မင်းသုတ-ရန်ကုန်မြို့၊ မွန်စာပေနှင့် ယဉ်ကျေးမှုအတွင်းရေးမှူးအဖြစ် နှစ်ကာလအတန်ကြာ တာဝန်ယူခဲ့သော မင်းတင်ထွန်း အသက် (၅၅) နှစ်သည် ဇူလိုင်လ (၁၈) ရက်နေ့ ညနေ(၈)နာရီခန့်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ကျောက်ကပ်ရောဂါဖြင့် ကွယ်လွန်ခဲ့ပြီး ရေဝေးသုဿာန်၌ယနေ့နေ့လည် ၁၂ နာရီခန့်တွင် မီးသဂြုႚလ်ပြီးစီးပြီဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။
မင်းတင်ထွန်းသည် မွန်ကလောင် “တဿိအး”အမည်ဖြင့် ပန်းချီ၊ ကာတွန်း၊ ကဗျာ၊ သီချင်းများ ရေးသားခဲ့သူတစ်ယောက်ဖြစ်သည်။
ထို့အပြင် ရန်ကုန်မြို့ စီပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် လက်ရှိဦးစီးမှူး တာဝန်ထမ်းဆောင်နေရင်း စီးပွားရေးသတင်းဂျာနယ် Commerce Journal လက်ထောက်စာတည်းအဖြစ် ကွယ်လွန်ချိန်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။
“သူကအပေါင်းအသင်း ဆန့်တယ်၊ စာပေထုတ်လုပ်ရေးလုပ်ငန်းတွေမှာ ကျွမ်းကျင်သူ တစ်ယောက်လည်းဖြစ်တယ်၊ ဝန်ထမ်းတစ်ယောက် ဖြစ်ခဲ့လို့ နိုင်ငံရေးပါတီဝင် မဖြစ်ခဲ့ရပေမယ့် ပါတီကေဒါတွေအတိုင်းပဲ တာဝန်ယူ လုပ်ဆောင်ပေးတယ်၊ သူဆုံးပါးသွားတာဟာ ကျနော်တို့မွန်အဖို့ိ ဆုံးရှုံးမှုကြီးတရပ်ပဲ” ဟု ရေဝေးအသုဘအခမ်းအနားသို့ ယနေ့သွားရောက်ပို့ဆောင်ခဲ့သူ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ ဒုဥက္ကဌ နိုင်ငွေသိမ်းက လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ပြောသည်။
မွန်အမျိုးသားနေ့ကျင်းပရေးကော်မတီ (ဗဟို) ၏ အမြဲတမ်း ဗဟိုကော်မတီဝင်တစ်ဦး ဖြစ်ခဲ့သည်။ မွန်အမျိုးသားနေ့အထိမ်းအမှတ် ပိုစတာဒီဇိုင်းနှင့် အကျႚဒီဇိုင်းများ ဖန်တီးပေးခဲ့သူလည်းဖြစ်သည်။
မင်းတင်ထွန်းသည် မွန်ပြည်နယ်၊ ဘီလူးကျွန်းရှိ ရွာလွတ်ကျေးရွာဇာတိဖြစ်ပြီး ယခင်မော်လမြိုင်ဒီကရီကောလိပ်မှ B.Sc (Phy) ဘွဲ့ရခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီးမိအေးအေးမွန်နှင့် သားတစ်ဦး၊ သမီးတစ်ဦးကျန်ရစ်ကာ အမှတ်(၁၉/ခ)၊ နေသူရိမ်လမ်း၊ ဆရာစံတောင်စံပြရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့တွင် နေထိုင်လျှက်ရှိသည်။