spot_img
Sunday, February 22, 2026
More
    spot_img
    Homeသတင်းမြို့ ၃ မြို့တွင် ငွေစက္ကူအတု ဖြင့် ဖမ်းမိသူများကို ဘားအံတွင် ရုံးတင် စစ်ဆေးနေ

    မြို့ ၃ မြို့တွင် ငွေစက္ကူအတု ဖြင့် ဖမ်းမိသူများကို ဘားအံတွင် ရုံးတင် စစ်ဆေးနေ

    -

    ရိုင်မရော – ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နှင့် သထုံ၊ မန္တလေး မြို့များမှ အတုဟုယူဆရသော ကျပ် ၅၀၀၀ တန် ငွေစက္ကူများ လက်ဝယ်တွေ့ရှိသူ ၆ ဦးကို ရဲ တပ်ဖွဲ့က ဖမ်းဆီးထားပြီး ကရင်ပြည်နယ် ဘားအံခရိုင် တရားရုံးတွင် အမှုစစ်ဆေးနေသည်။

     မြန်မာကျပ်ငွေစက္ကူများ
    မြန်မာကျပ်ငွေစက္ကူများ

    ပြီးခဲ့သည့် ဧပြီလအတွင်းက ဖမ်းမိခဲ့သည့် ၎င်းတို့ ၆ ဦးထံမှ ငွေစက္ကူ တန်ဖိုးကို အတိအကျမသိရသော်လည်း မြဝတီတွင် ဂုန်နီ အိတ် ၅ အိတ် ရဲက ဖမ်းမိကြောင်း မြဝတီမြို့တဘက်ကမ်း ထိုင်းနိုင်ငံ မဲဆောက်မြို့အခြေစိုက် ထိုင်းထောက်လှမ်းရေး အရာရှိ တဦးက ပြောသည်။

    မြို့သုံးမြို့တွင် ဖမ်းဆီးရမိသည့် အတုဟုယူဆရသော ကျပ် ၅၀၀၀ တန် ငွေစက္ကူ ကိုင်ဆောင်သူတို့သည် တဖွဲ့တည်း ဖြစ်ကြောင်း ရဲက ဖော်ထုတ်ထားပြီး ၎င်းတို့ အားလုံးကို ဘားအံခရိုင်တရားရုံး၌ပင် စုပေါင်း၍ ရုံးထုတ်စစ်ဆေးမှုပြုလုပ်ခြင်းဖြစ်သည်။

    ဘားအံ ခရိုင်တရားရုံရှေ့နေ တဦးက “ဗဟိုဘဏ်ဥပဒေနဲ့လည်း တရားစွဲလို့ရတယ်၊ ရိုးရိုးဥပေဒေနဲ့လည်း စွဲလို့ရတယ်၊ ဒါပေမယ့် ဒီအမှုကိုတော့ ဘာနဲ့ စွဲလဲတော့ မသိဘူး၊ ဗဟိုဘဏ်ဥပဒေနဲ့ စွဲဖို့များတယ်”ဟု ပြောသည်။

    မည်သူမဆို ငွေစက္ကူ၊ ဘဏ်ငွေလက်မှတ်များကို အတုပြုလုပ်လျင် ရာဇသတ်ကြီး ပုဒ်မ ၄၈၉ (က) အရ ထောင်ဒဏ် တသက် သို့မဟုတ် ၁ဝ နှစ် ချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

    ငွေအတုမှန်းသိလျက်နှင့် သုံးစွဲရန်ကြံရွယ်ကာ လက်ဝယ်ထားပါက ထောင်ဒဏ် ၇ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟုလည်း ဥပဒေပြဋ္ဌာန်းထားသည်။

    မြဝတီတွင် ဖမ်းမိခဲ့သည့် ၅၀၀၀ ကျပ်တန် များမှာ မြဝတီ ကုန်သည်ကြီးများအသင်း အဖွဲ့ဝင် ဒေါ်သင်းသင်းမြတ်၏ ဂိုဒေါင်အတွင်းမှဖြစ်ကြောင်း အထက်ပါ ထိုင်းထောက်လှမ်းရေးက ပြောပြသည်။

    မြဝတီကုန်သည်ကြီးများအသင်း ဒု ဥက္ကဌ ဒေါက်တာမောင်မောင်လေးက ဒေါ်သင်းသင်းမြတ် အနေဖြင့် ယခုငွေစက္ကူ ပြဿနာတွင် ပါဝင်ခြင်းရှိ မရှိ မသိကြောင်း၊ သို့သော် အပတ်စဉ် အသင်း အစည်းအဝေးသို့ ၃ ပတ်ခန့် မတက်ရောက်ကြောင်း ပြောသည်။

    ရဲ ထွက်ဆိုချက်အရ ငွေစက္ကူများကို ဒေါ်သင်းသင်းမြတ်၏ လက်ရင်း တပည့်တဦးနေအိမ်၌ တွေ့ရှိခဲ့ကြောင်း၊ အမှုတွင် ဒေါ်သင်းသင်းမြတ် မပါဝင်ကြောင်း ဘာအံ ခရိုင် ရှေ့နေက ဆိုသည်။

    ယခုနှစ်အတွင်း ၅၀၀၀ ကျပ်တန် ငွေစက္ကူ အတုများ မကြာခဏ ဖမ်းဆီးရမိကြောင်း သတင်းဖော်ပြချက်များကို တွေ့ရသည်။

    ၂ဝဝ၉ ခု အောက်တိုဘာလမှစ၍ ဗဟိုဘဏ်မှ စတင်ဖြန့်ဝေသည့် ၅,ဝဝဝ တန် ငွေစက္ကူ အတုများ ထွက်ပေါ်သဖြင့် ဗဟိုဘဏ်က အသိပေးကြေညာမှုပြုလုပ်ထားရာ ငွေစက္ကူအတုတွင် စက္ကူထောင့် ဖြတ်ရာပါရှိခြင်း၊ ငွေစက္ကူ၏ ဘယ်ဘက်ထောင့်အလယ်၌ လုံခြုံရေး အမှတ်အသားဖြစ်သည့် ရေစာ၊ ငွေကြိုးပေါ်တွင် ငွေစက္ကူတန်ဖိုး ဖော်ပြသည့် စာသား၊ ငွေစက္ကူညာဘက်ထောင့် အလယ်၌ ဗဟိုဘဏ်မှ ရိုက်နှိပ်ထားသောရေစာ စသည်တို့ မပါရှိကြောင်း ဖော်ပြခဲ့ဖူးသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks