spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးနှင့် မွန်ပြည်သစ်ပါတီပဏာမဆွေးနွေးခဲ့

    ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးနှင့် မွန်ပြည်သစ်ပါတီပဏာမဆွေးနွေးခဲ့

    -

    မင်းသုတ – မွန်ပြည်နယ်အစိုးရနှင့် မွန်ပြည်သစ်ပါတီတို့ နှစ်ဖက်ကိုယ်စားလှယ်များ မွန်ပြည်နယ်၊ ရေးမြို့အခြေစိုက် ခလရ(၆၁) တပ်ရင်းရုံးတွင် ယမန်နေ့နံနက်(၉) နာရီမှ ပဏာမစတင်ဆွေးနွေးခဲ့ပြီး မွန်းလွဲပိုင်း၌ ပြီးဆုံးခဲ့သည်ဟု သိရသည်။

    ရေးမြစ်ပေါ်မှ ရေးမြုုိ့ကိုတွေ့ရပုံ (Photo- မြန်မာဝီကီ)
    ရေးမြစ်ပေါ်မှ ရေးမြုုိ့ကိုတွေ့ရပုံ (Photo- မြန်မာဝီကီ)

    “အစိုးရကိုတင်ပြရမယ့်အချက်တွေ ကျနော်တို့ဗဟိုကမူချထားပြီးသားပဲ၊ အဲဒါကိုမျက်နှာချင်းဆိုင်သွားဆွေးနွေးတင်ပြတာဖြစ်တယ်၊ ဟိုကဘာပြန်ပြောလာမလဲဆိုတာ အခုသွားတဲ့ကိုယ်စားလှယ်တွေက ဗဟိုကိုပြန်လည်တင်ပြပါလိမ့်မယ်” ဟု မွန်ပြည်သစ်ပါတီပြောခွင့်ရ နိုင်ဟံသာဗွန်ခိုင်းက ပြောသည်။

    မွန်ပြည်သစ်ပါတီမှ ဗဟိုအလုပ်အမှုဆောင် နိုင်တလညီ ဦးဆောင်ပြီး အဖွဲ့ဝင်အဖြစ် ဗဟိုကော်မတီဝင်များဖြစ်ကြသော မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် အမှတ်(၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးဟံသာ နှင့် ထားဝယ်ခရိုင်အတွင်းရေးမှူး နိုင်ဗညားလယ်တို့ပါဝင်သည်ဟု မွန်ပြည်သစ်ပါတီမှသိရသည်။

    မွန်ပြည်နယ်အစိုးရဖက်မှ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဌေးမြင့်အောင် နှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ အရာရှိနှစ်ဦးတို့လည်း ပါဝင်ခဲ့သည်ဟု သိရသည်။
    အထက်ပါ သွားရောက်ဆွေးနွေးခဲ့ကြသော မွန်ပြည်သစ်ပါတီကိုယ်စားလှယ်များသည် ပါတီဌာနချုပ်ရှိရာ ရေးချောင်းဖျားဒေသသို့ ရေးမြို့မှစက်လှေဖြင့် ယမန်နေ့ညနေပိုင်းတွင် ပြန်လည်ထွက်ခွာခဲ့ပြီး ဖြစ်သည်။

    မွန်ပြည်သစ်ပါတီအနေဖြင့် UNFC အနေဖြင့်သာ တပြည်လုံးအတိုင်းအတာဆောင်သော ငြိမ်းချမ်းရေးဆွေးနွေးသွားရန် ပြီးခဲ့သည့်လတွင်ကျင်းပခဲ့သော ဗဟိုကော်မတီအရေးပေါ်အစည်းအဝေးမှ မူချမှတ်ခဲ့သည်ဟု သိရသည်။

    မွန်အမျိုးသားတပ်မတော်မှ အငြိမ်းစားဗိုလ်မှူးကြီးကောင်းရွတ်က “မွန်ပြည်သစ်ပါတီအနေနဲ့ UNFC တပ်ပေါင်းစုအဖွဲ့ဝင်ဖြစ်တဲ့အတွက် အပစ်ရပ်ဖို့ပဲဖြစ်ဖြစ်၊ ငြိမ်းချမ်းရေးဆွေးနွေးတာပဲဖြစ်ဖြစ် တပ်ပေါင်းစုအနေနဲ့ပဲ ဆွေးနွေးသင့်တယ်၊ အဲဒါမှလည်း အောင်မြင်မှုရနိုင်မယ်၊ ကိုယ်တစ်ဖွဲ့တည်းနဲ့ပဲဆွေးနွေးမယ်ဆိုရင် တန်းတူတဲ့ဆွေးနွေးပွဲမျိုးဖြစ်မလာနိုင်ဘူး” ဟုပြောသည်။

    ယခုနှစ်ဖေဖေါ်ဝါရီလတွင် ဖွဲ့စည်းခဲ့သည့် ညီညွတ်သောတိုင်းရင်းသားဖက်ဒရယ်များကောင်စီ (United Nationalities Federal Council- UNFC) တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ၊ ကရင်အမျိုးသား အစည်းအရုံး KNU ၊ ကရင်နီအမျိုးသား တိုးတက်ရေး KNPP၊ ချင်းအမျိုးသားတပ်ဦး CNF ၊မွန်ပြည်သစ်ပါတီ NMSP နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တို့ ပါဝင်ကြသည်။

    ထို့အပြင် ဆက်စပ်အဖွဲ့ဝင်များတွင် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO၊ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး PSLF၊ ရခိုင်ပြည်အမျိုးသားကောင်စီ ANC၊ လားဟူဒီမိုကရက်တစ်သမဂ္ဂ LDU၊ ဝ’ အမျိုးသားအဖွဲ့ချုပ် WNO နှင့် ကချင်အမျိုးသား အစည်းအရုံး KNO တို့ပါဝင်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks