spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းရေးမြို့ ရေကြီး၊ စျေးကြီး ပိတ်ထားရ

    ရေးမြို့ ရေကြီး၊ စျေးကြီး ပိတ်ထားရ

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ – မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့တွင် စံချိန်တင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ကမ်းနားလမ်း တလျှောက်ရှိ ရပ်ကွက်များ ရေမြုပ်ပြီး စျေးကြီးကိုလည်း ပိတ်ထားရသည်။

    ဂူဂဲလ်အတ်(စ်) မှ မြင်တွေ့ရသည့် ရေးမြို့
    ဂူဂဲလ်အတ်(စ်) မှ မြင်တွေ့ရသည့် ရေးမြို့

    “တနေ့က (ဇူလိုင် ၃၁) ရေစကြီးတယ်၊ ရပ်ကွက်တွေမှာလဲ ရေကြီးနေတယ်၊ စျေးကြီးကိုတော့ ပိတ်ထားရတယ်၊ ပစ္စည်းတွေလည်း အကုန် ကုန်းမြင့်ဘက်ကို ရွေ့ပြောင်းထားကြတယ်၊ မိုးကတော့ ရွာနေတုန်းပဲ” ဟု ရေးမြို့ မြို့မစျေးတွင် စျေးရောင်းနေသူ အမျိုးသမီးတဦးက ပြောသည်။

    ဇူလိုင်လ ၃၀ ရက်နေ့မှစပြီး ဆက်တိုက်ပြင်းထန်စွာရွာသွန်းခဲ့သည့် မိုးကြောင့် ကမ်းနားလမ်းနှင့် ကပ်နေသည့် မြို့မစျေးကြီး အပါအဝင် အောင်မင်္ဂလာရပ်ကွက်၊ အောင်သုခရပ်ကွက်၊ အောင်မေတ္တာရပ်ကွက်များပါ ရေနစ်မြုပ်လျက်ရှိသည်။ ယခုကဲ့သို့ ရပ်ကွက်များ ရေမြုပ်ပြီး စျေးကြီးပါ ပိတ်ထားရသည့် အဖြစ်မျိုး ယခင်က မဖြစ်ပွားဖူးခဲ့ဟုလည်း မြို့ခံများက ဆိုသည်။

    ဇူလိုင်လ ၃၁ ရက်နေ့က မိုးလေ၀သဌာန၏ တိုင်းထွာချက်အရ ရေးမြို့တွင်မိုးရေချိန် ၁၂.၆၀ လက်မရွာသွန်းခဲ့ပြီး ၄၈ နှစ်အတွင်း စံချိန်တင်ရွာသွန်းခြင်းဖြစ်သည်ဟု သတင်းစာ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

    “အိမ်တွေ တပိုင်းလောက်မြုပ်နေတယ်၊ နှစ်ထပ်အိမ်တွေဆို အပေါ်ထပ်မှာ ပြောင်းနေကြတယ်၊ တချို့ အိမ်အနိမ့်တွေကျတော့ ကုန်းမြင့်ဘက် ပြောင်းတာရှိတယ်” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

    ရေးမြို့ပေါ်တွင် ရပ်ကွက်စုစုပေါင်း ၁၁ ရပ်ကွက်ရှိပြီး တရပ်ကွက်လျှင် အိမ်ခြေ ၅၀၀ ဝန်းကျင်ရှိကြောင်း ရေးမြို့ခံတစ်ဦးက ပြောသည်။ “ခါတိုင်းနှစ်လည်း ရေကြီးတာပဲ ဒါပေမယ့် ဒီနှစ်လောက်တော့ မကြီးဘူးလေ” ဟု ၎င်းက ပြောသည်။

    ရေမြုပ်နေသည့် ရပ်ကွက်များတွင် နေထိုင်သူများအား ကုန်မြင့်ပိုင်းတွင်နေထိုင်သူတို့က ထမင်းထုပ်များ အလှူ ပေးဝေလျက်ရှိသော်လည်း အာဏာပိုင်များဘက်မှ တစုံတရာ ဆောင်ရွက်ပေးသည်ကို မတွေ့ရဟု မြို့ခံများက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks