spot_img
Friday, February 13, 2026
More
    spot_img
    Homeသတင်းနိုင်ငံရေးအကျဉ်းသားထပ်မံလွှတ်ပေးရန် မွန်ခေါင်းဆောင်များတိုက်တွန်း

    နိုင်ငံရေးအကျဉ်းသားထပ်မံလွှတ်ပေးရန် မွန်ခေါင်းဆောင်များတိုက်တွန်း

    -

    မင်းသုတ – သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် အကျဉ်းသား ၆၀၀၀ ကျော်လွတ်မြောက်လာခြင်းကို ကြိုဆိုကြောင်း ပါတီအသီးသီးမှမွန်ခေါင်းဆောင်များ လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ပြောကြားသည်။

    မလွတ်မြောက်သေးသော မွန်နိုင်ငံရေးအကျဉ်းသားများ( အင်တာနက်နှင့် ဓါတ်ပုံမှတ်တမ်းများ)
    မလွတ်မြောက်သေးသော မွန်နိုင်ငံရေးအကျဉ်းသားများ( အင်တာနက်နှင့် ဓါတ်ပုံမှတ်တမ်းများ)

    “အကျဉ်းသားလွှတ်ပေးတာကိုကြိုဆိုပါတယ်၊ ဒါပေမယ့် လွှတ်ချင်တဲ့လူကိုပဲလွှတ်ပြတာမဖြစ်သင့်ဘူး၊ အထူးသဖြင့် ထောင်ထဲမှာကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို အချိန်မဆွဲပဲ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ထပ်ပြီးလွှတ်ပေးသင့်တယ်” ဟု ၁၉၉၀ ခုနုစ်ရွေးကောက်ပွဲဝင်ပြီး အဖျက်သိမ်းခံ မွန်အမျိုးသားဒီမိုကရေစီ MNDF ဒုဥက္ကဌနိုင်ငွေသိမ်းက ပြောသည်။

    ထို့အပြင် လတ်တလောဖြစ်ပေါ်နေသော တိုင်းရင်းသားဒေသထိုးစစ်များရပ်စဲ၍ တပြည်လုံးအတိုင်းအတာဆောင်သော အပစ်ရပ်စဲမှုကိုအစိုးရမှကြေညာရန်နှင့် သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်နိုင်ရေးအတွက် အရေးကြီးကြောင်း သူကဆက်ပြောသည်။

    “သုံးပွင့်ဆိုင်” ဆိုသည်မှာ လက်ရှိအစိုးရ၊ ဒီမိုကရေစီအင်အားစုများနှင့် တိုင်းရင်းသားပါတီများကို ဆိုလိုခြင်းဖြစ်သည်။

    ထို့အတူ “ယုံကြည်ချက်ကြောင့် အကျဉ်းချခံထားရသော နိုင်ငံရေးအကျဉ်းသားတချို့ လွတ်မြောက်လာတာကို ကြိုဆိုပါတယ်၊ ဒါပေမယ့် ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထပ်မံလွှတ်ပေးပါလို့ ကျနော်နဲ့အတူ ညီနောင်တိုင်းရင်းသားပါတီတွေကလည်း တောင်းဆိုတယ်” ဟု ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲဝင်မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP ဥက္ကဌ နိုင်ငွေသိန်းက ပြောသည်။

    နှစ်ရှည်ထောင်အကျဉ်းကျခံနေရသော ဦးခွန်ထွန်းဦးအပါအဝင် တိုင်းရင်းသားခေါင်းဆောင်များ၊ ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် ကျောင်းသားခေါင်းဆောင်များ၊ နိုင်ငံရေး အကျဉ်းသားများ အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန် ညီနောင်တိုင်းရင်းသား(၅) ပါတီမှ အောက်တိုဘာလ (၁၅) ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ထားသည်။

    အထက်ပါညီနောင် ၅ ပါတီတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီနှင့် ချင်းအမျိုးသားပါတီတို့ ပါဝင်ကြသည်။

    ထို့အတူ လက်နက်ကိုင်မွန်ပြည်သစ်ပါတီ NMSP ဗဟိုအလုပ်အမှုဆောင်နိုင်ရွှေသိန်းက “နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးဖို့ အစိုးရသစ်ကိုပန်ကြားပါတယ်၊ ဒါမှလည်း စစ်မှန်တဲ့အမျိုးသားပြန်လည်သင့်မြတ်ရေးကို အနာဂတ်မှာတည်ဆောက်နိုင်မယ်” ဟု ပြောသည်။

    မြန်မာစစ်အစိုးရနှင့် ၁၅ နှစ်ကျော်အပစ်ရပ်ခဲ့သော မွန်ပြည်သစ်ပါတီသည် ယမန်နှစ်စက်တင်ဘာလမှစ၍ နှစ်ဖက်အပစ်ရပ်ပျက်ပြယ်ခဲ့ပြီး ယခုလအောက်တိုဘာ (၆)ရက်နေ့တွင် မွန်ပြည်နယ်အစိုးရကိုယ်စားလှယ်နှင့် မွန်ပြည်နယ်၊ ရေးမြို့တွင်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ရာ မည်သည့်သဘောတူညီချက်မှ မရရှိခဲ့သေးပေ။

    သီတင်းကျွတ်လပြည့်နေ့(အောက်တိုဘာလ-၁၂) ရက်နေ့ မြန်မာအစိုးရ၏လွတ်ငြိမ်းချမ်းသာခွင့်အရ အကျဉ်းသား ၆၃၅၉ လွှတ်ပေးခဲ့ရာတွင် ထင်ရှားသောမွန်နိုင်ငံရေးအကျဉ်းသားများ မပါဝင်ကြောင်းသိရသည်။

    မွန်အမျိုးသားဒီမိုကရေစီ MNDF၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP၊ လက်နက်ကိုင်မွန်ပြည်သစ်ပါတီ NMSP တို့သည် မွန်အမျိုးသားကိုယ်စားပြုပါတီများ ဖြစ်ကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks