spot_img
Thursday, November 27, 2025
More
    spot_img
    Homeသတင်းဘုရားသုံးဆူမြို့ပေါ်လုပ်ငန်းရှင်များထံ ဆက်ကြေးတောင်းခံထား

    ဘုရားသုံးဆူမြို့ပေါ်လုပ်ငန်းရှင်များထံ ဆက်ကြေးတောင်းခံထား

    -

    ကျလွန်းထော –  ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမြို့ပေါ်တွင် မွန်ပြည်ပြန်လည်တည်ထောင်ရေးတပ် အမည်ဖြင့် တံဆိပ်တုံးရိုက်နှိပ်ထားသော စာရွက်စာတမ်းများပေးပို့ကာ လုပ်ငန်းရှင်များထံ ဆက်ကြေးငွေတောင်းခံနေသည်ဟု သိရသည်။

    ယနေ့ (စက်တင်ဘာလ ၂၁) ရက်နေ့တွင် ဘုရားသုံးဆူမြို့ပေါ်ရှိ ခြံလုပ်ငန်း၊ ရွှေဆိုင်၊ ဓါတ်ဆီဆိုင် အစရှိသည့် နာမည်စရင်းများဖြင့် လုပ်ငန်းရှင် ၂၅ ဦးထံ ငွေကြေးတောင်းခံခဲ့ကြောင်း ကိုယ်တိုင်လက်ခံရရှိထားသည့် ခြံလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

    “သူတို့ပေးတဲ့စာရွက်ရဲ့အောက်မှာ ဖုန်းနံပါတ်ရေးပေးထားတယ်၊ စာရွက်ရရင် အဲဒီနံပါတ်အတိုင်း ဆက်လိုက်ပါပေါ့၊ တကယ်လို့ မဆက်ဘူးဆိုရင် သူတို့အဆိုး မဆိုနဲ့လို့ ရေးထားတယ်၊ ဘယ်လောက်ပေးရမလဲဆိုတာတော့ မရေးထားဘူး” ဟု ၄င်းခြံလုပ်ငန်းရှင်က ပြောသည်။

    ငွေကြေးတောင်းခံသည့်စာရွက်ကို မြန်မာဘာသာဖြင့် ရေးထားပြီး ရိုက်နှိပ်ထားသည့် တံဆိပ်တွင်မူ မွန်ဘာသာဖြင့် “မွန်ပြည် ပြန်လည်တည်ထောင်ရေးတပ်၊ ရုံးကြီး၊ မွန်လက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ၊ DEMOCRACY. POP” ကို သတင်းဓါတ်ပုံပါမိတ္တူဖေါ်ပြပါအတိုင်း တံဆိပ်ရိုက်နှိပ်ထားသည့်စာရွက်အချို့ ကာယကံရှင်များမှတဆင့် လွတ်လပ်သောမွန်သတင်းအေဂျင်စီက လက်ခံရရှိခဲ့သည်။

    ၄င်းဆက်ကြေးတောင်းခံစာရွက်များကို ဘုရားသုံးဆူမြို့ ရပ်ကွက် (၃) နှင်းဆီလမ်း၊ လမ်းသွယ် (၅) တစ်နေရာတွင်ပစ်ချထားခဲ့သည်ဟု သိရသည်။

    ပြန်ပေးသမားနှင့်ဆက်သွယ်ကူညီေနသူဟု မသင်္ကာရသူ ဦးသက် ဆိုသူအား ဘုရားသုံးဆူရဲစခန်းမှ ယခုရက်ပိုင်း ပြန်လည်လွှတ်လိုက်ပြီးနောက် ယခုကဲ့သို့ဆက်ကြေးငွေတောင်းခံသည့်ကိစ္စ ပြန်လည်ဖြစ်ပေါ်လာသည်ဟု လုပ်ငန်းရှင်ကြီးများက ယူဆနေကြသည်။

    “ဦးသက်ကိုရဲတွေလွှတ်လိုက်တာ ၄ ရက်ပဲရှိသေးတယ်၊ အခုဒီလိုငွေတောင်းတဲ့ကိစ္စတွေ ပြန်ဖြစ်ပြန်ပြီး” ဟု ဒေသခံလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

    လွန်ခဲ့သည့်သြဂုတ်လ ၁၆ ရက်နေ့တွင် ငွေတောင်းခံပြန်ပေးအဖွဲ့ကူညီေနသူဟုယူဆ၍ ဒေသခံပြည်သူ့စစ်အဖွဲ့ဖမ်းဆီးရိုက်နှက်သဖြင့် အဖေါ်ဖြစ်သူမောင်နိုင် ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး ဦးသက် ဆိုသူအားရဲစခန်းတွင်ဖမ်းဆီးချုပ်နှောင်ခဲ့သည်ကို ယခင်သတင်းများတွင်ဖေါ်ပြခဲ့ပြီး ဖြစ်သည်။

    ယခု ဆက်ကြေးငွေတောင်းခံသည့်အဖွဲ့မှာ ဘုရားသုံးဆူမြို့ခံ ရာဘာခြံလုပ်သားများအား ယခင်ကပြန်ပေးဆွဲငွေတောင်းခဲ့သည့် အဖွဲ့များသာဖြစ်နိုင်ကြောင်း မွန်ပြည်သစ်ပါတီ၊ ဘုရားသုံးဆူဒေသ မြို့နယ်ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    “သူတို့ကအရင်က ပြန်ပေးဆွဲနေတဲ့သူပဲ၊ အခုမှ နာမည်ပြောင်း တံဆိပ်တုံးရိုက်ပြီး ငွေတောင်းတာ၊ ဒီကိစ္စအတွက် ရာဘာခြံရှင်တွေနဲ့ မြို့နယ်အုပ်ချုပ်ရေးတွေ ပူးပေါင်းဖွဲ့စည်းထားတဲ့ ကာကွယ်ရေးအဖွဲ့တွေက ဖြေရှင်းပါလိမ့်မယ်” ဟု ၄င်းကပြောသည်။

    ဘုရားသုံးဆူမြို့တွင် ရာဘာခြံလုပ်သားများနှင့် လုပ်ငန်းရှင်များအား ပြန်ပေးဆွဲ ငွေတောင်းမှုများ မကြာခဏ ဖြစ်ပေါ်နေသည့်အတွက် ပြီးခဲ့သည့် သြဂုတ်လ ၁၁ ရက်နေ့တွင် မြို့နယ်အာဏာပိုင်များနှင့် ဒေသခံရာဘာခြံလုပ်ငန်းရှင်များ အစည်းအဝေးကျင်းပပြီး ပြန်ပေးအဖွဲ့မှကာကွယ်ရန် လက်နက်ကိုင်လုံခြုံရေးအဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့ပြီး ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,100SubscribersSubscribe
    spot_img

    Latest posts