spot_img
Wednesday, March 12, 2025
More
    spot_img
    Homeသတင်းမွန်အနုပညာရှင်မင်းကိုသာ ကွယ်လွန်ရက်လည်ဆွမ်းကျွေးပြီး

    မွန်အနုပညာရှင်မင်းကိုသာ ကွယ်လွန်ရက်လည်ဆွမ်းကျွေးပြီး

    -

    မင်းသုတ – သြဂုတ်လ ၁၈ ရက်နေ့တွင် နှလုံးရောဂါဖြင့်ကွယ်လွန်ခဲ့သော မွန်အနုပညာလောကတွင်ထင်ရှားခဲ့သူ မင်းကိုသာ (၅၈)နှစ်၏ ရက်လည်အလှူဆွမ်းကျွေးပွဲကို ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားအရှေ့ဖက်မုခ်ရှိ ရွှေကျင်နိကာယကျောင်းတိုက်၌ ယမန်နေ့နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ကြောင်း ကျန်ရစ်သူမိသားစုများထံမှ သိရသည်။

    ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်၌ ၆၂ ကြိမ်မြောက်မွန်အမျိုးသားနေ့အခမ်းအနားကျင်းပခဲ့စဉ် မင်းကိုသာ၏သီဆိုတင်ဆက်မှု
    ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်၌ ၆၂ ကြိမ်မြောက်မွန်အမျိုးသားနေ့အခမ်းအနားကျင်းပခဲ့စဉ် မင်းကိုသာ၏သီဆိုတင်ဆက်မှု

    “သူ့မိဘတွေကိုယ်းကွယ်တဲ့ဘုန်းတော်ကြီးကျောင်းမှာရော သူ့နေအိမ်မှာပါ မနေ့ကရက်လည်ဆွမ်းကျွေးအလှူကို ကျနော်တို့ သွားရောက်ခဲ့တယ်” ဟု ကွယ်လွန်သူမင်းကိုသာနှင့် လုပ်ဘော်ကိုင်ဖက် အနုပညာရှင်တစ်ဦးဖြစ်သူ ဇော်လတ်က ပြောသည်။
    မင်းကိုသာသည် ၁၉၈၀ ခုနှစ်မတိုင်မီက မွန်စတီရီယိုတေးသီချင်းများကို ကိုယ်တိုင်ရေးစပ်သီဆိုထုတ်လုပ်ခဲ့ရာ မွန်သီချင်းစီးရီခွေ(၁၀) ခွေထက်မနည်း ဖြန့်ချိခဲ့ပြီး သီချင်းပုဒ်ရေ (၁၀၀)ကျော် သီဆိုအသံသွင်းခဲ့သူဟု သိရသည်။

    “လောလောဆယ် သီချင်းဟောင်းတွေကို သူပြန်ဆိုထားတာရှိတယ်၊ ဟိုတလောကတောင် သူ့ကိုနောက်လိုက်သေးတယ်၊ ခင်ဗျား(မင်းကိုသာ)ဆုံးသွားပြီးမှ ကျနော်တို့ ဒီအမှတ်တရသီချင်းတွေထုတ်လို့ရမှာလို့၊ ” ဟု ဇော်လတ်က ပြောသည်။

    ထို့အပြင် ၁၉၈၅ ခုနှစ်တွင် “ချစ်တဲ့သူ၏လက်ထပ်မင်္ဂလာပွဲ” အဓိပ္ပါယ်ရှိ မွန်ဗီဒီယိုဇာတ်ကားကို ဒါရိုက်တာအဖြစ်စတင်ရိုက်ကူးခဲ့ပြီးနောက် အခြားမွန်ဗီယိုဇာတ်ကားများ (၁၀) ကားထက်မနည်း သရုပ်ဆောင်ဒါရိုက်တာအဖြစ်ရိုက်ကူးခဲ့သည်ဟု သိရသည်။

    “သူရိုက်တဲ့ဗီဒီယိုကားတွေမှာ အဓိ်ကသရုပ်ဆောင်အနေနဲ့ ကျနော်အများဆုံးပါဝင်ခဲ့တယ်၊ မြန်မာဗီဒီယိုလည်း သူနဲ့ရိုက်ခဲ့ဘူးတယ်” ဟု ဇော်လတ်က ဆက်ပြောသည်။

    ၁၉၈၇ ခုနှစ်ခန့်တွင် မြန်မာ့အသံရုပ်မြင်သံကြားမှထုတ်လွှင့်ခဲ့သော “တဆင့်မေတ္တာ” အမည်ရှိ အစိုးရပေါ်လစီ မြန်မာဗီဒီယိုဇာတ်လမ်းတွင် ဇော်လတ်ကအဓိကသရုပ်ဆောင်မင်းသားဖြစ်ပြီး “မင်းကိုသာ” ဒါရိုက်တာဖြစ်ခဲ့သည်။

    “သူကအနုပညာသမားသက်သက်မဟုတ်ပါဘူး၊ ၉၀ ခုနှစ်ရွေးကောက်ပွဲကဆို သိပ်ကိုတက်ကြွခဲ့တဲ့ နိုင်ငံရေးသမားတစ်ယောက်ပေါ့” ဟု မွန်အမျိုးသားဒီမိုကရေစီအတွင်းရေးမှူး ဒေါက်တာမင်းစိုးလင်းက ပြောသည်။
    မင်းကိုသာသည် ၁၉၉၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင် မော်လမြိုင်မြို့ အမှတ်(၁) မဲဆန္ဒနယ်မြေ၊ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့၏ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

    “ရွှေဂုံတိုင်က သူ့အိမ်မှာဆုံးသွားတယ်၊ ကုလားထိုင်မှာထိုင်နေရင်း နှလုံးသွေးရပ်သွားတာ၊ သူ့ဆေးခန်းကဆရာဝန်တွေရောက်လာချိန်မှာတော့ အသက်မရှိတော့ဘူး” ဟု မိသားစုဝင်တစ်ဦးက ပြောသည်။
    မင်းကိုသာ (ခေါ်) ကိုမြင့်စန်းသည် ရန်ကုန်မြို့၊ ရွှေဘုံသာလမ်းရှိ မိဘအမွေပိုင် “အေးရိပ်သာဆေးကုခန်း” တွင် အုပ်ချုပ်ရေးမှူးအဖြစ် နှစ်အတန်ကြာတာဝန်ယူခဲ့သည်။
    ကွယ်လွန်ချိန်တွင် သားသမီး(၃) ဦး၊ မြေး(၂) ဦးကျန်ရစ်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    33,400SubscribersSubscribe
    spot_img

    Latest posts