spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းဂျီမေးလ်အကောင့်သစ်ကို ငွေကြေးယူ၍ဝန်ဆောင်မှုပေးနေ

    ဂျီမေးလ်အကောင့်သစ်ကို ငွေကြေးယူ၍ဝန်ဆောင်မှုပေးနေ

    -

    ဂျူရီချိုင်း-မြန်မာပြည်တွင် ဂျီမေးလ်အကောင့်သစ်ပြုလုပ်လိုသူများအတွက် ငွေကြေးယူ၍ဝန်ဆောင်မှု ပေးနေသည့်အင်တာနက်ဆိုင်များရှိနေကြောင်း အင်တာနက်သုံးစွဲသူများထံမှ သိရသည်။

    အင်တာနက်ကဖေးတစ်ခု
    အင်တာနက်ကဖေးတစ်ခု

    “ဂျီမေးလ်အကောင့်သစ်လုပ်မတတ်သူတွေ၊ ကော်နက်ရှင်မကောင်းလို့ လုပ်လို့အဆင်မပြေသူတွေအတွက် တချို့အင်တာနက်ဆိုင်တွေကနေ ဝန်ဆောင်မှုအတွက် ငွေပေးလုပ်ခိုင်းနေရတယ်” ဟု ရန်ကုန်မြို့မှ အင်တာနက်သုံးစွဲသူ တစ်ဦးက ပြောသည်။

    ဂျီမေးလ် အကောင့်သစ်တစ်ခုအတွက် ဝန်ဆောင်ခ ၁၀၀၀ ကျပ်မှ ၅၀၀၀ ကျပ်အထိ ပေးဆောင်နေရသည်ဟု အဆိုပါ အင်တာနက်သုံးစွဲသူက ပြောသည်။

    ထိုသို့မေးလ်အကောင့်သစ်လုပ်ရန် ငွေကြေးဝန်ဆောင်မှုပေးရသော်လည်း ချက်ချင်းအသုံးပြု၍မရပေ။ ရက်အနည်းငယ်စောင့်ပြီးမှ အသုံးပြုခွင့်ရကြောင်း သိရသည်။

    မေးလ်အကောင့်သစ် ချက်ချင်းမရခြင်းမှာ Google မှ Verification Code ဖုန်းနံပါတ်ဖြင့်ကုတ်တောင်းရာတွင် မြန်မာနိုင်ငံ GSM ဖုန်းသို့ Massage မဝင်သည့်အတွက် ပြည်ပနိုင်ငံရှိအသိများဖုန်းနံပါတ်ကိုပေးနေရသောကြောင့် ယင်းကဲ့သို့အခက်အခဲဖြစ်နေရသည်ဟု အမည်မဖေါ်လိုသော မြန်မာ IT သမားတစ်ဦးကပြောသည်။

    ရန်ကုန်မြို့မှ အင်တာနက်သုံးစွဲနေသူတစ်ဦးကလည်း “လက်ရှိမေးလ်အကောင့်သစ် ဖွင့်ယင် ပြည်ပနိုင်ငံကအသိတွေကို လှမ်းမှာရတယ်၊ ဒီမှာတော့ ကိုယ်တိုင်အစအဆုံး လုပ်ယူလို့မရနိုင်ဘူး” ဟု ပြောသည်။

    ဂျီမေးလ်အကောက်သစ်များ ပြုလုပ်ရန်အခက်အခဲရှိနေသော်လည်း မြန်မာလူငယ်အကြား အင်တာနက်သုံးစွဲသူ ယခင်ကထက် ပိုမိုများပြားလာသည်ဟု အဆိုပါ အင်တာနက်သုံးစွဲသူက ပြောသည်။

    တစ်ချို့ အာမခံနှင့် ဖွင့်ပေးသည့်ဆိုင်များတွင် လိုချင်သည့်အကောင့်နာမည်လည်းရအောင် အကောင့်လည်း အပိတ်မခံရအောင် လုပ်ပေးမည်ဆိုပြီး ဝန်ဆောင်ခ ၇၀၀၀ ကျပ်ကနေ ၉၀၀၀ ကျပ်အထိ ပေးရသည်ဟု ရန်ကုန်မြို့မှ အင်တာနက်ဆိုင် ဝန်ဆောင်မှုဝန်ထမ်းတစ်ဦးက ပြောသည်။

    ငွေကြေးများပေးဆောင်ပြီး ဂျီမေးလ်အကောင့်သစ်ဖွင့်ရသော်လည်း တစ်ချို့မှာ တစ်ပတ်ခန့်အကြာနေပြီး သုံးမရသည်လည်း ရှိနေသည်။

    ယင်းဂျီမေးလ်အကောင့်သစ် ပြုလုပ်သည့်အခက်အခဲဖြစ်ခဲ့သည်မှာ တစ်နှစ်နီးပါးခန့်ဖြစ်ကြောင်း မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှ အင်တာနက်ဆိုင်ရှင်တစ်ဦးက ပြောသည်။

    ၂၀၁၁ ခုနှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အင်တာနက်သုံးစွဲသူ ဦးရေမှာ ၃၈၀,၀၀၀ ခန့်ရှိကြောင်း ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ ဝန်ကြီး ဦးသိန်းဇော်က ပြောကြားခဲ့ကြောင်း မတ်လ ၈ ရက်နေ့က နိုင်ငံပိုင်ထုတ် သတင်းစာများတွင် ဖော်ပြခဲ့သည်။

    ပြည်ပနိုင်ငံအသီးသီးတွင် ဂျီမေးလ်အကောင့်သစ်ဖွင့်သူများအနေဖြင့် ငွေကြေး ဝန်ဆောင်ခ ပေးဆောင်စရာမလိုပေ။ ထို့အတူ အီးမေးလ်အကောင့် အမျိုးအစားအားလုံးလိုလိုမှာ အခမဲ့ဖြစ်သည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks