Saturday, March 14, 2026
More
    spot_img
    Homeသတင်းမွန်ခွဲထွက်များနှင့် ကရင်နယ်ခြားစောင့်တပ်ဖွဲ့ ပစ်ခတ်ရာတွင် နှစ်ဖက်သေဆုံးမှုရှိ

    မွန်ခွဲထွက်များနှင့် ကရင်နယ်ခြားစောင့်တပ်ဖွဲ့ ပစ်ခတ်ရာတွင် နှစ်ဖက်သေဆုံးမှုရှိ

    -

    မင်းသုတ– ကရင်ပြည်နယ်တွင်လှုပ်ရှားနေသော မွန်ခွဲထွက်များနှင့် ကရင်နယ်ခြားစောင့်တပ်ဖွဲ့တို့ ယမန်နေ့ညပိုင်းတွင် ဖားအံမြို့နယ်၊ ခရားအတွင်းရွာအနီး၌ သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ နှစ်ဖက်ထိခိုက်သေဆုံးမှုဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။

    မွန်ခွဲထွက်အဖွဲ့မှနှစ်ဦးနှင့် ကရင်နယ်ခြားစောင့်တပ်ဖွဲ့မှတစ်ဦး သေဆုံးခဲ့ပြီး မွန်ခွဲထွက်သေနတ် ၃ လက်ကို ကရင်နယ်ခြားစောင့်တပ်က သိမ်းဆည်းရမိကြောင်း နယ်စပ်စစ်ရေးစောင့်ကြည့်နေသူတစ်ဦးက ပြောသည်။

    “မွန်ခွဲထွက်အဖွဲ့ဆိုတာ တလောက ခရစ်ရွာပြန်ပေးဆွဲတဲ့အဖွဲ့က ၃ ယောက်အဖွဲ့ပေါ့၊ နှစ်ယောက်သေတာ နာမည်အတိအကျရအောင်စုံစမ်းနေတုန်းပဲ” ဟု သူကဆက်ပြောသည်။

    အဆိုပါ ၃ ယောက်အဖွဲ့မှာ လက်နက်ချနိုင်ရှောင်ဦးစီးသော မွန်လက်နက်ကိုင်အောင်ချမ်းအဖွဲ့မှ ခွဲထွက်လာသည့် ဇော်မင်း၊ ထောအောင်နှင့် နိုင်မောင်တို့ဖြစ်ကြပြီး ကော့ကရိတ်မြို့နယ်၊ ခရစ်ကျေးရွာတဝိုက်တွင်လှုပ်ရှားလျှက်ရှိရာ လွန်ခဲ့သည့်သြဂုတ်လ ၂၄ ရက်နေ့တွင် ပဲ့ချိပ်လှေမောင်းသမားအနိုင်(အသက်-၃၆ နှစ်)နှင့် နိုင်ကွန်းစော့(အသက်-၄၀ နှစ်) နှစ်ဦးတို့ကို ပြန်ပေးဆွဲ၍ငွေကျပ်သိန်း ၁၅၀ တောင်းခံခဲ့သူများဖြစ်ကြောင်း ယခင်သတင်းများတွင် ဖေါ်ပြခဲ့ပြီးဖြစ်သည်။

    အထက်ပါနှစ်ဖက်ပစ်ခတ်မှုကြောင့် ၂ ဦးသေဆုံးခဲ့သည်ကို မိမိတို့လည်းကြားသိခဲ့ရကြောင်း မြဝတီနယ်စပ်သို့ရောက်ရှိနေသူ နိုင်ကွန်းစော့က အတည်ပြုပြောကြားခဲ့ပြီး မည်သူမည်ဝါသေဆုံးခဲ့သည်ကို ဆက်လက်စုံစမ်းနေသည်ဟုလည်း လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ပြောသည်။

    မွန်ပြည်သစ်ပါတီဝင်ဟောင်း ကွယ်လွန်သူဗိုလ်ချုပ်အောင်နိုင်သည် ယခင်စစ်အစိုးရနှင့်အပေးအယူပြုလုပ်ပြီး အင်အားအချို့စုစည်းကာမွန်ငြိမ်းချမ်းရေးကာကွယ်ရေးတပ်ဖွဲ့ကို ၂၀၀၈ ခုနှစ်တွင်စတင်ဖွဲ့စည်းခဲ့သည်။

    ယမန်နှစ်တွင် မွန်ဗိုလ်ချုပ်ဟောင်းအောင်နိုင်ကွယ်လွန်ခဲ့ပြီး မွန်ပြည်သစ်ပါတီမှတပ်မှူးဟောင်း နိုင်ရှောင်က မွန်ငြိမ်းချမ်းရေးကာကွယ်ရေးတပ်ဖွဲ့ဆက်လက်ဦးစီးပြီး ၂၀၁၀ ခုနှစ်အောက်တိုဘာလ ၂၆ ရက်နေ့နှင့် ဒီဇင်ဘာလ ၁ ရက်နေ့များတွင် စစ်အစိုးရထံနှစ်ကြိမ်တိတိ လက်နက်အပ်နှံပွဲပြုလုပ်ခဲ့သည်ကုိ မြန်မာအစိုးရသတင်းများတွင် အသားပေးဖေါ်ပြခဲ့သည်။

    ခေါင်းဆောင်နိုင်ရှောင် ဦးစီးသောအဖွဲ့သည် မွန်ပြည်နယ်၊ ရေးမြို့နယ်တွင်လှုပ်ရှားလျှက်ရှိပြီး လက်ထောက်ဖြစ်သူ အောင်ချမ်းနှင့် အဖွဲ့ဝင် ၂၀ ဦးတို့မှာ မြန်မာစစ်တပ်အစီအစဉ်ဖြင့် မွန်လူမျိုးအများစုနေထိုင်ကြသော ကရင်ပြည်နယ် ဖားအံမြို့နယ်၊ ကော့ယက္ခရွာနှင့် ကော့ကရိတ်မြို့နယ် ကော့ပေါက်ရွာတွင်အခြေပြုလျှက်ရှိရာ ဝင်ငွေမလောက်မငသဖြင့် ဇော်မင်း၊ ထောအောင်နှင့် နိုင်မောင် (၃) ဦးတို့ လက်နက်များယူဆောင်က ကော့ကရိတ်မြို့နယ်တွင် ပြန်ပေးဆွဲခဲ့မှုပြုလုပ်ခဲ့ကြောင်း မွန်ပြည်သစ်ပါတီသထုံခရိုင်မှ ဖုန်းဖြင့်ပြောကြားခဲ့သည်။

    အလားတူ မုဒုံမြို့နယ်နှင့် ဘုရားသုံးဆူဒေသတို့တွင်လည်း အမည်မသိလက်နက်ကိုင်အဖွဲ့များက ပြန်ပေးဆွဲမှုများနှင့် ဆက်ကြေးတောင်းခံမှုများ ပြုလုပ်နေကြောင်း ဒေသခံများပြောကြားချက်အရ သိရသည်။

     

     

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks