Saturday, March 14, 2026
More
    spot_img
    Homeသတင်းမွန်တော်လှန်ရေးသမားဟောင်းနိုင်မြသီး စျာပနမီးသင်္ဂြီုလ်ပြီးစီး

    မွန်တော်လှန်ရေးသမားဟောင်းနိုင်မြသီး စျာပနမီးသင်္ဂြီုလ်ပြီးစီး

    -

    ကျလွန်းထော –  မွန်တော်လှန်ရေးသမားဟောင်း နိုင်မြသီး(အသက်-၈၅ နှစ်) စျာပနကို ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင်၊ စံခလပူရီမြို့ရှိ၊ ဝပ်စီဘုန်းတော်ကြီးကျောင်း၌ ဗုဒ္ဓဘာသာဓလေ့ထုံးဓမ်းနှင့်အညီ ယနေ့မွန်းလွဲပိုင်းတွင် မီးသင်္ဂြီုလ်ပြီးစီးသွားခဲ့သည်။

    နိုင်မြသီး စျာပန
    နိုင်မြသီး စျာပန

    ဝပ်စီဆရာတော်နှင့် ဝင်းကမွန်ကျောင်းထိုင်ဆရာတော်တို့အမှူးထား၍ သံဃာတော်များက ဗုဒ္ဓဘာသာတရားတော်များရွတ်ဖတ်သရေဇ္ဇျာယ်ခြင်း၊ ကျန်ရစ်သူမိသားစုများက အလှူဒါနပြုခြင်းနှင့် မြို့မိမြို့ဖများနှင့် ခင်မင်ရင်းနှီးသူတစ်ထောင်နီးပါးခန့် လာရောက်ဂါရဝပြုကြသည်။

    အထူးသဖြင့် ၄င်းစျာပနအခမ်းအနားတွင် စံခလပူရီမြို့ပိုင်၊ မြူနီစီပယ်အရာရှိ၊ မြို့နယ်ရဲမှူးနှင့် ထင်ရှားသည့်လုပ်ငန်းရှင်များလည်း သီးသန့်ဂါရဝပြုခဲ့ကြသည်။

    ထို့အတူ ထိုင်းမြန်မာနယ်စပ်ရှိ မွန်လူမှုအဖွဲ့အစည်းများမှလည်း တက်ရောက်ဂါရဝပြုကြသည်ကို တွေ့ရှိရသည်။

    ၄င်းစျာပနကို မွန်းလွဲ ၁ နာရီတွင်စတင်ကာ မီးရှူးမီးပန်းများပစ်ဖောက်ပြီး ညနေ ၄ နာရီခန့်၌ မီးစတင်သင်္ဂြီုလ်သည်နှင့် အခမ်းအနားပြီးဆုံးခဲ့သည်။

    နိုင်မြသီးသည် မွန်လူမျိုးများအကျိုးအတွက်သာမက ထိုင်းလူမှုအဖွဲ့အစည်းများတွင်လည်း ကွယ်လွန်သည့်အချိန်ကအထိ အကျိုးပြုလုပ်ငန်းများထမ်းဆောင်လာခဲ့သူ ဖြစ်သည်။

    မွန်လက်နက်ကိုင်တော်လှန်ရေးစတင်ခဲ့သည့် ၁၉၄၈ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့တွင် မွန်လူငယ် ၂ ကျိပ်ခန့်တို့ ဘားအံမြို့နယ်၊ ဇာသပြင်ရွာ ရဲစခန်းသို့ လက်နက်ဝင်ရောက်လုယူခဲ့ရာ၌ နိုင်မြသီးသည် ကိုယ်တိုင်ပါဝင်ခဲ့သူဖြစ်ပြီး မွန်အမျိုးသားကာကွယ်ရေးတပ်မတော် (MNDO) တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ခဲ့သည်။

    ၁၉၅၈ ခုနှစ်တွင် မွန်ပြည်သူ့တပ်ဦး (ဖဆပလ) အစိုးရထံ လက်နက်အပ်နှံပြီးနောက် နိုင်မြသီးသည် ထိုင်းနယ်စပ်သို့ တိမ်းရှောင်ခဲ့ပြီး ယခုကွန်လွန်ချိန်အထိ စံခလပူရီမြို့ရှိ မွန်လူမူအဖွဲ့အစည်းများတွင် နာယကအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks