spot_img
Saturday, January 31, 2026
More
    spot_img
    Homeအယ်ဒီတာ့အာဘော်ရုပ်ပြပြည်နယ်အစိုးရနှင့် ဝန်ကြီးများ

    ရုပ်ပြပြည်နယ်အစိုးရနှင့် ဝန်ကြီးများ

    -

    လက်ရှိကြံ့ခိုင်ရေးပါတီမှ ဦးဆောင်သည့်နေပြည်တော်တော်အစိုးရ သစ်နှင့် ပြည်နယ်၊ တိုင်းအသ႘းသ႘းရှိဒေသနှင့် အစိုးရများ မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သည်မှာ (၃) လတာကျော်လွန်ပြီး ဖြစ်သည်၊ ဤ (၃) လတာကာကအတွင်း အခြေအနေများကို သုံးသပ်ကြည့်မည်ဆိုပါက နေပြည်တော်ဗဟိုအစိုးရမှ တိုင်းရင်းသားတို့၏ အခွင့်အရေးအပေါ် မည်သို့ဆောင်ရွက်နေကြောင်း မည်သို့ စေတနာထားရှိကြောင်းကို သိသာထင်ရှားစွာ တွေ့မြင်နိုင်ပေပြီး ဖြစ်သည်။

    လက်ရှိကြံ့ခိုင်ရေးပါတီအစိုးရသည် ယခင်ကစစ်အစိုးရကဲ့သို့ “တိုင်းရင်းသားစည်းလုံးည႘ညွတ်ရေး” တစိုက်စိုက်မတ်မတ် ကြွေးကြော်နေပေသည်။ အမှန်အာဖြစ် တိုင်းရင်းသားလူမျိုးစုများ စည်းလုံးညီညွတ်နေကြပြီး ဖြစ်သည်။ အဓိက ပဋိပက္ခကား ဗမာနှင့် ဗမာမဟုတ်သော တိုင်းရင်းသားတို့အကြား တူညီသော အခွင့်အရေး မရရှိရလေအောင် အစိုးရအဆက်က်မှ ပိတ်ပင်တားဆီးခဲ့ခြင်း ဖြစ်ပေသည်။

    လက်ရှိအစိုးရကား တိုင်းရင်းသားတို့၏ ပြည်နယ်ဒေသအသီးသီးတွင် ပြည်နယ်အစိုးရဖွဲ့စည်းပြီး တိုင်းရင်းသားအမတ်များအား ဝန်ကြီးအဖြစ် ခန့်အပ်ပေးခြင်းစသည့် ကိစ္စရပ်များကို ဆောင်ရွက်ခြင်းအားဖြင့် တိုင်းရင်းသားတို့၏ အခွင့်အရေးကို ပေးအပ်နေသယောင် ဆောင်ရွက်နေပေသည်။

    သို့ရာတွင် လက်ရှိအစိုးရသည် တိုင်းရင်းသားတို့၏ အခွင့်အရေးကို အမြဲတမ်းအလိုလို ပိတ်ပင်နေသည့် ဗမာစစ်တပ် (သို့မဟုတ်) ဗမာတပ်မတော်ကို အားပြုထားသည့် အစိုးရပင် ဖြစ်သည်။ လက်ရှိ ဗမာ့တပ်မတော်သည် တိုင်းရင်းသားဒေသများတွင် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းသည် မရိုးသားသော စေတနာဖြစ်ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအား တိုက်ရိုက်ဖျက်ဆီးနေခြင်းပင် ဖြစ်သည်။ အကယ်၍ သမတ ဦးသိန်းစိန်ဥ႘းဆောင်သည့် လက်ရှိအစိုးရသည် ငြိမ်းချမ်းရေးကို တကယ့်တမ်းလိုလားမည် ဆိုပါက တကယ့်ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စကို ဆွေးနွေးသင့်ပေသည်။

    လက်ရှိအစိုးရမှ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိစ္စကို ဖော်ဆောင်နေသယောင် ပြည်နယ်အစိုးရနှင့် တိုင်းရင်းသားဝန်ကြီးများကို ခန့်အပ်ထားပေသည်။ သို့ရာတွင် ပြဿနာကား ထိုပြည်နယ်အစိုးရနှင့် ဝန်ကြီးများတွင် မိမိတို့၏ ပြည်နယ်တိုးတက်ဖွံ့ဖြိုးရေးအတွက်အား သွန်ခွန်စိုက် ဆောင်ရွက်နိုင်မည့် အာဏာနှင့် ငွေကြေးဘဏ္ဍာ မရှိပေ။
    တိုင်းရင်းသားဝန်ကြီးအချို့ မှာလည်း မိမိတို့အလုပ်ပ်နိုင်ရန် ရုံး၊ ဝန်ထမ်းနှင့် ငွေကြေး အထောက်အပံ့များ မရှိပေ။ ပြည်နယ်ဝန်ကြီးများကို လူမူရေးဝန်ကြီး၊ စွမ်းအင်ဝန်ကြီး၊ ဒေသဖွံံဖြိုးရေးဝန်ကြီး စသည့်အမည်များဖြင့် တာဝန်ပေးအပ်ထားသည် ဆိုသော်ငြားလည်း ၄င်းတို့တွင် ပြည့်ဝသော အာဏာမရှိပေ။ ၄င်းဝန်ကြီးများမှ သက်ဆိုင်ရာ ပြည်နယ်ဒေသများသို့ သွားရောက်ပြီး လိုအပ်သော အချက်အလက်များကို လေ့လာစုဆောင်းရန်သာ ဖြစ်သည်။ ၄င်းတို့ လေ့လာစုဆောင်းရရှိသည့် အချက်အလက်ကို ပြည်နယ်အစိုးရသို့ တင်ပြရမည်ဖြစ်သည်။

    ပြည်နယ်ဒေသအတွင်း လိုအပ်သော ဖွံ့ဖြိုးရေးလုပ်ငန်း၊ စီးပွားရေးလုပ်ငန်း၊ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းနှင့် အခြားလုပ်ငန်းများကို ပြည်နယ်အစိုးရအစည်းအဝေးတွင် ဆွေးနွေးနိုင်သော်လည်း ချက်ချင်းအကောင်အထည်နိုင်သည့် အာဏာနှင့် ဘဏ္ဍာငွေကြေးမရှိပေ။ ထိုလုပ်ငန်းစီမံကိန်းများကို ဗဟိုအစိုးရသို့ တင်ပြရဦးမည်ဖြစ်သည်။ ဗဟိုအစိုးရမှ ဆုံးဖြတ်ချမှတ်မှသာလျှင် အထက်ပါလုပ်ငန်းများကို အကောင်အထည်ဖော်နိုင်မည် ဖြစ်သည်။ အကယ်၍ ဗဟိုအစိုးရမှ မချမှတ်ပေးပါက တင်ပြထားသည့် လုပ်ငန်းများကို ပယ်ဖျက်ရမည် ဖြစ်ပေသည်။

    အချုပ်အားဖြင့် ဆိုရသော် တိုင်းဒေသကြီး အစိုးရများအနည်းတူ ပြည်နယ်အစိုးရများတွင် မည်သည့် အာဏာမှ မရှိပေ။ ပြည်နယ်ဝန်ကြီး၊ တိုင်းရင်းသားအရေးအရာ ဝန်ကြီးများတွင် အာဏာမရှိပေ။ ဆုံးဖြတ်ချက်အာဏာနှင့် အခွန်အကောက်ဘဏ္ဍာငွေကြေးအားလုံးကို ဗဟိုအစိုးရမှ ထိန်းချုပ်ထားသည်အတွက် ၄င်းတို့မှာ “တိုင်းရင်းသားစည်းလုံးညီညွတ်ရေး” ကြွေးကြော်အသံအောက်မှ ရုပ်ပြများသာ ဖြစ်ပေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks