spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းလူနှစ်ဦးပြန်ပေးဆွဲ ငွေကျပ်သိန်း ၁၅၀ တောင်းထား

    လူနှစ်ဦးပြန်ပေးဆွဲ ငွေကျပ်သိန်း ၁၅၀ တောင်းထား

    -

    ကျလွန်းထော –  ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ခရစ်ကျေးရွာသား မွန်အမျိုးသားနှစ်ဦးကို မွန်လက်နက်ကိုင် (၃) ဦးမှ ဖမ်းဆီးသွားပြီး ငွေကျပ် သိန်း ၁၅၀ နှင့် လာရောက်ရွေးရမည်ဟု ကျေးရွာဥက္ကဌအား ပြောကြားထားကြောင်း ရွာသားများထံမှ သိရသည်။

    သြဂုတ်လ (၂၄) ရက် ညနေပိုင်းအချိန်တွင် မွန်လက်နက်ကိုင် အောင်ချမ်းအဖွဲ့မှ ခွဲထွက်လာသည့် ဇော်မင်း၊ ထောအောင်နှင့် နိုင်မောင် လက်နက်ကိုင် (၃) ဦးသည် ခရစ်ကျေးရွာ ဥက္ကဌအိမ်သို့ ဝင်ရောက်သွားပြီး ရွာသား အနိုင်(အသက်-၃၆ နှစ်)၊ နိုင်ကွန်းစော့(အသက်-၄၀ နှစ်) နှစ်ဦးနှင့် အတူ ကျေးရွာဥက္ကဌကိုလည်း ဖမ်းဆီး ခေါ်ဆောင်သွားခြင်းဖြစ်သည်။

    “ဥက္ကဌအိမ်ကို ရောက်လာပြီးတော့ အဲဒီနှစ်ယောက်ကို ခေါ်ခိုင်းတယ်၊ ပြီးတော့ ဥက္ကဌ ကိုပါ သူတို့ကြိုးနဲ့ ချီပြီး ဖမ်းသွားတယ်၊ ညဘက်မှ ဥက္ကဌ လွတ်လာပြီးတော့ အဲဒီနှစ်ယောက်ကို သိန်း ၁၅၀ နဲ့ လာရွေးပေးရမယ်လို့ ပြောထားတယ်” ဟု ရွာခံ တစ်ဦးက ပြောသည်။

    ယနေ့နံနက်ပိုင်းတွင် ကျေးရွာဥက္ကဌ နိုင်ပွန်းက ၄င်းလက်နက်ကိုင်အဖွဲ့အား ငွေကျပ် ၁၀ သိန်းနှင့် ရွှေ ၄ ကျပ်သား သွားရောက်ပို့ ပြီးနောက် နိုင်ကွန်းစော့ ပြန်လည်လွတ်မြောက်လာသော်လည်း ကျန်ရှိနေသည့် ငွေနှင့် “အနိုင်” ဆိုသူကို လာရောက်ရွေးယူရန် မှာကြားခဲ့သည်ဟု ၄င်းဒေသခံက ပြောသည်။

    “အခု နိုင်ကွန်းစော့က ရွာမှာမနေရဲတော့ဘူး၊ ဘယ်ထွက်သွားလည်း မသိဘူး၊ အနိုင်ကို လည်း မရွေးရသေးဘူး၊ အဲဒီအကောင်တွေက ရွာထဲခဏခဏ လာသောင်းကျန်းနေတာ၊ ဥက္ကဌရဲ့တူလည်း ဖြစ်နေတယ်” ဟု ၄င်းရွာခံက ပြောသည်။

    ၄င်းလက်နက်ကိုင်(၃) ဦးတို့သည် ကရစ်ကျေးရွာအနီးတဝိုက်တွင် လှုပ်ရှားနေကြပြီး လက်နက်များဖွက်ထားသည်ကို လွန်ခဲ့သည့်သီတင်းပတ်၌ မွန်ပြည်သစ်ပါတီ သထုံခရိုင်တပ်ဖွဲ့မှ သွားရောက်သိမ်းဆည်းခဲ့သည့်အချိန်တွင် အနိုင်နှင့် နိုင်ကွန်းစော့ တို့၏ ပဲ့ချိပ်လှေများ အသုံးပြုခဲ့သည့်အတွက် ထိုသို့ ပြန်ပေးဆွဲခံရခြင်းဖြစ်ကြောင်း ရွာသားများ ယူဆနေသည်။

    ထိုအဖြစ်အပျက်ကို မွန်ပြည်သစ်ပါတီ သထုံခရိုင်သို့ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ အဆက်အသွယ်မရ ဖြစ်နေသည်။

    နိုင်အောင်ချမ်းမွန်ခွဲထွက်အဖွဲ့နှင ့်နီးစပ်သူတစ်ဦးက အဆိုပါပြန်ပေးကိစ္စကို သိထားရကြောင်း၊ ခွဲထွက်(၃) ဦးမှာ ၄င်းတို့အဖွဲ့နှင့် မသက်ဆိုင်ကြောင်း အတည်ပြုပြောပါသည်။

    လက်ရှိ နိုင်အောင်ချမ်း ခေါင်းဆောင်သော ခွဲထွက်အဖွဲ့မှာ လွန်ခဲ့သည့်နှစ်က စစ်အစိုးရထံလက်နက်အပ်နှံခဲ့သော နိုင်ရှောင် (မွန်အမျိုးသားငြိမ်းချမ်းရေးကောင်စီ) ၏ ကွပ်ကဲမှုအောက်တွင်ရှိနေပြီး ကရင်ပြည်နယ်၊ ကော့ဘိန်းရွာအနီး ကော့ပေါက်ရွာတွင် ပြည်သူ့စစ်အဖွဲ့အဖြစ် အခြေပြုလျှက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks