spot_img
Saturday, March 7, 2026
More
    spot_img
    Homeသတင်းပလောင်အမျိုးသမီး ၉၀ ရာခိုင်နှုန်း အိမ်တွင်းအကြမ်းဖက်ဒဏ် ခံစားနေကြရ

    ပလောင်အမျိုးသမီး ၉၀ ရာခိုင်နှုန်း အိမ်တွင်းအကြမ်းဖက်ဒဏ် ခံစားနေကြရ

    -

    လွတ်လပ်သောမွန်သတင်အေဂျင်စီ– မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ဒေသရှိ အမျိုးသမီး ၉၀ ရာခိုင်နှုန်းမှာ အိမ်တွင်းအကြမ်းဖက်မှုဒဏ်ကို ထိခိုက်ခံစားနေရကြောင်း ပလောင် (တအာင်း) အမျိုးသမီးအစည်းအရုံး (PWO) က ယနေ့ ကြေငြာချက် ထုတ်ပြန်လိုက်သည်။

    ပလောင်ဒေသရှိ မြို့နယ်လေးခုမှ ဒေသခံပြည်သူ ၆၀၀ ကျော် ဇနီးမောင်နှံနှင့် မိးသားစုများအကြားတွင် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ပုံမှန်ဖြစ်ပွားနေကြောင်း ဖော်ပြထားသည်။

    “ပလောင်ဒေသမှာသာမဟုတ်ဘူး တိုင်းရင်းသားဒေသအတွင်းတွေမှာလည်း အိမ်တွင်းအကြမ်းဖက်မှုတွေသာမက စစ်အစိုးရရဲ့ အကြမ်းဖက်မှုဒဏ်အမျိုးမျိုးကိုလည်း ခံစားနေကြရတယ်” ဟု အစီရင်ခံစာ ဖြစ်မြောက်ရေး တာဝန်ခံ လွေးမိုးခမ်းက ပြောသည်။

    ကြမ်းတမ်းရက်စက်သည့် မြန်မာစစ်တပ်၏ အကြမ်းဖက်မှုကို ပလောင်လူထုတို့ နှစ်ပေါင်းငါးဆယ်ကျော်ခံစားနေခဲ့ကြရာ အကြမ်းဖက်သည့် ယဉ်ကျေးမှုအောက်တွင် အိမ်တွင်းအကြမ်းဖက်မှုမှာ ပုံမှန် (သို့) လက်ခံနိုင်စွမ်းအခြေအနေအဖြစ်မြင်တွေ့နေရပြီး ၄င်းသည် ပလောင်ဒေသ အကြမ်းဖက်မှု ပိုမိုလာစေရန် တိုက်ရိုက်အကျိုးသက်ရောက်နေသည့်အပြင် အရက်သေစာနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ စီးပွားရေး ကျပ်တည်းမှု၏ နောက်ဆက်တွဲ ဆိုးကျိုးတို့ မှာလည်း ပလောင်ဒေသ၏ အိမ်တွင်းအကြမ်းဖက်မှုနှုန်းကို မြင့်မားစေကြောင်း အစီရင်စာတွင် ဖော်ပြထားသည်။

    ထို့အတူ တိုင်းရင်းသားဒေသများအတွင်း အမျိုးသမီးများအား မုဒိမ်းကျင့်သတ်ဖြတ်ခြင်းအပါအဝင် အကြမ်းဖက်မှုများစွာ ဖြစ်ပေါ်နေခြင်းသည် စစ်ဝါဒကျင့်သုံးနေမှုနှင့် တိုက်ရိုက်ဆက်နွယ်နေသည်ဟုလည်း အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) Women’s League of Burma က ယနေ့ထုတ်ပြန်လိုက်သည့် ကြေငြာချက်တွင် ပါရှိသည်။

    နိုဝင်ဘာ (၂၅) ရက်နေ့တွင် ကျရောက်သည့် နိုင်ငံတကာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့အတွက် ထုတ်ပြန်လိုက်သည့် ၄င်းကြေငြာချက်တွင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာနှင့် အိမ်တွင်းအကြမ်းဖက်မှု၊ ပတ်ဝန်းကျင်၏ အကြမ်းဖက်မှုနှင့် နိုင်ငံအစိုးရကိုယ်တိုင်၏ အကြမ်းဖက်မှုများအပါအဝင် နည်းမျိုးစုံဖြင့် နေ့စဉ်နှင့်အမျှ ခံစားနေရကြောင်း ဖော်ပြထားသည်။

    လွေးမိုးခမ်းက “ဒီလို အမျိုးသမီးတွေအပေါ် အကြမ်းဖက်နေတာကို ရပ်တန့်သွားဖို့က အဓိက အစိုးရမှာ တာဝန်အရှိဆုံးပဲ သူတို့ကိုယ်တိုင်ကိုက အကြမ်းဖက်မှုမှာ ပါဝင်ပတ်သက်နေတာ” ဟု ပြောသည်။
    စစ်တပ်ကျောထောက်နောက်ခံမြန်မာအစိုးရအနေဖြင့် တိုင်းရင်းသားလူမျိုးများအပေါ် အကြမ်းဖက်တိုက်ခိုက်ပြီး လူ့အခွင့်အရေး ချိုးဖောက်နေမှုများကို ရပ်တန့်ရန်နှင့် ကျေးလက်တိုင်းရင်းသူ အမျိုးသမီးများ၏ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ခြင်းဖြင့် CEDAW စီဒေါတွင် လိုက်နာရန် တာဝန်ရှိသည့်အချက်များကို ပြည့်မှီစွာ ဆောင်ရွက်ရန် PWO က တောင်းဆိုထားသည်။

    ၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာလ(၁၇)ရက်နေ့တွင် ကျင်းပခဲ့သော(၅၄)ကြိမ်မြောက် ကမ္ဘာကုလသမဂ္ဂအထွေထွေညီလာခံ၏ (၈၃) ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေး၏ ဆုံးဖြတ်ချက် ၅၄/၁၃၄ အရ နိုဝင်ဘာလ(၂၅) ရက်နေ့ကို နိုင်ငံတကာအမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks