Sunday, March 8, 2026
More
    spot_img
    Homeသတင်းမူ ၄ ချက်ဖြင့် ရှမ်းပြည်တပ်မတော်တောင်ပိုင်း အပစ်ရပ်ရန်ပမာဏသဘောတူ

    မူ ၄ ချက်ဖြင့် ရှမ်းပြည်တပ်မတော်တောင်ပိုင်း အပစ်ရပ်ရန်ပမာဏသဘောတူ

    -

    ဂျူရီချိုင်း – မြန်မာအစိုးရနှင့် ရှမ်းပြည်တပ်မတော်တောင်ပိုင်းဟု လူသိများသည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) တို့ မူအားဖြင့် အချက် ၄ ချက်နှင့် အပစ်ခတ်ရပ်စဲရေး ပမာဏသဘောတူထားခဲ့ကြသည်။

    RCSS နှင့်အစိုးရကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးစဉ် (Photo: taifreedom.com)
    RCSS နှင့်အစိုးရကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးစဉ် (Photo: taifreedom.com)

    အစိုးရနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရန်အတွက် (၁) အပစ်အခတ်ရပ်စဲရေး၊ (၂) ဆက်ဆံရေးရုံးထားရှိရေး၊ (၃) ဒေသအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး၊ (၄) မပြေလည်သေးတဲ့နိုင်ငံရေး ပြဿနာများကို နိုင်ငံရေးအရ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးပြီး အဖြေရှာရေး စသည့် မူ ၄ ချက်ဖြင့် နိုဝင်ဘာ ၁၉ ရက်နေ့က အစိုးရနှင့် တွေ့ဆုံစဉ် သဘောတူထားခဲ့ကြောင်း RCSS/SSA မှ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ပြောသည်။

    “သဘောတူညီချက်တွေကတော့ တရားဝင်အနေနဲ့ လက်မှတ်ရေးထိုးဖို့တော့ မရှိသေးပါဘူ၊ မူအာဖြင့်နဲ့ပဲ သဘောတူ ထားခဲ့ကြတယ်” ဟု ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ပြောသည်။

    မူအားဖြင့် အပစ်ခတ်ရပ်စဲရန် သဘောတူထားသည်ကို မကြာခင်အချိန်အတွင်းမှာ အစိုးရနှင့် နောက် ထပ်မံတွေ့ဆုံသည့်အခါတွင် အသေးစိတ်ဆွေးနွေးသွားမည်ဖြစ်ကြောင်း RCSS/SSA အနေနှင့် သူတို့၏ သဘောထားအတိုင်း ဖြစ်လာပါက တရားဝင်လက်မှတ်ရေးထိုးရန် အသင့်ဖြစ်ကြောင်း ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ပြောသည်။

    ဒုတိယအကြိမ် ထပ်မံတွေ့ဆုံမှုကို လာမည့် ဒီဇင်ဘာလလောက်မှာ ဖြစ်နိုင်ကြောင်းလည်း သူက ဆက်ပြောသည်။

    ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့သည် အစိုးရသစ်နှင့် ပထမဆုံးအကြိမ်ဖြင့် တွေ့ဆုံဆွေးနွေးအပြီးမှာ ထိုကဲ့သို့ အပစ်ရပ် သဘောတူခဲ့ကြခြင်းဖြစ်သည်။

    တွေ့ဆုံပွဲတွင် အစိုးရဘက်မှ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရကိုယ်စားလှယ် ရထားနှင့် သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာန ဝန်းကြီး ဦးအောင်မင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် RCSS/SSA အဖွဲ့ ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်ဆစ်တို့ ပါဝင်သည်။

    ၄င်းပြင် Euro Burma Office က ဦးဟန်ညောင်ဝေနှင့် မြန်မာအီးကရက်အဖွဲ့က ဒေါက်တာ နေဝင်းမောင်၊ ဒေါက်တာ ကျော်ရင်လှိုင်နှင့် ဦးတင်မောင်သန်းတို့လည်း ဆွေးနွေးပွဲမှာ ပါဝင်ခဲ့ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks