spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းပြန်ပေးဆွဲခံရသည့် ရွာသားနှစ်ဦးပြန်လွတ်လာ

    ပြန်ပေးဆွဲခံရသည့် ရွာသားနှစ်ဦးပြန်လွတ်လာ

    -

    ကျလွန်းထော – လက်နက်ကိုင် (၃) ဦးမှ ပြန်ပေးဆွဲသွားသည့် ခရစ်ရွာသား (၂) ဦးစလုံး ပြန်လည်လွတ်မြောက်လာခဲ့သည်။
    ပြန်ပေးဆွဲခံရသည့် နိုင်ကွန်းစော့ (အသက်-၄၀ နှစ်) ကို သြဂုတ် ၂၅ ရက် နံနက်ပိုင်းတွင် ငွေကျပ် ၁၀သိန်းနှင့် ရွှေ ၄ ကျပ်သားဖြင့် ပြန်ရွေးယူခဲ့ပြီး သြဂုတ် ၂၆ ရက်နေ့တွင် ကျပ် သိန်း ၄၀ နှင့် ရွှေ ၂ ကျပ်သားဖြင့် အနိုင် (အသက်-၃၆ နှစ်) ကို ပြန်ရွေးယူခဲ့ရသည်ဟု ဒေသခံ ခရစ်ကျေးရွာသားတစ်ဦးက ပြောသည်။

    ယခုအခါ အဆိုပါပြန်ပေးဆွဲခံခဲ့ရသည့် ရွာသားနှစ်ဦးသည် ရွာတွင်မနေရဲတော့ပဲ ထိုင်းမြန်မာနယ်စပ် မြဝတီမြို့သို့ တိမ်းရှောင်လာခဲ့သည်ဟု ပြန်လွတ်မြောက်လာသူ နိုင်ကွန်းစော့က ပြောသည်။

    “ကျနော်တို့ မိသားစုအားလုံး ဒီဖက်ကိုပြောင်းလာတယ်၊ ရွာလည်းမပြန်ရဲတော့ဘူး၊ ဘာအကြောင်းပြချက်မှ မရှိပဲနဲ့ ကျနော်တို့ကိုဖမ်းဆီးသွားတယ်၊ အဲဒီလက်နက်ကိုင်တွေကို ပေးလိုက်ရတဲ့ပိုက်ဆံတွေက ဆွေမျိုးတွေဆီမှာအတိုးနဲ့ချေးထားရတာ၊ ပိုက်ဆံတွေ ပြန်လျှော်နိုင်ဖို့ မနည်းလုပ်ရဦးမယ်” ဟု နိုင်ကွန်းစော့က ပြောသည်။

    ပြန်ပေးဆွဲသွားသည့်အချိန်၌ ၄င်းလက်နက်ကိုင်အဖွဲ့တွင် လက်နက်ငယ် ၃ လက်၊ အော်တိုမက်တစ်ရိုင်ဖယ်သေနတ် ၆ လက်နှင့် လက်ပစ်ဗုံးများလည်း ကိုင်ဆောင်ထားကြောင်း၊ ၄င်းတို့ကို ဂျိုင်းမြစ်ပေါ်ရှိကျွန်းတစ်ကျွန်းသို့ ခေါ်ဆောင်သွားကြောင်း၊ အကယ်၍ ၄င်းတို့နှစ်ဦးအား လာရောက်မရွေးပါက သတ်ပစ်မည်ဟု ချိန်းခြောက်ခဲ့ကြောင်း နိုင်ကွန်းစော့က ပြောသည်။
    ထိုသို့ ပြန်ပေးဆွဲမှုများဖြစ်ပွားပြီးနောက် ခရစ်ကျေးရွာအတွင်းရှိ ကျေးရွာသားများ ညဘက်တွင် အပြင်ထွက်ခြင်းမရှိသည့်အပြင် ရွာသားများအားလုံး ထိတ်လန့်နေကြသည်ဟု ရွာခံတစ်ဦးက ပြောသည်။

    “အခု အဲဒီအဖွဲ့တွေ သံလှယ်ရွာဘက်မှာ လှုပ်ရှားနေတယ်လို့ ကြားတယ်” ၄င်းရွာခံက ပြောသည်။
    ပြီးခဲ့သည့် သြဂုတ်လ ၂၄ ရက် ညနေပိုင်းတွင် ၄င်းရွာသားနှစ်ဦးကို လက်နက်ကိုင် (၃) ဦးက ဖမ်းဆီးခေါ်ဆောင်သွားပြီး ကျပ် သိန်း ၁၅၀ တောင်းခဲ့ခြင်း ဖြစ်သည်။

    လက်နက်ကိုင် (၃) ဦးတို့မှာ အောင်းချမ်းဦးဆောင်သော မြန်မာအစိုးရထံလက်နက်ချမွန်အဖွဲ့မှ ပဲ့ထွက်လာသူကော့ကရိတ်မြို့နယ်သား မွန်များဖြစ်ကြပြီး ခရစ်ကျေးရွာအနီးတဝိုက်တွင် လှုပ်ရှားလျှက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks