spot_img
Wednesday, March 12, 2025
More
    spot_img
    Homeသတင်းမြစ်ဆုံစီမံကိန်း ရပ်ဆိုင်းမည့်အရိပ်အယောင်မမြင်သေးဟု KDNG ပြော

    မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းမည့်အရိပ်အယောင်မမြင်သေးဟု KDNG ပြော

    -

    ရိုင်မရော့ – ဧရာဝတီမြစ်ဆုံကိစ္စ ဆိုင်းငံ့ထားမည်ဟု သမ္မတဦးသိန်းစိန်သဝဏ်လွှာထုတ်ပြန်ခဲ့သော်လည်း လက်ရှိတွင်စီမံကိန်းရပ်ဆိုင်းသည့် အရိပ်အယောင်မမြင်သေးဟု ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့က ပြောသည်။

     ဒေသၐါသွာင်ၐ႘အေရာဝတ႘
    ဒေသၐါသွာင်ၐ႘အေရာဝတ႘

    စီမံကိန်း ရပ်တန့်မှုမရှိသေးသည့်အတွက် ဒေသခံများ ၄င်းတို့၏ အနာဂတ်အတွက် မသေချာမရေရာမှုနှင့် စိုးရိမ်ကြောက်လန့်မှုများ ရှိနေဆဲဖြစ်ကြောင်း KDNG က ယနေ့ အရေးပေါ်ကြေငြာချက်တစောင် ထုတ်ပြန်ခဲ့သည်။

    “ဆောက်လုပ်ရေး လုပ်ငန်းတွေကတော့ မိုးတွင်းဖြစ်လို့ တချို့ ရပ်ထားတာရှိတယ်၊ ဒါပေမယ့် တချို့ဟာတွေကျတော့ ရပ်တန့်မှုမရှိဘဲ ဆက်လက်လုပ်နေဆောင်နေတာကို ကျမတို့ မြင်နေရဆဲပဲ” ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့မှ အနန်က ပြောသည်။

    စီမံကိန်းအတွက် အထောက်အပံ့များ ပစ္စည်းကရိယာများ ယခင်အနေအထားအတိုင်းရှိနေပြီး လုံခြုံရေး တင်းကြပ်ထားဆဲဖြစ်သည်။ ထိုမျှမက မြစ်ဆုံရှိ ဆိုးဝါးလှသော ရွှေတူးဖော်ရေးလုပ်ငန်းလည်း လုပ်ဆောင်နေဆဲဖြစ်သည်ဟု ကြေငြာချက်တွင် ပါရှိသည်။

    ထိုအပြင် ပြီးခဲ့သည့်အောက်တိုဘာ ၁၁ ရက်နေ့တွင် ထိုဒေသရှိတရုတ်အလုပ်သမားတို့သည် ဆည်၏ တောင်ဘက်ပိုင်းရှိ မြေနေရာလေ့လာတိုင်ထွာမှုများ လုပ်ဆောင်နေကြပြီး တရုတ်နယ်စပ်မြို့မှ ဆောက်လုပ်ရေးများ ဆက်လက်သယ်ယူနေဆဲဖြစ်သည်။

    အနန်က “သမ္မတကသာ တကယ်ရပ်ဆိုင်းမယ်ဆိုရင် အမိန့်တွေထုတ်ပြန်သင့်တယ်၊ ပြီးတော့ တရုတ်နဲ့ ဘယ်လို ဆွေးနွေးခဲ့ကြတယ်ဆိုတာကိုလည်း ပြည်သူတွေ သိအောင် ထုတ်ဖော်သင့်တယ်” ဟု ပြောသည်။

    ၄င်းက စီမံကိန်း ဆိုင်းင့ံထားမည်ဟု ပြောနေသည့်ကြားမှာပင် တရုတ် စွမ်းအင်ရင်းနှီုးမြှုပ်နှံမှု ကော်ပိုရေးရှင်း (CPI) က မိုးကုန်လျှင် လုပ်ငန်းပြန်စမည်ဖြစ်သည့်အတွက် မည်သည့်ပစ္စည်းကရိယာမှ မပြောင်းရွှေ့ရန်လည်း ဝန်ထမ်းများကို ပြောထားသည်။

    KDNG အနေနှင့်လည်း CPI မှ တရားဝင်ရပ်တန့်ကြောင်း သတင်းထုတ်ပြန်ရန်၊ ဝန်ထမ်းများနှင့် စက်ပစ္စည်းကရိယာများ ရုပ်သိမ်းပေးပြီး ဒေသခံများအား ၄င်းတို့၏မူလနေအိမ်များသို့ လုံခြုံစွာ ပြန်လည်နေထိုင်ခွင့်ပေးရန် တောင်းဆိုထားသည်။

    မြစ်ဆုံရေကာအပါအဝင် တခြားဆည် ၆ ခုကိုလည်း “ဆိုင်းငံ့” ထားရုံမျှသာဖြစ်ပြီး တရားဝင်ရပ်ဆိုင်းမှုမရှိသေးသရွှေ့ KDNG အနေနှင့် ပြည်သူတွေနှင့် ပူးပေါင်းကာ စီမံကိန်းလုပ်ငန်းကို ဆန့်ကျင်သွားမည်ဟုလည်း ကြေငြာချက်တွင် ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    1 COMMENT

    1. မြစ်ဆုံစီမံကိန်းရပ်ဖို့အတွက် သမ္မတကတောင် တစ်ကမ္ဘာလုံးသိအောင် ေ့ကညာပြီးူပြီလေ ဘာတွေပူနေသေးတာလဲ
      ဒီ KDNG ကတော အလုပ်မရှိလျှောက်ပြောနေတယ်.မြစ်ဆုံစီမံကိန်းတစ်ခုရပ်လိုက်ရင်တော်ပြီပေါ့ ဘာလို ကျန်တဲ့စီမံကိန်းကိုလည်း ဆန်ကျင်ခြင်သေးတာလဲ မင်တိုကချင်ပြည်ကတော့ လျှပ်စစ်မီးနဲ့မတန်ပါဘူး ဆီမီးခွက်ဘဲထွန်းကြတာကောင်းပါတယ်

    Comments are closed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    33,400SubscribersSubscribe
    spot_img

    Latest posts