Tuesday, March 10, 2026
More
    spot_img
    Homeသတင်းအကျိုးတော်ဆောင်များမှတဆင့် ငြိမ်းချမ်းရေးဆွေးနွေးရန် မွန်ပြည်နယ်အစိုးရစီစဉ်

    အကျိုးတော်ဆောင်များမှတဆင့် ငြိမ်းချမ်းရေးဆွေးနွေးရန် မွန်ပြည်နယ်အစိုးရစီစဉ်

    -

    ရိုင်မရော့ – မွန်ပြည်နယ်အစိုးရက လက်နက်ကိုင် မွန်အဖွဲ့အစည်းဖြစ်သည့် မွန်ပြည်သစ်ပါတီနှင့် အကျိုးတော်ဆောင်များမှ တဆင့် ငြိမ်းချမ်းရေးဆွေးနွေးရန် စီစဉ်နေသည်။

    အကျိုးတော်ဆောင်များတွင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) မှ ခေါင်းဆောင်တဦး၊ ၁၉၉၀ ရွေးကောက်ဝင် မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ခေါင်းဆောင်တဦး၊ အထင်ကရ ဗုဒ္ဓဘာသာ ဆရာတော်တပါး၊ မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်ဟောင်း တဦးနှင့် ဗဟိုကော်မတီဝင်ဟောင်းတဦးတို့ ပါဝင်ကြောင်း ယင်း ကြားခံညှိနှိုင်းရေးလုပ်ငန်းတွင် ပါဝင်သူတဦးက ပြောသည်။

    ၎င်း၏ အဆိုအရ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်က မွန်ပြည်သစ်ပါတီနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ကိစ္စကို မွန်ပြည်နယ် လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး နိုင်လဝီအောင် (ခေါ်) နိုင်မြင့်ဆွေ (ယခင်-မွန်ပြည်သစ်ပါတီ ဗိုလ်မှူးကြီးဟောင်း) ကို တာဝန်ပေးထားသည်ဟု သိရသည်။

    ဆွေးနွေးမှုများ မည်သို့ ဆက်လက် ဆောင်ရွက်သွားမည်ကို ပြောဆိုရန် အချိန် “စောသေးကြောင်း” လောလောဆယ် အသေးစိတ် မပြောနိုင်သေးကြောင်း ၎င်းကဆက်ပြောသည်။

    ယင်းကိစ္စနှင့် ပတ်သက်၍ မွန်ပြည်သစ်ပါတီဘက်မှ တစုံတရာ မကြားသိရသေးကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တဦးက ပြောသည်။

    သို့သော် အမည်မဖော်လိုသည့် မွန်ပြည်သစ်ပါတီ အကြံပေးပုဂ္ဂိုလ်တဦး၏ အပြောအရ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပြည်နယ်ဝန်ကြီး နိုင်လဝီအောင်က မွန်ပြည်သစ်ပါတီ ထိပ်ပိုင်းခေါင်းဆောင်တဦးထံ တယ်လီဖုန်းဖြင့် ဆက်သွယ်မှုပြုခဲ့ကြောင်း သိရသည်။

    မွန်ပြည်သစ်ပါတီသည် မြန်မာအစိုးရ၏ နယ်ခြားစောင့်တပ် (သို့မဟုတ်) လက်နက်စွန့်လွှတ်ရမည် ဆိုသည့် အချက်ကို လက်မခံနိုင်ကြောင်း ၂၀၁၀ ခုနှစ် စက်တင်ဘာလတွင် ယခင်စစ်အစိုးရထံ နောက်ဆုံး အကြောင်းပြန်ထားပြီးနောက် နှစ်ဘက်အကြား အပစ်ခတ်ရပ်စဲရေး ပျက်ပြားသွားသည့် အနေအထားသို့ ရောက်ရှိခဲ့ရသည်။

    မွန်ပြည်သစ်ပါတီသည် မြန်မာစစ်အစိုးရနှင့် ၁၉၉၅ ခုနှစ်တွင် အပစ်ခတ်ရပ်စဲခဲ့သည့် လက်နက်ကိုင်အဖွဲ့ဖြစ်သည်။

     

     

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks