spot_img
Friday, February 13, 2026
More
    spot_img
    Homeသတင်းကုန်ကြမ်းပစ္စည်းများပြတ်တောက် စက်ရုံအလုပ်ရုံအချို့ ပိတ်

    ကုန်ကြမ်းပစ္စည်းများပြတ်တောက် စက်ရုံအလုပ်ရုံအချို့ ပိတ်

    -

    ဂျူရီချိုင်း – ထိုင်းနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသည့် ရေကြီးမှုသည် ကုန်ကြမ်းပစ္စည်းများ စီးဆင်းမှုပြတ်တောက် စေသည့်၍ ထိုင်းမြန်မာနယ်စပ်ရှိ စက်ရုံ ၆ ရုံခန့်ခေတ္တခဏရပ်နားထားခဲ့သည်။

    ထိုင်း - မြန်မာ နယ်စပ်ရှိအလုပ်သမားများ အိမ်ပြန်နေချိန် ( ဓာတ်ပုံ - လွတ်လပ်သော မွန်သတင်းအေဂျင်စီ )
    ထိုင်း - မြန်မာ နယ်စပ်ရှိအလုပ်သမားများ အိမ်ပြန်နေချိန် ( ဓာတ်ပုံ - လွတ်လပ်သော မွန်သတင်းအေဂျင်စီ )

    ကန်ချနပူရီခရိုင်၊ စံခလပူရီမြို့နယ်၊ ဘုရားသုံးဆူရွာအနီးရှိ ဖိနပ်အလုပ်ရုံနှင့် အထည်ချုပ်စက်ရုံများသည် ဘန်ကောက်မြို့တွင် စက်ရုံ၊ အလုပ်ရုံကြီးများရေလွှမ်းမိုးခံခဲ့ရပြီးနောက် ကုန်ကြမ်းပစ္စည်းများ ထပ်မံမပို့နိုင်သည့်အတွက် ယခုကဲ့သို့ ခေတ္တရပ်နားထားခြင်းဖြစ်သည်ဟု ဘုရားသုံးဆူမြို့ အထည်ချုပ်စက်ရုံမှ အလုပ်သမ မိမွန်က ပြောသည်။

    “ဟုတ်တယ် ပိတ်ထားတာ ၅ ရက်လောက်ရှိပြီး၊ လုပ်ဖို့အတွက် ပစ္စည်းတွေမရှိတော့လို့၊ ပစ္စည်းတွေရောက်မှ အလုပ်ပြန်ဆင်းရမယ်” ဟု မိမွန်က ပြောသည်။

    အဆိုပါ အလုပ်ရုုံများကို ပြီးခဲ့သည့် အောက်တိုဘာလ ၂၈ ရက်နေ့ကစပြီး နိုဝင်ဘာလ ၅ ရက်နေ့အထိပိတ်သွားမည်ဖြစ်ကြောင်း သိရသည်။ နယ်စပ်ရှိ စက်ရုံများသို့ ကုန်ကြမ်းများ မပို့နိုင်သလို စက်ရုံများမှလည်း ဘန်ကောက်သို့ ကုန်ချောများ မပို့နိုင်သေးပေ။

    ယခုနှစ် ရေလွှမ်းမိုးခဲ့သည့် အယုဒ္ဓယနှင့် ပထုံဌာနီခရိုင်ရှိ စက်ရုံများ ပြန်လည် လည်ပတ်နိုင်ရန်အတွက် ထိုင်းအစိုးရမှ ဘတ်ငွေ ဘီလီယံ ၁၀၀ ခန့် သုံးစွဲသွားမည်ဟု သည်နေရှင်းသတင်းစာတွင် ဖော်ပြထားသည်။

    အလုပ်ခွင်မှ အလုပ်လုပ်ခြင်းမှရပ်နားထားသော်လည်း တစ်နေ့တာအတွက် နေ့ကြေးများကို အလုပ်ရှင်မှ အပြည့်အဝပေးဆောင်သွားမည်ဟု က ပြောသည်။ စက်ရုံအချို့ ရပ်နားမှုရှိသော်လည်း ကျန်ရှိသောအခြားစက်ရုံများ တစ်နေ့တာပုံမှန်အလုပ်ဆင်းနေ သည်လည်းရှိကြောင်း ဖိနပ်အလုပ်ရုံမှ အလုပ်သမားများကပြောသည်။

    Watana Footwear Co., Ltd. ဖိနပ်စက်ရုံမှ ပုံမှန်အလုပ်ဆင်းနေသည့် အမျိုးသမီးတစ်ဦးက ”ပစ္စည်းတွေနည်းသွားတဲ့အတွက် အခု ညပိုင်းအလုပ်လုပ်ချိန်မပေးတော့ဘူးတစ်နေ့တာအတွက်ပဲ လုပ်ခွင့်ပေးတယ်” ဟု ပြောသည်။

    ထိုင်းနိုင်ငံရှိဘုရားသုံးဆူဒေသတဝိုက်တွင် ဖိနပ်အလုပ်ရုံနှင့် အထည်ချုပ်စက်ရုံ ၃၀ နီးပါးရှိပြီး မြန်မာနိုင်ငံ ဘုရားသုံးဆူမြို့မှ လုပ်သား ၄၀၀၀ ကျော်ခန့်နေ့စဉ်ဝင်ရောက် အလုပ်လုပ်ကိုင် လျှက်ရှိသည်။

    အလားတူ လွန်ခဲ့သော အောက်တိုဘာလ ၂၆ ရက်နေ့က ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်က ရေလမ်းကြောင်းများကို မကာကွယ်နိုင်သည့်အခြေအနေရောက်ရှိနိုင်ခြင်းနှင့် ဘန်ကောက်တမြို့လုံး ရေလွှမ်းမိုးနိုင်ကြောင်း အရေးပေါ်ကြေငြာခဲ့ပြီးနောက် ရေလွှမ်းမိုးခံထားရသည့် ခရိုင်အားလုံးရှိ အစိုးရရုံးများကို အောက်တိုဘာလ၂၇ ရက်နေ့မှ ၃၁ ရက်နေ့အထိ ပိတ်သွားမည်ဖြစ်သည်။

    ထိုင်းနိုင်ငံတွင် နှစ်လကျော်ကြာ မိုးဆက်တိုက်ရွာသွန်းခဲ့တာကြောင့် ဆည်ရေဖောက်ကာ ခရိုင်အတော်များများရေမြုပ်ခဲ့သည်။ အလုပ်ရုံများလည်းရေလွှမ်းနေခြင်းကြောင့် ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေကြသည့် မြန်မာအလုပ်သမားများလည်း နယ်စပ်လမ်းကြောင်းအသီးသီးမှ ရာနှင့်ချီ၍ နေရပ်သို့ ပြန်နေကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks