Saturday, March 14, 2026
More
    spot_img
    Homeသတင်းဇာဂနာလွတ်ပြီး ပြည်တော်ပြန်တော့မည့် သီးနှစ်သီး

    ဇာဂနာလွတ်ပြီး ပြည်တော်ပြန်တော့မည့် သီးနှစ်သီး

    -

    ရိုင်မရော့၊ လွတ်လပ်သော မွန်သတင်းအေဂျင်စီ – နိုင်ငံကျော်လူရွှင်တော်ဇာဂနာ (ခေါ်) ကိုသူရ ထောင်မှလွတ်လာပြီး ထိုင်းနိုင်ငံတွင် ကျန်ရှိနေသည့် သီးလေးသီးအဖွဲ့ဝင် လူရွှင်တော် ပန်းသီး၊ ကြယ်သီးနှင့် မင်းသမီး မြစပယ်ငုံတို့ မြန်မာပြည်ပြန်တော့မည်ဖြစ်သည်။

    နိုင်ငံကျော်လူရွှင်တော်ဇာဂနာ (ခေါ်) ကိုသူရ ( ဓာတ်ပုံ - အင်တာနက် )
    နိုင်ငံကျော်လူရွှင်တော်ဇာဂနာ (ခေါ်) ကိုသူရ ( ဓာတ်ပုံ - အင်တာနက် )

    ပန်းသီးက “ကိုသူရ လွတ်လာပြီဆိုတော့ ကျနော်တို့ ပြန်မယ် ဒါပေမယ့် လောလောဆယ် ဘာမှ မစီစဉ်ရသေးဘူး ကိုသူရနဲ့ ဆွေးနွေးရအုံးမယ်၊ ပြန်တော့ ပြန်မှာပါ”

    နိုင်ငံရေးအကျဉ်းသားအဖြစ် ဖမ်းဆီးခံထားရသူ ကိုဇာဂနာအပါအဝင် တခြားနိုင်ငံရေးအကျဉ်းသားများ ထောင်မှ လွတ်မြောက်လာသည်ကို သူတို့အနေနှင့် အတိုင်းမသိဝမ်းသာမိကြောင်း ၄င်းက ပြောသည်။

    မင်းသမီး မြစပယ်ငုံကလည်း “ဗမာပြည်ပြန်ရောက်ရင် ကျမတို့ ကိုသူရနဲ့အတူ သီးလေးသီးအဖွဲ့ဝင်တွေနဲ့ အနုပညာလောကို ဆက်လက်လှုပ်ရှားသွားမှာပါ” ဟု ပြောသည်။

    ကိုဇာဂနာနှင့် တိုင်ပင်ဆွေးနွေးပြီးပါက မြန်မာနိုင်ငံသို့ ပြန်ကာ အနုပညာလုပ်ငန်းကို ဆက်လက်ကြိုးပမ်းလုပ်ဆောင်သွားမည်ဟုလည်း ၄င်းက ပြောသည်။

    သမ္မတဦးသိန်းစိန်၏ ပြည်တော်ပြန်ခရီးဖိတ်ကြားချက်ထွက်ပေါ်လာပြီးနောက် သီးလေးသီးအဖွဲ့ဝင်များဖြစ်သည့် လူရွှင်တော် ဂေါ်ဇီလာ၊ စိန်သီး၊ ဇီးသီးနှင့် မင်းသမီး ချောစုမျိုးတို့က စက်တင်ဘာ ၁၁ ရက်နေ့မှာ မြန်မာပြည်သို့ ပြန်သွားခဲ့သည်။

    ထိုစဉ်က သီးနှစ်သီးနှင့် မြစပယ်ငုံတို့က ပြည်တော်မပြန်ပဲ အကျဉ်းကျခံနေရသည့် လူရွှင်တော် ဇာဂနာ ထောင်ကနေလွတ်လာမှသာ ပြန်မည်ဟု ပြောဆိုခဲ့ကြသည်။

    ကိုဇာဂနာလွတ်လျှင် ပြည်တော်ပြန်မည်ဆိုသည့် ဆုံးဖြတ်ချက်ရှိသော်လည်း လတ်တလော မည်သည့်အစီအစဉ်မှမရှိသေးပဲ ကိုဇာဂနာနှင့် ဆွေးနွေးပြီးမှသာ ဆုံးဖြတ်ချက်တခု ချနိုင်မည်ဟု ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ကျန်နေသည့် လူရွှင်တော် ပန်းသီးက ပြောသည်။

    နိုင်ငံကျော် လူရွှင်တော် ကိုဇာဂနာသည် ၂၀၀၃ ခုနှစ်တွင် သီးလေးသီးအဖွဲ့ကို ဦးဆောင်တည်ထောင်ခဲ့သူဖြစ်သည်။

    ၂၀၀၇ ခုနှစ်ကစပြီး ပြည်ပနိုင်ငံများဖြစ်သည့် အမေရိကန်၊ ဂျပန်၊ ကိုးရီးယား၊ မလေးရှားနှင့် စင်ကာပူတို့တွင် သွားရောက်ဖျော်ဖြေခဲ့ပြီး မြန်မာနိုင်ငံသို့ မပြန်ပဲ ထိုင်းနိုင်ငံတွင် နေထိုင်ခဲ့ကြသည်။

     


    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks