spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းလသားအရွယ်ကလေးငယ်များ သွေးလွန်တုတ်ကွေး စတင်ဖြစ်ပွား

    လသားအရွယ်ကလေးငယ်များ သွေးလွန်တုတ်ကွေး စတင်ဖြစ်ပွား

    -

    လွတ်လပ်သော မွန်သတင်းအေဂျင်စီ – မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ဇွန်လ ဒုတိယအပတ်ခန့်ကစပြီး လသားအရွယ်ကလေးငယ်များမှအစ အသက် (၁၃) နှစ်ရွယ်ကလေးငယ်များအထိ သွေးလွန်တုတ်ကွေးရောဂါ စတင်ဖြစ်ပွားနေကြောင်း မြို့ခံတို့၏ ပြောပြချက်အရ သိရသည်။

    ၀၀၇  ခုနှစ်တွင် သွေးလွန်တုတ်ကွေးရောဂါကြောင့် မော်လမြိုင်ကလေးအထူးကုဆေးရုံတွင် ဆေးကုသခံယူနေကြစဉ် ( ဓာတ်ပုံ - လွတ်လပ်သော မွန်သတင်းအေဂျင်စီ)
    ၂၀၀၇ ခုနှစ်တွင် သွေးလွန်တုတ်ကွေးရောဂါကြောင့် မော်လမြိုင်ကလေးအထူး ကုဆေးရုံတွင် ဆေးကုသခံယူနေကြစဉ် ( ဓာတ်ပုံ - လွတ်လပ်သော မွန်သတင်းအေဂျင်စီ)

    “မော်လမြိုင်မှာ အဖြစ်များတယ်၊ ဒီနှစ်က လသားခလေးမှာ ပိုအဖြစ်များတယ်၊ ၇ လ၊ ၈ လ၊ အဲဒီအရွယ်တွေကြီးပဲ ဖြစ်နေတယ်၊ ကျနော်တို့ မုဒုံဘက်မှာကျတော့ ဖြစ်တာ သိပ်မတွေ့သေးဘူး၊ ဆေးခန်းမှာ လာကုတာလည်း မရှိသေးဘူး” ဟု မွန်ပြည်နယ်၊ မုဒုံမြို့ပေါ်ရှိ ဆေးခန်းဖွင့်ထားသည့် ဆရာဝန်တစ်ဦးက ပြောသည်။

    မော်လမြိုင်မြို့ရှိ ခလေးအထူးကုဆေးရုံကြီး (အမေရိကန် ခလေးအထူးကုဆေးရုံကြီး) မှာ ဇွန်လ ဒုတိယအပတ်ခန့်မှစပြီး သွေးလွန်တုတ်ကွေးရောဂါဖြင့် လသားအရွယ် ဆေးကုသခံနေရသည့် ကလေးများပြားကြောင်း ဆေးရုံသို့ သွားရောက်ခဲ့သူတွေက ပြောသည်။

    “တနလာင်္နေ့က ကျမ အမေရိကန်ဆေးရုံကို ရောက်သွားတယ်၊ ရွာက ၇ လအရွယ်ခလေး တုတ်ကွေးဖြစ်လို့ ဆေးရုံတင်ထားရတယ်၊ သူ့ကို သွားကြည့်တယ်၊ ဆေးရုံမှာက တုတ်ကွေးဖြစ်လို့ ဆေးကုနေတဲ့ ခလေးတွေ အများကြီးပဲ ဆေးရုံမှာ ပြည့်နေရောပဲ၊ အများစုက လသားအရွယ်ခလေးတွေကြီးပဲ” ဟု မုဒုံမြို့နယ်၊ ရောင်းဒေါင်းကျေးရွာမှ မော်လမြိုင်ကလေးဆေးရုံကြီးသို့ ရောက်ခဲ့သူ အမျိုးသမီးတစ်ဦးက ပြောသည်။

    ကျေးရွာအတွင်းတွင် သွေးလွန်တုတ်ကွေးဖြစ်ပွားမှုရှိနေသော်လည်း ယခုကဲ့သို့ မြို့ပေါ်လောက်မများပြားကြောင်း တစ်ယောက်စ နှစ်ယောက်စခန့်သာ ဆေးရုံတက်ရကြောင်း အထက်ပါ အမျိုးသမီးက ပြောသည်။

    “မော်လမြိုင်မှာ အဖြစ်များနေတယ်၊ ကျမတို့ရွာဘက်မှာတော့ ဖြစ်တော့ ဖြစ်နေတယ်၊ ဒါပေမဲ့ မများဘူး၊ ခုဆို ရွာမှာ သွေးလွန်တုတ်ကွေးနဲ့ ပတ်သက်တဲ့ ဟောပြောပွဲတွေ လုပ်နေပြီး၊ ပညာပေးတွေလည်း လုပ်နေပြီး သက်ဆိုင်ရာ ကျန်းမာရေးဌာနကနေပြီးတော့လေ” ဟု မုဒုံမြို့နယ်၊ နှီးပဒေါ်တိုက်နယ်ဆေးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    မိုးတွင်းကာလဖြစ်သည့် ဇွန်လအဝင်မှာ သွေးလွန်တုတ်ကွေးစတင်ဖြစ်ပွားနေပြီး၊ အထူးသဖြင့် ကလေးငယ်များတွင် အဖြစ်များလေ့ရှိသည်။

    “ကျမတို့ သံဖြူဇရပ်မှာဆို ဆေးခန်းတွေမှာတော့ တန်းစီနေရောပဲ၊ လူကြီးရော ခလေးရောပဲ၊ ဒါပေမယ့် အသေအပျောက်တော့ မကြားမိသေးဘူး၊ ဒီအချိန်ဆို ဖြစ်တာပဲလေ သွေးလွန်တုတ်ကွေးက မိုးတွင်းဆို နှစ်တိုင်းဖြစ်တာပဲ အနည်းနဲ့ အများပေါ့” ဟု သံဖြူဇရပ်မြို့ခံတစ်ဦးက ပြောသည်။

    နေ့ခင်းဘက်မှာ ကိုက်တက်သည့် Aedes aegypti နှင့် Aedes Albopictus ခေါ် ခြင်အမျိုးအစားများကြောင့် သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားရခြင်းဖြစ်သည်ဟု မော်လမြိုင်မြို့တွင် ဆေးခန်းဖွင့်ထားသည့် ဒေါက်တာ မင်းစိုးလင်းက ပြောသည်။

    သွေးလွန်တုတ်ကွေးရောဂါသည် အသက် ၃ နှစ်မှ ၁၂ နှစ်အထိ ကလေးငယ်များသာ ဖြစ်ပွားသည်ဟု နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထားခြင်းရှိသော်လည်း လက်တွေ့မှာ လသားအရွယ်ကလေးအပါအဝင် လူကြီးများမှာလည်း ဖြစ်ပွားနေသည်။

    မွန်ပြည်နယ်အတွင်း မြို့နယ်ရုံးစိုက်သည့် မြို့များအပါအဝင် မြို့နယ် ၁ဝ ခုတွင် ၂၀၁၀ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လထိ သွေးလွန်တုတ်ကွေး ကူးစက်ရောဂါ ဖြစ်ပွားသူ ၁၂၃၆ ဦးရှိပြီး ၁၁ ဦး သေဆုံးခဲ့ကြောင်း မွန်ပြည်နယ် ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks