spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းမွန်ဆရာတော်တစ်ပါး ပြည်ပ(၃)နိုင်ငံသို့ကြွရောက်ကာ တရားတော်ဟောကြား

    မွန်ဆရာတော်တစ်ပါး ပြည်ပ(၃)နိုင်ငံသို့ကြွရောက်ကာ တရားတော်ဟောကြား

    -

    ကျလွန်းထော – မွန်ပြည်နယ်၊မုဒုံမြို့၊ ပိန္နဲတိုက်မွန်ပရိယတ္တိစာသင်တိုက်မှ ဆရာတော်မဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တခေမာသာရသည် ပြည်ပရှိမွန်တိုင်းရင်းသားများထံသို့ ကြွရောက်ပြီး တရားဓမ္မများဟောကြားနေသည်ဟု ဆရာတော်၏တပည့်ဖြစ်သူ ဦးဇင်းထာဝရ မိန့်တော်မူသည်။

    တရားတော်နာဘိတ်ကြားလွှာတစ်စောင်
    တရားတော်နာဘိတ်ကြားလွှာတစ်စောင်

    “စင်္ကာပူမှာ၂ ပါတ်ခန့်သီတင်းသုံးပြီးရင် မလေးရှားနိုင်ငံပီနန်မြို့ကို တရားလာဟောဖို့အစီအစဉ်ရှိတယ်၊ ပြီးရင် ထိုင်းနိုင်ငံဖက်ကို ပြန်ကြွပြီး တရားဟောကြားဦးမှာ ဖြစ်တယ်” ဟု ဦးဇင်းထာဝရ ကမိန့်တော်မူသည်။

    ယနေ့ (သြဂုတ်လ ၂ ရက်နေ့) တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ သီတင်သုံးနေပြီး လာမည့် သြဂုတ်လ ၆ ရက်နေ့တွင် စင်္ကပူနိုင်ငံသို့ကြွရောက်မည်ဟု သိရသည်။

    ဆရာတော်၏ခရီးစဉ်များမှာ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် စင်္ကာပူနိုင်ငံတို့ဖြစ်ပြီး ထိုင်းနိုင်ငံရှိ မွန်တိုင်းရင်းသားများနေထိုင်သည့် မြို့နယ် (၁၀) မြို့နယ်တွင် တရားဟောကြားခဲ့ပြီး မလေးရှားနိုင်ငံတွင် (၅) နေရာ၊ စင်္ကာပူနိုင်ငံတွင် (၂) နေရာ မွန်ဘာသာဖြင့်တရားဓမ္မဟောကြားမည် ဖြစ်သည်။

    နိုင်ငံရပ်ခြားရောက် မွန်လူမျိုးများ တရားဓမ္မအလှုဒါန၊ ကုသိုလ်တော်များ အထမြောက်စေရန်၊ လူမျိုးအချင်းချင်းစည်းလုံးညီညွတ်ကြရန်နှင့် ကျွန်ဘဝမှ လွတ်မြောက်နိုင်ရန် တရားဓမ္မအဆိုအဆုံးအမများ ဟောကြားပေးခဲ့သည်ဟု သွားရောက်နာကြားခဲ့ရသူ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှ မွန်ကယ်ဆယ်ရေးအသင်းနှင့်လူငယ်များအသင်းမှ အထွေအထွေအတွင်းရေးမှု နိုင်ဥက္ကာက ပြောသည်။

    “နိုင်ငံရပ်ခြားမှာရှိနေတာကို ဘုရား၊ တရား၊ သံဃာ အလှုဒါနတွေ မမေ့ဖို့၊ ကိုယ့်အမျိုးအနွယ်ကို မမေ့ကြဖို့ နွားကွဲရင်ကျားဆွဲမယ်ဆိုတဲ့အတိုင်း စည်းလုံးညီညွတ်ကြဖို့လိုအပ်တဲ့အကြောင်း၊ သူများကျွန်ဖြစ်နေရတာ ပျော်လားလို့ တရားလာနာတဲ့သူတွေကိုမေးတယ်၊ တရားနာတဲ့သူတွေကလည်း မပျော်ဘူးလို့ ဆိုတယ်၊ ပြီးတော့ မပျော်ရင်ရုန်းထွက်နိုင်အောင် ကြိုးစားကြဖို့ ဟောကြားပေးခဲ့တယ်” ဟု နိုင်ဥက္ကာက ရှင်းပြသည်။

    ယခု ဝါတွင်း ၃ လ၌ မွန်တိုင်းရင်းသားများရှိသည့် ၄င်း (၃) နိုင်ငံအတွင်းတရားဓမ္မများ ဆက်လက်ဟောကြားနေမည် ဖြစ်သည်။

    ဆရာတော်ဘဒ္ဒန္တခေမာသာရသည် မုဒုံမြို့၊ ပိန္နဲတိုက်မွန်ပရိယတ္တိစာသင်တိုက်တွင် အနှစ်(၃၀)ကျော် စာချဆရာတပါးအဖြစ်တာဝန်ယူခဲ့ပြီး နှစ်စဉ် မွန်ရဟန်းသာမဏေ( ၂၀၀) ပါးခန့်အား မွန်ပရိယတ္တိစာပေများကိုသင်ကြားခဲ့ပေးခဲ့ရာ မဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘွဲ့တော်များကို ဆက်ကပ်ခံခဲ့ရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks