spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းထိုင်းနိုင်ငံတဝှမ်း လောင်စာဆီစျေးကျ

    ထိုင်းနိုင်ငံတဝှမ်း လောင်စာဆီစျေးကျ

    -

    မိလယီထော – ထိုင်းအစိုးရသစ်စီပွားရေးပေါ်လစီအရ လောင်စာဆီစျေးနှုန်းများ တစ်လီတာလျှင် ထိုင်းငွေ ၇ ဘတ်ကျော်စျေးနှုန်းကျဆင်းခဲ့သည်ကို ယခုသီတင်းပတ်တွင် စတင်တွေ့ရှိရသည်။

    ထိုင်းနိုင်ငံရှိ ဓာတ်ဆီဆိုင်တဆိုင်
    ထိုင်းနိုင်ငံရှိ ဓာတ်ဆီဆိုင်တဆိုင်

    လူအများသုံးစွဲကြသည့် ULG 95 RON ဓါတ်ဆီမှာ တစ်လီတာ ၄၈ ဘတ်မှ ယနေ့တွင် ၄၀ ဘတ်သို့ လျော့ကျလာသည်ကို တွေ့ရှိနေရသည်။

    ထို့အတူ ဒီဇယ်စျေးနှုန်းသည်လည်း ယခင်တစ်လီတာ ၃၁ ဘတ်မှ ယနေ့တွင် ၂၇ ဘတ်သို့ ကျဆင်းလာသည်။

    ထိုင်းနိုင်ငံတဝှမ်း လောင်စာဆီများ ဖြန့်ဝေရောင်းချလျှက်ရှိသည့် ဆိုင်ပေါင်း ၁၇ သိန်းခန့်ကို ၇ လကြာ သုတသနလေ့လာတွေ့ရှိချက်အရ ယခုလောင်စာဆီစျေးနှုန်းလျှော့ကျစေရေးအတွက် ထိုင်းအစိုးရသည် ဘဏ္ဍာငွေ ဘတ် ၃ ထောင်ဘီလီယံခန့် စိုက်ထုတ်ပေးရမည်ဟု ထိုင်းသတင်းများတွင် ဖေါ်ပြသည်။

    ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့တွင် ထိုင်းရွေးကောက်ပွဲမတိုင်မီ ဝန်ကြီးချုပ်သစ် ယင်လဘ်ရှင်ထရာဝါတ်၏ ကတိစကားများအတိုင်း ထိုင်းနိုင်ငံအတွင်း ကုန်စျေးနှုန်းကျဆင်းရေးအတွက် သူမအစိုးရ၏ပဏာမဆောင်ရွက်ချက်တစ်ခုဖြစ်ကြောင်း ထိုင်းသတင်းများတွင် ဝေဖန်ပြောကြားသည်။

    သို့သော်လည်း အများစားသုံးကုန်များဖြစ်ကြသည့် ဆန်၊ ဆီ၊ သားငါးများ စျေးနှုန်းများသိသိသာသာ ကျဆင်းမှုမရှိသေးကြောင်း သိရသည်။

    ယခုထိုင်းအစိုးရ၏ လောင်စာဆီစျေးလျှောချသည့်လက်ရှိစီမံကိန်းသည် တစ်နှစ်ကာလထက်မပိုဟု ထိုင်းသတင်းဌာနများဖေါ်ပြချက်အရသိရပြီး အနာဂတ်တွင်ကမ္ဘာ့လောင်စာဆီစျေးနှုန်းများနှင့် နှိုင်းယှဉ်၍ စျေးနှုန်းသစ်ပြန်လည်သတ်မှတ်မည်ဟု ထိုင်းမီဒီယာများတွင် ဝေဖန်ပြောဆိုနေကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks