spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းမိုးဆက်တိုက် ရွာသွန်းမှုကြောင့် မွန်ပြည်နယ်အတွင်းရှိ လယ်ကွင်းများ ရေမြုပ်ပျက်စီးမှုရှိ

    မိုးဆက်တိုက် ရွာသွန်းမှုကြောင့် မွန်ပြည်နယ်အတွင်းရှိ လယ်ကွင်းများ ရေမြုပ်ပျက်စီးမှုရှိ

    -

    ဂျူရီချိုင်း – မွန်ပြည်နယ်အတွင်း မိုးအဆက်အပြတ် ရွာသွန်းမှုကြောင့် ရေကြီးသဖြင့် လယ်ကွင်းအများအပြား နစ်မြုပ်ကာ စိုက်ပျိုးထားသည့် စပါးပင်များလည်း ရေမြုပ်ပျက်စီးမှုရှိကြောင်း ဒေသခံလယ်သမားများထံမှ သိရသည်။

    မုဒုံမြို့နယ်အတွင်းရှိ ရေမြုမ်နေသည့် စပါးစိုက်ခင်း ( ဓာတ်ပုံ - လွတ်လပ်သောမွန်သတင်း အေဂျင်စီ)
    မုဒုံမြို့နယ်အတွင်းရှိ ရေမြုမ်နေသည့် စပါးစိုက်ခင်း ( ဓာတ်ပုံ - လွတ်လပ်သောမွန်သတင်း အေဂျင်စီ)

    ဇွန်လ ပထမအပတ်မှစပြီး မိုးဆက်တိုက်ရွာသွန်းနေမှုကြောင့် စိုက်ပျိုးထားသည့် စပါးပင်များ သက်တမ်းအလွန်နုနေသေးသဖြင့် ရေဝပ်ပြီး ရေနုတ်မြောင်းလမ်းကြောင်းများ ရေမစီးနိုင်ခြင်းကြောင့် စပါးပင်များ ရေမြုပ်ပျက်စီးရခြင်းဖြစ်သည်ဟု ချောင်းဆုံမြို့နယ် ဘီလူကျွန်းမှ တောင်သူလယ်သမားတစ်ဦးက ပြောသည်။

    “မိုးက ဆက်တိုက်ပဲရွာနေတော့ မြေနိမ့်ပိုင်းမှာရှိတဲ့ လယ်တွေအားလုံး ရေဝပ်ပြီး အပင်တွေ သေကုန်တယ်၊ ရေကိုဖောက်ထုတ်ဖို့ လုပ်တော့ ရေကကြီးနေတော့ ဖောက်လည်းမရဘူး” ဟု အထက်ပါ တောင်သူလယ်သမားက ပြောသည်။

    မိုးကြီးပြီး ရေဖုံးလွှမ်းမှုရှိနေသေးသဖြင့် လယ်ကွင်း ကန်သင်းရိုးများ ယခုချိန်ထိ မမြင်တွေ့ရသေးကြောင်း တချို့အပင်များ ရေဒဏ်ကိုမခံနိုင်သဖြင့် သေကြေ ပျက်စီးမှုလည်း အများအပြားရှိနေသည်ဟု သူက ပြောသည်။

    ယခုနှစ် မိုးစပါးရာသီတွင် မိုးရွာသွန်မှုများကြောင့် လက်ရှိအချိန်တွင် လယ်ကွင်းများအတွင်း အစောပိုင်း စိုက်ပျိုးထားသည့် မျိုးစပါးများရှိ၍ အချို့မှာ မစိုက်ပျိုးရသေးသည်လည်းရှိသည်။ စိုက်ပျိုးပြီးသော စပါးပင်များ ရေဝပ်ကုန်ပြီး သေကြေပျက်စီးမှုရှိနိုင်သည့်အတွက် နောက်ထပ် အသစ်ပြန်စိုက်ပျိုးရန် ပြင်ဆင်နေကြသည်ဟု ရေးမြို့နယ်မှ လယ်ပိုင်ရှင်တစ်ဦးက ပြောသည်။

    “မိုးဆက်တိုက်ပဲ ရွာနေတာ ရက် ၂၀ လောက်ရှိနေပြီး၊ လယ်တွေလည်းအကုန်မြုပ်တယ်၊ ခါတိုင်းနှစ်ဆို ဒီအချိန်ဆို တချို့လယ်တွေက ကောက်စိုက်လို့ ပြီးသလောက်ဖြစ်နေပြီး၊ ဒီနှစ်က နောက်ကျမယ်၊ ရေက ခုထိ ကြီးတုန်း၊ မိုးကလည်း ဒီနေ့မှ နည်းနည်းနေသာလာတယ်၊ နောက်နေ့ ဘယ်လိုလာမှန်းမှမသိဘူး၊ တကယ်လို့ မိုးထပ်မရွာတော့မှ ရေကျပြီး လယ်ပြန်လုပ်ရမှာ” ဟု မုဒုံမြို့နယ် ရောင်းဒေါင်းကျေးရွာရှိ လယ်သမားတစ်ဦးက ပြောသည်။

    “ရေကျသွားပြီးဆိုပေမယ့် စိုက်ထားတဲ့ ပျိုးပင်တွေ သေသလား ရှင်သလားဆိုတာရှိသေးတယ်၊ ဘာလို့လဲဆိုတော့ ပျိုးပင်တွေက ၁၀ ရက်ကျော်ကျော် ရေမြုပ်နေတာလေ၊ အပင်တွေ သေကုန်မယ်ဆိုရင်တော့ နောက်ထပ် ပျိုးပင် ထပ်ကြဲရအုံးမယ်၊ အချိန်ကြာအုံးမယ်” ဟု သူက ဆက်ပြောသည်။

    တချို့ စိုက်ပျိုးပြီးစီးသော လယ်ကွင်းများအတွက် မိုးကြီးမှုကြောင့် ပျိုးပင် ပျက်စီးမှုများရှိကာ နောက်ထပ်တစ်ကြိမ် ပျိုးပြန်ကြဲပြီး ပြန်စိုက်ရန်ရှိသည့်အတွက် နှစ်ကြိမ်ကုန်ကျခံရသည်။

    မုဒုံမြို့နယ်အတွင်းတွင် အများအားဖြင့် ကောက်ကြီးစပါးများ စိုက်ပျိုးကြပြီး လက်ရှိမှာ ကောက်ကြီးစပါးစျေးတင်းတစ်ရာအတွက် ၇ သိန်းဝန်းကျင်ရှိနေသည်။

    မိုးဦးမကျမီ ဧပြီလကုန်ပိုင်းမှ စပြီး လယ်သမားများ လယ်တောဆင်းပြီး လယ်ယာလုပ်ငန်းကို စတင်လုပ်ကိုင်ကြကာ မေလ ပထမအပတ်ခန့်က ပျိုးပင်စကြဲကြသည်။

     

     

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks