spot_img
Sunday, October 12, 2025
More
    spot_img
    Homeသတင်းဆန်များ လွတ်လပ်စွာ သယ်ဆောင်ခွင့်ပြုထားသော်လည်း ဂိတ်ကြေးများ ပေးဆောင်နေကြရ

    ဆန်များ လွတ်လပ်စွာ သယ်ဆောင်ခွင့်ပြုထားသော်လည်း ဂိတ်ကြေးများ ပေးဆောင်နေကြရ

    -

    မင်းသုတ – မွန်ပြည်နယ်အတွင်း ဆန်များလွတ်လပ်စွာသယ်ဆောင်ခွင့်ပြုထားသော်လည်း ဂိတ်ကြေးများပေးဆောင်နေရဆဲဖြစ်ကြောင်း ရေးမြို့မှ ကုန်တင်ကားစပယ်ယာတစ်ဦးက ပြောသည်။

    ဆန်တင်ပို့ နေစဉ် ( ဓာတ်ပုံ - အင်တာနက် )
    ဆန်တင်ပို့ နေစဉ် ( ဓာတ်ပုံ - အင်တာနက် )

    “ဆန်သယ်ဆောင်ခွင့် ထောက်ခံချက်တွေ ပါမစ်တွေမလိုဘူးလို့ပြောတာပဲ၊ ဒါပေမယ့် ဂိတ်တိုင်းဂိတ်တိုင်းမှာ အရင်ထုံးစံအတိုင်း ငွေပေးနေကြရတာပဲ၊ မပေးရင် ကုန်ပစ္စည်းချခိုင်းတာတို့ သံချွန်နဲ့ကလော်တာတို့ လုပ်နေတာနဲ့ပဲ အချိန်ကုန်လူပမ်းဖြစ်နေမှာ၊ ဂိတ်တွေနဲ့အငြင်းအခုံမဖြစ်ချင်ပါဘူးဗျာ” ဟု ၄င်းစပယ်ယာက ပြောသည်။

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မွန်ပြည်နယ် မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေးရုံးက ပြည်နယ်အလိုက်ပြည်တွင်းဆန် စားသုံးရန်အတွက်လွတ်လပ်စွာ သယ်ယူခွင့်ပြုကြောင်း၊ ဒေသဆိုင်ရာထောက်ခံချက်မလိုကြောင်းနှင့် အခကြေးငွေပေးရန်မလိုကြောင်း ယခု (အောက်တိုဘာ) လ ၂၀ ရက်နေ့တွင် ကြော်ငြာထားသော်လည်း ဆန်များသယ်ပို့ရာတွင် ယခင်ကာလကဲ့သို့ပင် ကုန်ကျစရိတ်များရှိနေသေးကြောင်း မုဒုံမြို့နယ်၊ ကမာဝက်ရွာမှ ဆန်ကုန်သည်တစ်ဦးက ပြောသည်။

    ၄င်းဆန်ကုန်သည်က “အရင်နှစ်တွေက မြို့နယ်ကျော်ဖြတ်ရင် ဆန်ကိုဖမ်းသိမ်းတာတွေရှိတယ်၊ အခုတော့အဲဒီလိုသိမ်းဆည်းတာမရှိပေမယ့် ဂိတ်တွေကိုတော့ငွေပေးနေရတာ အရင်အတိုင်းပါပဲ” ဟုပြောသည်။

    အလားတူ မွန်ပြည်နယ်မှ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်ဒေသသို့တင်ပို့သည့် ဆန်ကားများ ရေးမြို့တံတားဖြူဂိတ်တွင် ဂိတ်ကြေးများညှိနှိုင်းပေးဆောင်နေရဆဲဖြစ်သည်ဟုလည်း ၄င်းဆန်ကုန်သည်က ဆက်ပြောသည်။

    လွန်ခဲ့သည့်မိုးရာသီတွင် တနင်္သာရီတိုင်းသို့ ဆန်တင်ပို့မှုကို တိုင်း၀န်ကြီးချုပ် ဦးခင်ဇော်က အောင်မြင်သူ ကုမ္ပဏီအား တဦးတည်းတင်သွင်းခွင့်ပေးလိုက်သောကြောင့် ဒေသတွင်းဆန်စျေး အဆမတန် မြင့်တက်ခဲ့သည်ကို သတင်းဌာနများက ရေးသားကြသည်။

    ပြီးခဲ့သည့် ၂၀၁၀ သြဂုတ် ၁ ရက်မှစတင်ပြီး ရန်ကုန်တိုင်းမှ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရှမ်းပြည်နယ်၊ မန္တလေး၊ စစ်ကိုင်း၊ ဧရာ၀တီ၊ ပဲခူး၊ မကွေးနှင့် ရန်ကုန်တိုင်း အတွင်းရှိ အခြားဒေသများသို့ လွတ်လပ်စွာ ဆန်တင်ပို့ရောင်းချခွင့် ပြုခဲ့သည်။

    မွန်ပြည်နယ်အတွင်းရှိ မြို့နယ်ရုံးစိုက်ရာမြို့ဝင်ထွက် အချက်အချာကြသည့်နေရာများတွင် လုံခြံရေးအတွက် စစ်ဆေးရေးဂိတ်များထားကို မဆလခေတ်မှစတင်ထားရှိခဲ့ပြီး ဖြတ်သန်းသွားလာသည့် ကုန်တင်ကားများနှင့် ဒေသတွင်းခရီးသည်တင်ကားများထံမှ ဂိတ်ကြေးဖြတ်သန်းခများ ကောက်ခံနေသည်မှာ ထုံးစံတစ်ခုလိုဖြစ်နေသည်ဟု ဒေသခံများပြောကြားချက်အရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    37,400SubscribersSubscribe
    spot_img

    Latest posts