့ပြီး အခြေခံအဖွဲ့ ၆ဖွဲ့အဖြစ် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့(KIO)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)တို့ ပါ၀င်ပြီး ယခု ပအိုဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF) ရခိုင်ပြည်အမျိုးသား ကောင်စီ (ANC) လားဟူဒီမိုကရက်တစ်သမဂ္ဂ (LDU) “ဝ” အမျိုးသား အဖွဲ့ချုပ် (WNO) နှင့် ကချင်အမျိုးသားအစည်းအရုံး (KNO) တို့ဖြင့် အခြေခံအဖွဲ့ ၁၂ ဖွဲ့ဖြင့် ဖွဲ့စည်းလာသည်။

    ဆက်စပ်သတင်း

    3 COMMENTS

    1. ကျနော်အရင်ဆိုင်ကယ်သွားသယ်တုန်းကတော့..(KIA)သူပုန်နယ်ထဲမှာ..စိတ်ချမ်းသာလက်ချမ်းသာနဲ့အိပ်ရသေးတယ်.တနေရာပဲပေး..ဘယ်သူမှမနှောင့်ယှက်ဘူး..ခိုးတဲ့ကောင်သတ်..အရမ်းကောင်းတယ်…ဒါတောင်မှတချို့ကပြောသေးတယ်..သူပုန်တွေကို…အ..တယ်တဲ့…ကျနော်ကပြောလိုက်ပါတယ်..အဲဒါ..အ.တာမဟုတ်ဘူး..ရိုးတာလို့…ကိုယ့်နယ်ပြန်ရောက်ပြီးလူလည်တွေနဲ့တွေ့တော့မှ..လူ.၅.ယောက်လောက်ရှိတဲ့ရွာလေးက.စခန်းက..၅..နေရာခွဲပြီးတောင်းစားတာနဲ့ကြုံရတယ်…စိတ်ထားရိုးသားတဲ့ကောင်တွေလို့ထင်ရင်တော့..မှားမယ်ဗျ…..

    Comments are closed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks