spot_img
Sunday, October 12, 2025
More
    spot_img
    Homeသတင်းမွန်အမျိုးသားဒီမိုကရေစီအဖွဲ့ (MNDF) ပြန်လည်ဖွဲ့စည်း

    မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ (MNDF) ပြန်လည်ဖွဲ့စည်း

    -

    မင်းသုတ၊ မိလယီထော – မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ (Mon National Democracy Front-MNDF) သည် မွန်ပြည်သစ်ပါတီ ခေါင်းဆောင်ဟောင်းများဖြင့် ယမန်နေ့က ကျင်းပခဲ့သည့် အစည်းအဝေးတွင် ပြန်လည် ဖွဲ့စည်းခဲ့သည်။

    လက်ရှိ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ ဥက္ကဋ္ဌ နိုင်ငွေသိမ်း
    လက်ရှိ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ ဥက္ကဋ္ဌ နိုင်ငွေသိမ်း

    မော်လမြိုင်မြို့တွင် ကျင်းပခဲ့သည့် ယင်းအစည်းအဝေးတွင် ဗဟိုကော်မတီဝင် ၅၄ ဦးရွေးချယ်ခဲ့ပြီး ၄င်းအနက် ဗဟိုအလုပ်အမှုဆောင် ၂၁ ဦး အသစ်ရွေးချယ်ဖွဲ့စည်းခဲ့ကြောင်း အသစ်ရွေးချယ်ခံရသော MNDF ဒုဥက္ကဌ(၂) နိုင်တင်အောင်က လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ယနေ့တွင်ပြောကြားသည်။

    “ကျနော်အပါအဝင် အပစ်ရပ်စဲတဲ့ကာလတွေမှာ အနားယူခဲ့မွန်ပြည်သစ်ပါတီဝင်ဟောင်းတွေတော်တော်များ ပါဝင်လာကြတယ်’’ ဟု ၄င်းကပြောသည်။

    အသစ်ဖွဲ့စည်းလိုက်သည့် မွန်အမျိုးသားဒီမိုကရေစီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွင် မွန်ပြည်သစ်ပါတီအဖွဲ့ဝင်ဟောင်း ၅ ဦးပါဝင်သည့်အပြင် ဗဟိုကော်မတီဝင်များတွင်လည်း အများအပြားပါဝင်လာသည်ဟု သိရသည်။

    နိုင်တင်အောင်က “ဒေါ်အောင်ဆန်းစုကြည်တို့ပါတီမှတ်ပုံတင်မှာကို ထောက်ခံပါတယ်၊ ဒါပေမယ့် ကျနော်တို့မွန်ဒီမိုအနေနဲ့ ဘဝတူတိုင်းရင်းသားပါတီတွေဖြစ်တဲ့ UNA သဘောထားကိုလည်း ရယူပါဦးမယ်၊ ပြီးတော့မှပါတီမှတ်ပုံတင်ရေးမတင်ရေးကိုဆုံးဖြတ်ကြမယ်” ဟု ပြောသည်။

    ထို့အပြင် တရားဝင်ပါတီအဖြစ် မှတ်ပုံတင်/မတင်ရေးကိစ္စကို လာမည့်ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ဆုံးဖြတ်ချက်ချမှတ်သွားရန်နှင့် ဗဟိုကော်မတီအစည်းအဝေးသို့ဆက်လက်တင်ပြသွားရန်၊ (CRPP) အပါအဝင် အခြားတိုင်းရင်းသားမဟာမိတ်အဖွဲ့များနှင့်ဆက်ဆံရေးတွင် နိုင်တင်အောင်အားတာဝန်ပေးအပ်ခြင်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးအတွက် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီနှင့် ညှိနှိုင်းဆောင်ရွက်သွားရန် စသည့်ကိစ္စရပ်များကို ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်ဟု သိရသည်။

    “မွန်အမျိုးသားရေးအတွက် ဦးဆောင်မှုပေးတဲ့သူတွေအနေနဲ့ ရည်ရွယ်ချက်တွေက တစ်ခုတည်းပဲရှိကြပါတယ်၊ ဒါကြောင့် ပြည်တွင်းက မွန်ပါတီတွေအနေနဲ့ အမျိုးသားညီညွတ်ရေးအတွက် တစ်ခုတည်းသောပါတီဖြစ်မြောက်အောင် ကြိုးပမ်းဆောင်ရွက်နိုင်မယ်လို့ ကျနော့်အနေနဲ့မျှော်လင့်ပါတယ်” ဟု မွန်ပြည်သစ်ပါတီဥက္ကဌနိုင်ထောမွန်က မကြာမီရက်ပိုင်း၌ လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ပြောကြားခဲ့သည်။

    လက်ရှိမွန်ပါတီ(၃) ခုမှာ မြန်မာအစိုးရနှင့်အပစ်ရပ်ပျက်ပြယ်ခဲ့သည့် မွန်ပြည်သစ်ပါတီ၊ ၁၉၉၀ ရွေးကောက်ပွဲဝင်ခဲ့ပြီး နဝတစစ်အစိုးရအမိန့်ဖြင့် တရားဝင်ပါတီမှဖျက်သိမ်းခံလိုက်ရသည့် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့၊ ၂၀၁၀ ရွေးကောက်ပွဲဝင် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီတို့ဖြစ်ကြသည်။

    မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ဗဟိုအလုပ်အမှုဆောင်အဖွဲ့
    ၁။ဂုဏ်ထူးဆောင်နာယက- နိုင်ထွန်းသိန်း
    ၂။ နိုင်ငွေသိမ်း- ဥက္ကဌ
၃။ နိုင်သက်လွင်- ဒုဥက္ကဌ(၁)
    ၄။ နိုင်တင်အောင်- ဒုဥက္ကဌ(၂) -မှတ်ချက်(မွန်ပြည်သစ်ပါတီဝင်ဟောင်း)
    ၅။ ဒေါက်တာမင်းစိုးလင်း- အထွေထွေအတွင်းရေးမှူး
၆။ ဒေါက်တာမင်းကြည်ဝင်း- တွဲဖက်အတွင်းရေးမှူး(၁)
    ၇။ မင်းစိုးဝင်း(မွန်ရာဇာ)- တွဲဖက်အတွင်းရေးမှူး(၂)
    ၈။ နိုင်လယီတမ-ပြန်ကြားရေးမှူး- မှတ်ချက်(မွန်ပြည်သစ်ပါတီဝင်ဟောင်း)
၉။ နိုင်စိုးမြင့်- မှတ်ချက်(မွန်ပြည်သစ်ပါတီဝင်ဟောင်း)
၁၀။ မိမိုးမိုးအေး-အမျိုးသမီးရေးရာ
    ၁၁။ မိကျေးကျေးညီ- လူငယ်ရေးရာ
၁၂။ နိုင်မန်ဂကောင်း(နိုင်မြင့်လွင့်)
၁၃။ နိုင်ထောအိန်- အလုပ်သမားရေးရာ- မှတ်ချက်(မွန်ပြည်သစ်ပါတီဝင်ဟောင်း)
၁၄။ နိုင်တာ- မှတ်ချက်(မွန်ပြည်သစ်ပါတီဝင်ဟောင်း)
၁၅။ နိုင်သိမ်းဆွေ-ဘဏ္႑ာရေးမှူး
၁၆။ နိုင်မြမောင်-ဥပဒေရေးရာ
၁၇။ နိုင်သာဒင်-လယ်သမားရေးရာ
၁၈။ နိုင်မင်းကြည်(ပဲခူး)
၁၉။ နိုင်မောင်ညွန့်-လူမှုရေးရာ- မှတ်ချက်(မွန်ပြည်သစ်ပါတီဝင်ဟောင်း)
၂၀။ နိုင်ထွန်းဖေ(နိုင်သုဝဏ္ဏ)
၂၁။ နိုင်ကျော်သိန်း(ပေါင်)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    37,400SubscribersSubscribe
    spot_img

    Latest posts