spot_img
Monday, August 25, 2025
More
    spot_img
    Homeသတင်းUNFC မူနဲ့သာ မွန်ပြည်သစ်ပါတီငြိမ်းချမ်းရေးဆွေးနွေးမည်

    UNFC မူနဲ့သာ မွန်ပြည်သစ်ပါတီငြိမ်းချမ်းရေးဆွေးနွေးမည်

    -

    မင်းသုတ – မွန်ပြည်နယ်အစိုးရ၏ ငြိမ်းချမ်းရေးကိုယ်စားလှယ်များအား မွန်ပြည်သစ်ပါတီအနေဖြင့် UNFC

    မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ထောမန်
    မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ထောမန်

    တပ်ပေါင်းစုအနေဖြင့်သာ မြန်မာအစိုးရနှင့်ဆွေးနွေလိုသည်ဟု ပြောကြားလိုက်ကြောင်း မွန်ပြည်သစ်ပါတီဥက္ကဌနိုင်ထောမွန်က လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ယနေ့တွင်ပြောကြားသည်။

    နိုင်ထောမွန်က “မွန်ပြည်သစ်ပါတီအနေနဲ့ UNFC မူအတိုင်းပဲဆက်ပြီးရပ်တည်သွားမယ်၊ ဒီမူတွေကတော့ ပြည်ထောင်စုအစိုးရအနေနဲ့ UNFC နဲ့ပဏာမ တွေ့ဆုံဆွေးနွေးပြီး တပြည်လုံးအပစ်အခတ်ရပ်စဲရေးကို အရင်လုပ်ပါ၊ အဲဒီအဆင့်ပြီးရင် နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးသွားရမယ်” ဟု ပြောသည်။

    အလားတူ လွန်ခဲ့သည့်အောက်တိုဘာလ(၆) ရက်နေ့တွင် ရေးမြို့၌ မွန်ပြည်နယ်အစိုးရကိုယ်စားလှယ်များနှင့် ပဏာမဆွေးနွေးမှုတွင်လည်း မွန်ပြည်သစ်ပါတီက အထက်ပါ UNFC မူဖြင့်သာ အပစ်ရပ်ငြိမ်းချမ်းရေးဆွေးနွေးနိုင်မည်ကို တင်ပြခဲ့ပြီးဖြစ်သည်။

    မွန်ပြည်နယ်အစိုးရက ငြိမ်းချမ်းရေးကိုယ်စားလှယ်များမှတဆင့် အပစ်အခတ်ရပ်စဲရန်၊ ဆက်ဆံရေးရုံးထားရှိရန်၊ သတ်မှတ်နယ်မြေပြင်ပလက်နက်ကိုင်ဆောင်သွားလိုလျှင် ကြိုတင်သဘောတူညီမှုရယူရန်နှင့် ဒေသဖွံ့ဖြိုးရေးအတွက် ပြည်ထောင်စုအစိုးရနှင့် ဆက်လက်ညှိနှိုင်းလုပ်ဆောင်သွားရန် စသည့်ချက်များဖြင့် မွန်ပြည်သစ်ပါတီနှင့် ဆွေးနွေးခဲ့သည်။

    “ဒေသတစ်ခုမှအပစ်ရပ်ထားပြီး နောက်ဒေသတစ်ခုကို ထိုးစစ်ဆင်နေတာတွေ မဖြစ်သင့်ဘူး၊ ဒါကြောင့် UNFC အဖွဲ့ဝင်တွေအနေနဲ့ တဖွဲ့ချင်းခွဲပြီးအစိုးရနဲ့သဘောတူညီမှုယူကြမှာတော့မဟုတ်ဘူး၊ ဒါပေမယ့် အစိုးရကိုယ်စားလှယ်တွေနဲ့ တဖွဲ့ချင်းတွေ့နိုင်တယ်လို့မူချမှတ်ထားတယ်၊ အစိုးရနဲ့ KNU တွေ့ရင်လည်း UNFC ချမှတ်တဲ့မူအတိုင်းပဲ ဆွေးနွေးတင်ပြမယ်လို့သိထားရပါတယ်” ဟု နိုင်ထောမွန်က ဆက်ပြောသည်။

    တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်များပါဝင်ခြင်းမရှိလျှင် မွန်ပြည်နယ် အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု မပြုလုပ်ရန်မွန်ပြည်သစ်ပါတီ (NMSP) အား နိုင်ငံတကာရောက် မွန်အမျိုးသား ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (OMCC)မှ ပြီးခဲ့သည့်အောက်တိုဘာလဆန်းပိုင်းတွင် ကြေငြာချက်ထုတ်ပြန်ခဲ့သည်။

    အခြားတဘက်တွင် အစိုးရစစ်တပ်များသည် ကချင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (KIO)၊ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း (SSA-S) နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) အစရှိသည့် အဖွဲ့များနှင့် စစ်ဆင်ရေး ပြုလုပ်နေသည့်အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအားဖဲ့ထုတ် စည်းရုံးခြင်းသာ ဖြစ်သည်ဟု OMCC က ထောက်ပြထားသည်။

    UNFC သည် ယခုနှစ်ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ ၁၂ ဖွဲ့မှ အခြေခံ ၆ ဖွဲ့နှင့် မဟာမိတ် ၆ ဖွဲ့ဖြင့်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    36,500SubscribersSubscribe
    spot_img

    Latest posts